[zawgyi]
“ဘာ Game ကြီးလဲဗျ”
“VainGlory”
Basic & Map
Mobile Legends, Hero Evolved, Ace of Arenas တို့လို 5V5 Game မျိုးအဆော့များတဲ့သူတွေအတွက်ကတော့ Map ကိုအစပိုင်းမှာနည်းနည်း အမြင်စိမ်းနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Halcyon fold လို့ခေါ်တဲ့ Vainglory ရဲ့ မြေပုံက 3V3 Game မျိုးဖြစ်ပြီး တစ်လမ်းသွား Game ပုံစံမျိုးပါ။ Main Base နှင့် Turrets ငါးခုပါရှိပြီးတော့ လမ်းအောက်ဘက်မှာ ကြီးမားတဲ့ Jungle ပါရှိပါတယ်။ Map ရဲ့အလယ်တည့်တည့် Jungle Side နေရာမှာ သတ်ရင်ပိုက်ဆံရတဲ့ Gold Miner ရှိပါတယ်။ သူရွှေရှာလို့ပြည့်တဲ့အခါသတ်ရင် ပိုက်ဆံပိုရပါတယ်။ သတ်မှတ်တဲ့အချိန်တစ်ခုရောက်ရင်တော့ Gold Miner နေရာမှာ Kraken ဆိုပြီးတော့ အကောင်အကြီးကြီး တစ်ကောင်ပေါ်လာပါတယ်။ သူ့ကိုသတ်နိုင်ရင်တော့ ကိုယ့် Teammate အနေနဲ့ Enemy Turrets တွေကိုကူပြီးချိုးပေးပါတယ်။
HEROES
GAME MODES
Daily & Cards
System
[unicode]
“MOBA Game တွေကို ကြိုက်လွန်းလို့ အစုံကူးပြီးလိုက်ဆော့ပါရဲ့ ဒါပေမယ့် အကုန်လုံးက Hero တွေ Map တွေ Item တွေက ဆင်တူနေတော့ ဆော့ရတာပျင်းတောင်ပျင်းလာတယ်ကွာ”
“ညေး….အဲ့ဒါဆိုရော့ ဒီ Game လေးစမ်းဆော့ကြည့်”
“ဘာ Game ကြီးလဲဗျ”
“VainGlory”
မနေ့က ရပ်ကွက်ထဲက ကလေးတွေက MOBA Game တွေက Map တွေဆင်တူလို့ ဆော့ရတာ ပျင်းတယ်ဆိုပြီး ငြီးသံကြားလို့ ကိုယ်လဲ မနေနိုင်မထိုင်နိုင် Gamer အချင်းချင်းဆိုတော့ Vainglory Game လေး shed some light ပေါ့ဗျာ….အလင်းပြလိုက်တာ။ Vainglory Game ရဲ့ Map က တော်တော်များများ MOBA Game Map တွေနဲ့ ကွဲထွက်နေတဲ့ အချက်လေးက ထူးခြားမူအရှိဆုံးနှင့် စွဲဆောင်မူအရှိဆုံးအချက်ဗျ။
ပြီးတော့ Game Control ကလဲ Joystick Control မဟုတ်ပဲ Screen Touch Interface Control (လက်နဲ့ထောက်သွားရုံပဲ) ဖြစ်တဲ့အတွက် ကိုယ်လိုချင်တဲ့ Target ကို ကောင်းကောင်း Select လုပ်လို့ရပါတယ်။ အခုစာဖတ်နေတဲ့သူတွေထဲမှာရော Vainglory ဆော့နေတဲ့သူတွေပါ ကြပါလိမ့်မယ်။ ဆော့နေလက်စ သူတွေကရော အထူးတလည်ညွှန်းစရာလိုမယ်မထင်ပါဘူး။
ဒီ post ကတော့ Vainglory Game ရဲ့ မိတ်ဆက်အနေနဲ့ပဲရေးလိုက်တာပါ။ ကိုယ်တိုင်ဆော့ဖြစ်တာတော့ကြာနေပေမယ့် အခုမှ လျှာရှည်ကြည့်တဲ့ သဘောပေါ့။
Super Evil Megacorp ကနေ ၂၀၁၄ နိုဝင်ဘာလမှာ iOS မှာစတင်ဖြန့်ချီခဲ့ပြီး ၂၀၁၅ ဇူလိုင်လ မှ Android အတွက်ထွက်ရှိလာခဲ့တာပါ။ ထွက်ရှိထားတာကြာပြီ ဖြစ်တဲ့အတွက် Game အဟောင်းကြီးဆိုပြီး နှာခေါင်းရူံမနေပါနဲ့ဗျာ။ MOBA တွေရဲ့ ထုံးစံအတိုင်း ထွက်တာကြာလေ Hero စုံလေ Error ကင်းလေ ဖြစ်တဲ့အတွက် ဆော့ရတာအဆင်ပြေစေပါတယ်။
Basic & Map
HEROES
GAME MODES
၅ မိနစ်အတွင်းမှာ Hero Kill 15 ကောင်ပြည့်ရင်နိုင်တဲ့ Blitz Mode ၊
Battle Royale လိုခေါ်တဲ့ တောတိုးလို့မရ ပစ္စည်းကလဲ သေမှဝယ်လို့ရတဲ့ Enemy Main Base ကိုချိုးနိုင်မှနိုင်တဲ့ Mode၊
နောက်ဆုံးကတော့ Party Mode ဆိုပြီး Fri တွေနဲ့ချိတ်ပြီး ကြိုက်နှစ်သက်ရာရွေးချယ်ဆော့ လို့ရတဲ့ Mode ရယ်ဆိုပြီးတော့ ပေးထားပါတယ်။ Rank ဆော့ချင်ရင်တော့ Account Level 10 နှင့် Hero 8 ကောင်ပိုင်ဆိုင်မှဆော့လိုရမှာပါ။
Daily & Cards
System
Game Source File Size က 700MB နီးပါးရှိတဲ့အတွက် Game Graphic ပိုင်းကတော့ဗျာ ပြောနေစရာကိုမလိုတော့ပါဘူး။ တကယ့် Mobile Gaming ရသ ကိုခံစားချင်သူတွေအတွက်ကတော့ ဒီ 700MB ဆိုတာက တန်ပါတယ်။ အခုအချိန်မှာ အဟော့ဆုံးဖြစ်နေတဲ့ Mobile Legends Game နှင့် ဘယ်သူကပိုသာလဲ ယှဉ်ပြပါဆိုရင်တော့ Heroes ပိုင်းဆိုင်ရာ Vainglory ကသာပြီးတော့ UI ပိုင်းမှာတော့ ML က ပိုကောင်းပါတယ်။ Lightest Game အနေနှင့် ML ကသာပင်မဲ့ Graphic ကတော့ VG ကပိုသာပါတယ်ဗျာ။ ML က Easy to Play ဖြစ်ပင်မဲ့ Better Developed အပိုင်းမှာ VG ကပိုကောင်းပါတယ်။ အဲ့ဒီတော့ RED Player ရဲ့ညီအကိုမောင်နှမ တွေကို စမ်းဆော့ကြည့်ပါလို့တိုက်တွန်းချင်ပါတယ်ဗျာ။ နောက်ရက်တွေမှာတော့ အချိန်ရတဲ့အခါ Map, Jungle, Hero Talents Upgrade, Items တွေအကြောင်းကို အလျှဉ်းသင့်သလို ဆက်ရေးသွားပါ့မယ်။ သူ့မှာ Tournment (official site) ကောင်းကောင်းနဲ့ ပွဲကောင်းကောင်းတွေလည်းရှိပါတယ်။ နောက်ရက် ဆက်ကြတာပေါ့ဗျာ။ download အတွက်ကတော့…