တရုတ်နိုင်ငံမှာအစမ်းဖြန့်ချိတာကိုပိတ်လိုက်ပြီးနောက် Mobile Suit Gundam Battles ဂိမ်းကိုမိုဘိုင်းဗားရှင်း အဖြစ်နောက်နှစ်မှာအင်္ဂလိပ်စကားပြောနိုင်ငံတွေကိုဖြန့်ချိသွားမှာဖြစ်တယ်လို့ Bandai Namco ကထုတ်ပြန် ကြေညာခဲ့ပါတယ်။
Developer ကတော့ နာမည်ကျော် Bandai Namco (Shanghai) ဖြစ်ပြီး လောလောဆယ် တရုတ်မှာ Alpha test စမ်းသပ်နေဆဲဖြစ်ပါတယ်။ PS4 မှာကစားနိုင်တဲ့ Verson ကတော့ Gundam Versus ဂိမ်းဖြစ်ပြီးမိုဘိုင်းမှာဆိုရင်ဂိမ်း size ပိုသေးသွားမှာဖြစ် ပါတယ်။ Gundam Versus ဂိမ်းမှာ ကွဲပြားတဲ့ characters ၁၀၀လောက်ပါဝင်လာမှာဖြစ်ပါတယ်။ Gundam Battles မှာတော့ မုလ Mobile Suit Gundam series ကနေ နောက်ဆုံးဖြစ်တဲ့ Gundam Iron-Blooded Orphans အထိအသုံးပြုနိုင်မယ့်လက်နက်အမျိုးစုံ၂၁မျိုးကိုအသုံးပြုနိုင် မှာဖြစ်တယ်လို့ဆိုပါတယ်။
အဲ့ဒီဂိမ်းကိုအွန်လိုင်းမှာ 3v3, Story mode၊ Arena mode၊ Battle mode တို့ ပါဝင်လာမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီဂိမ်းကိုအခမဲ့ကစားလို့ရမရဆိုတာကိုတော့ Bandai Namco ကထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ Gundam Battles ဂိမ်းကို၂၀၁၈ခုနှစ်အတွင်း IOS နဲ့ Android တို့မှာကစားနိုင်မယ်လို့မျော်လင့်နေကြပါတယ်။