Gameloft ဆိုတာ ကျွန်တော်တို့တွေနဲ့ သူစိမ်းတွေ မဟုတ်လှပါဘူး၊ ဟိုးအရင် java phone တွေမှာကတည်းက ရင်းနှီးလာခဲ့ပြီးသားပါ။ ဒီနောက်ပိုင်း android တွေမှာဆိုရင်လည်း Order & Chaos online တို့၊ Asphalt series တွေ၊ Nova တို့လို ဂိမ်းမျိုးတွေ၊ Dungeon Hunter series တွေကို ပါ ထုတ်ခဲ့တဲ့ နာမည်ကြီး ဂိမ်း ထုတ်လုပ်သူတစ်ဦးဖြစ်ပါတယ်။ အခု Modern Combat ဆိုတာကလည်း ရင်နှီးပြီးသား series တစ်ခုပါ၊ ဒါပေမယ့် ဒီတစ်ခါတော့ အရင် ဂိမ်းတွေနဲ့ လုံးဝခွဲထွက်ပြီးတော့ လက်ရှိ console ဈေးကွက်ထဲမှာ ခေတ်စားနေတဲ့ si-fi shooter ကို အသားပေးလာတာတွေ့ရပါတယ်။ multiplayer ကိုပေါင်းထည့်ပြီးတော့ပေါ့။
[Gameloft, modern combat versus]Call of Duty ပုံစံ နီးနီးစပ်စပ် ယူထားပြီးတော့ လက်ရှိ consle တွေမှာ HOT ဖြစ်နေတဲ့ titanfall, overwatch တို့ကို အတော် မှီးထားသလိုပါပဲ။ battle တွေက 4v4 (တစ်သင်း ၄ ယောက်စီ) ဖြစ်ပြီးတော့ ဧရိယာ သိမ်းထားရတဲ့ ပွဲတွေပါပဲ။ အရင် ထွက်ခဲ့တဲ့ modern combat တွေထက်စာရင်တော့ ကစားရတာ သွက်လက်တယ်လို့ထင်ပါတယ်။ ထုံးစံအတိုင်း ကျွန်တော်ကတော့ PvP မကောင်းပဲ RPG ပဲအဆော့များတဲ့ သူဆိုတော့ အရင်ဆုံး campaign mode ကိုရှာကြည့်ပါသေးတယ်။ မပါဘူးဗျ။ tutorial ကိုတော့ ကောင်းကောင်းပြပေးထားပါတယ်။ ချိန် ပစ်ရတဲ့ အခါ aim-down လုပ်လို့ရအောင် လုပ်ပေးထားတာတွေ့ရတယ်။ Special power သုံးရတာတော့ ipad မှာသိပ် အဆင်မပြေချင်ဘူး၊ screen ရဲ့ အလယ်ကို လှမ်းနှိပ်ရတာက တကယ်ကို ကသိကအောက်ဖြစ်ပါတယ်။ auto-shoot ဖြစ်ပြီးတော့ ff မရှိပါဘူး။ ဒါကတော့ mobile game တွေရဲ့ FPS တွေမှာ မဖြစ်မနေ ထည့်ရတဲ့ feature တစ်ခုပဲဖြစ်နေတုန်းပါပဲ။
campaign မပါလာတာက multiplayer shooter ဖြစ်တဲ့ အတွက် သိပ်တော့ အရေးမကြီးဘူးလို့ပဲထင်လိုက်ပါတယ်။ ကျွန်တော့ သဘောအရဆိုရင် တော့ ပါစေချင်ပေမယ့်၊ donwload လုပ်ရတဲ့ file size ပိုကြီးသွားမှာစိုးလို့နဲ့ တူပါတယ်။ အခုတောင်မှ 2.1GB ဆိုတော့ တစ်ချို့ အတွက်တော့ အလှမ်းဝေးနိုင်ပါသေးတယ်။
[Gameloft, modern combat versus]Graphic ပိုင်းမှာတော့ mobile game တစ်ခုအနေနဲ့ ထိပ်ဆုံးတန်းမှာရှိပါတယ်။ အရင် အစောပိုင်း PS3 တွေလောက်ကိုကောင်းပါတယ်။ တစ်ခုပဲ အားနည်းတာက ပေးထားတဲ့ hero ကလွဲပြီး ထပ်လိုချင်ရင် ဝယ်ရမှာက ဈေးကြီးပါတယ်။ နောက်တစ်ခုက exp ရဖို့အတွက်က drop နဲ့သွားရတာဆိုတော့ အရမ်းကြီးတော့ ကောင်းတယ် ပြောလို့မရပါဘူး။ သူက character ကိုအမိုက်စားဖြစ်ချင်ရင် ဝယ်ဆော့ဆိုတာမျိုးတော့ ဖြစ်နေတာပါပဲ။
နောက်ဆုံးတစ်ခုကတော့ wifi နဲ့ကစားတာကပို အဆင်ပြေပါလိမ့်မယ်၊ဆော့ဖြစ်တာတော့ ipad pro 9.7 နဲ့ပါ။ mobile data နဲ့ပဲဆော့ရင် စက်တော့နည်းနည်းပူလာပါတယ်။ နောက်ထပ် content တွေထပ်လာဦးမယ်ပြောထားတော့ ဝယ်ဆော့ဖြစ်မယ်ဆိုရင်တောင် နောက်ဘာတွေထပ်လာဦးမလဲကြည့်ပြီးမှပဲ ဝယ်သင့်မသင့် စဉ်းစားသင့်ပါတယ်။
Like this:
Like Loading...
Related