NFS ကိုတော့ Racing game ကို ရူးသွပ်သူတွေ သိကြမှာပါ။ အခု နိုဝင်ဘာလ ၁၀ ရက်နေ့ မှာ ထွက်ရှိလာမယ့် “Need For Speed Payback” ကို Ghost Games က develop လုပ်ပြီး Electronic Arts(EA) က ဖြန့်ချီ ပေးထားပါတယ်။ Platform ၃ခု ဖြစ်တဲ့ (Playstation 4, Xbox One နဲ့ Microsoft Windows) ပေါ်မှာ ကစားနိုင်မှာပါ။။ ဇာတ်လမ်း အကျဉ်း ကတော့ Casino လောင်းကစားတွေ ရှိတဲ့ “Fortune Valley” လို့ အမည်ရတဲ့ သဲကန္တာရမြို့လေး ကို အခြေခံ ထားပါတယ်။ အဲဒီ မြို့ကို အုပ်စိုးခြယ်လှယ်နေ တဲ့ ဒုစရိုက်သမား “Cartel” ကို racers ၃ယောက်ပေါင်းပြီး ပြန်လည် တော်လှန်ကြတဲ့ ပုံစံ မျိုး သရုပ်ဖော်ထားပြီး ဇာတ်လမ်းအစမှာ Ford Mustang GT ပြိုင်ကား ကို အသားပေးထားပါတယ်။
NFS ရဲ့ ထုံးစံ အတိုင်း သူ့ ဇာတ်လမ်း အသွားအလာ လေးတွေမှာ မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေ၊ အလှည့်အပြောင်းလေးတွေ ကြောင့် racers တွေ အကြိုက်တွေ့မှာပါ။ ဒီ NFS payback မှာ တော့ off-road driving (လမ်းကြမ်း မောင်းခြင်း) ကို ထပ်အားဖြည့်ထားပြီး car customization (မိမိကား ကို စိတ်ကြိုက်ဖန်တီးနိုင်ခြင်း) ကို ၂၀၁၅ မှာ ထွက်ရှိ ခဲ့တဲ့ “Need For Speed” ထက် ပိုပြီး အသေးစိပ် စိတ်ကြိုက်ဖန်တီးခွင့် တွေ ပေးထားပါတယ်။ အဲဒါကလည်း အကြောင်းရှိပါတယ်။ ဒီ ဂိမ်းထဲက တစ်ချို့အပိုင်းတွေမှာ ပြိုင်ပွဲပုံစံမျိုးတွေရှိပြီး ပြိုင်ကားရဲ့ performance level တွေသတ်မှတ်ထား ပါတယ်။ အဲဒီ သတ်မှတ်ထားတဲ့ level နဲ့ ကိုက်ညီမှ ဝင်ပြိုင်လို့ရမှာပါ။
Graphic ပိုင်း က တော့ အထူးအလည် ပြောစရာ မလိုတော့ဘူး ထင်ပါတယ်။ ပြိုင်ကား တွေ၊ ရာသီဥတုပြောင်းလဲမှု၊ ဇာတ်ကောင်တွေ နဲ့ မြို့ပြ၊ ဆင်ခြေဖုန်းနေရာ တွေကအစ အသေးစိပ် ပုံဖော်ထားတာ တွေရမှာပါ။ နောက်ထပ် စိတ်ဝင်စားစရာ တစ်ခု က ရဲကားတွေပါ။ ပြိုင်ကားဂိမ်း မှာ ပါဝင်နေကြ ရဲကားတွေဆိုပေမယ့် NFS payback မှာ တော့ ရဲကားတွေ ရဲ့ AI စနစ် ကို တော်တော်လေး အဆင့် မြှင့်ထားပါတယ်။ ရဲကား လိုက်ဖမ်းပြီဆိုရင်တော့ တော်ရုံ လွတ်ဖို့ မလွယ်တော့ပါဘူး။ AI ရဲကားတွေ က တကယ့်လူ နီးနီး performance ကောင်းနေပြီး အမိအရလိုက်ဖမ်းမှာ ဆို တော့ စိန်ခေါ်မှု များစွာနဲ့ ကစားလို့ ကောင်းမှာ အမှန်ပါဘဲ။ အချုပ်ဆိုရရင် ဇာတ်လမ်းပိုင်းမှာကော၊ graphic အသွင်အပြင် ဖန်တီးမှု အနေ နဲ့ရော၊ NFS fan တွေရဲ့ အကြိုက် Ghost Games က သေချာ အချိန်ယူပြီး အသေးစိပ်ဖန်တီးထားတဲ့ ဂိမ်း ဖြစ် တဲ့ အတွက် racing gamers တွေ အတွက် လက်မလွှတ်သင့်တဲ့ ဂိမ်း တစ်ခုလို့ ပြောချင်ပါတယ်။
Source : trustedreviews,IGN