မကြာသေးခင်က Dead Space developer Visceral ကိုပိတ်လိုက်ခြင်းနဲ့စတားဝါးဂိမ်းကိုပြန်လည်ပြင်ဆင်ဖို့စီမံတာဟာအနည်းဆုံးတော့ EA လိုအရေးပါတဲ့ developer တွေဆီက single-player game တွေရဲ့အနာဂတ်ကိုမရေမရာဖြစ်စေပါတယ်။EAရဲ့ဦးစားပေးရည်မှန်းချက်တွေ ဘာကြောင့်အပြောင်းလဲဖြစ်ရတာလဲဆိုတာကိုအရင် BioWare ဂိမ်းဖန်တီးသူတစ်ယောက်ကဖွင့်ဟထားပါတယ်။
အဲ့ဒီပုဂ္ဂိုလ်ကတော့မကြာသေးခင်က Waypoint ရဲ့ podcast တစ်ခုမှာပြောသွားတာဖြစ်ပါတယ်။ သူကတော့ BioWare မှာ ၇နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ Manveer Heir ဖြစ်ပါတယ်။ Mass Effect 3 နဲ့Mass Effect Andromeda တို့ကိုရေးသားခဲ့သူတွေထဲမှာ တစ်ယောက်အပါဝင်ဖြစ်ပါတယ် ။နောက်ထွက်လာမယ့် Star Wars Battlefront II မှာတော့ single-player မရှိတော့ပဲ mmultiplayer ပုံစံမျိုးတွေပဲ ဖြစ်လာမှာဖြစ်တယ်လို့ သူကပြောပါတယ်။ အဲ့ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ အဲ့ဒီလိုမျိုးဂိမ်းတွေကနေငွေရှာချင်တာကြောင့်ပါတဲ့။ ဒါကြောင့်လည်း Mass Effect 3’s multiplayer မှာ card packs တွေကိုစတင်ထည့်သွင်းထားတာလို့ပြာသွားပါတယ်။
အဲ့ဒီဂိမ်းတွေထဲမှာအသုံးပြုထားတဲ့စကားလုံးတွေကတော့ထပ်တလဲလဲပြန်ဆော့ပါ၊ပြန်လာပါဆိုတဲ့စကားလုံးတွေပဲတွင်တွင်သုံးထားတာပါ။EA အနေနဲ့အဲ့ဒီလိုဘာကြောင့်ရေးထားရတာလဲ။ Mass Effect games မှာ card packsတွေကိုဝယ်ဖြစ်ကြအောင်ပါတဲ့။ Player တွေအနေနဲ့နာရီ ၆၀ကနေနာရီ၁၀၀လောက်ဆော့တာထက်ဂိမ်းကိုမှန်မှန်ပြန်ကစားနေစေဖို့ဖြစ်တယ်လို့သိရပါတယ်။
အဲ့ဒီဂိမ်းတွေထဲမှာ card packs ရောင်းတာတွေလို (microtransiion) အသေးစားရောင်းဝယ်တာတွေထည့်သွင်းထားတာဟာဂိမ်းထုတ်သူအနေနဲ့အဲ့ဒီဂိမ်းကနေငွေတွေ ရဖို့ရည်ရွယ်တာဖြစ်တယ်လို့ Heir ကပြောပါတယ်။ကစားသူတွေအနေနဲ့ ဂိမ်းအတွက် USD1,500 လောက်သုံးကြရတဲ့အနေအထားဖြစ်လာပါတယ်။
Mass Effect 3 multiplayer မှာ microtransactions တွေကိုထည့်ပေးလိုက်တဲ့အခါငွေတွေထူးထူးခြားခြားရလာတွေ့ရတယ်လို့သူကပြောသွားတာပါ ။ဒါကြောင့်EA ဂိမ်းအများစုဟာငွေရှာမယ့် multiplayer ဂိမ်းတွေအဖြစ်ပုံစံပြောင်းလာပါလိမ့်မယ်တဲ့ဗျာ။
နောက်ဆုံး Dragon Age လည်း muitiplayer ဖြစ်လာတော့တာပါပဲ မဟုတ်လား။
source : gamespot