ဂိမ်းတွေဟာ တစ်ရက်တစ်ရက် မရိုးရအောင် တစ်မျိုးပြီးတစ်မျိုးထွက်နေပါတယ်။ နေ့စဉ်နဲ့ အမျှ အသစ်တွေရှိသလိုအဟောင်းတွေရဲ့ expension တွေ mod တွေလည်းရှိပါသေးတယ်။ Sequel တွေလည်းအများသားမဟုတ်လား။
အခုဆိုရင် ထွက်တာ သိပ်မကြာသေးပဲ နောက်ထပ် sequel ထွက်တော့မလားမေးခံရတဲ့ ဂိမ်းတွေရှိလာပြီဆိုပါတော့။ PUBG (Playerunknown’s Battleground) ပဲဖြစ်ပါတယ်။ Player တွေထဲမှာတော့ သိပြီးသားသူများပါလိမ့်မယ်။ PUBG အနေနဲ့ IGN နဲ့တွေ့ဆုံတဲ့ အခါ သူ့ရဲ့ developer နဲ့တွေ့ဆုံတဲ့ အချိန်ပြောထားတဲ့ နောက်ဆက်တွဲ အစီအစဉ်တွေကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။
PUBG ရဲ့ developer ဖြစ်တဲ့ Brendan Greene (Playerunknown) ကိုယ်တိုင်ကတော့ ဒီဂိမ်းက service တစ်ခုအနေနဲ့ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ နောက်ဆက်တွဲ sequel အဖြစ် ဥပမာ- PUBG 2 လိုကိစ္စမျိုးထွက်လာစာရာ မရှိဘူးပြောပါတယ်။ လက်ရှိမှာတော့ သူတို့အနေနဲ့ ထပ်မံဖြည့်စွက်စရာ မြေပုံတွေ၊ လက်နက်တွေနဲ့ ၊ နောက်ထပ် စိတ်ကူးတွေရှိသေးတယ်ပြောပါတယ်။
Microsoft ကလည်း မကြာခင်မှာပဲ Xbox One မှာ PUBG ရနိုင်တော့မယ်ပြောထားပြီး ဘယ်တော့ ထွက်လာမလဲ တော့ ရက်သေချာမပြောသေးပါဘူး။
ဘယ်လိုပဲပြောပြောပါ၊ တစ်ချိန်မှာတော့ PUBG 2 လုံးဝမရှိဘူးလို့တော့ မပြောနိုင်ဘူးမဟုတ်လား။ PUBG ကို မြည်းစမ်းကြည့်ချင်သူတွေအတွက်ကတော့။
source: IGN