ကမ္ဘာကျော်လုပ်ငန်းကြီးတွေဟာလျို့ဝှက်ပြီးသိရခက်တတ်ပါတယ်၊ မနေ့ကပဲ Sony Music Entertainment က ဂျပန် indie game တွေကိုပဲထုတ်လုပ်မယ့် Unties ကိုဈေးကွက်ကြေငြာခဲ့ပါတယ်။
ခုဏကလျှို့ဝှက်တယ်လို့ပြောမိတယ်မလား၊ ဟုတ်တယ်၊ ဒီလို Indie game တွေထုတ်မယ်ဆိုဖြစ်သင့်တာက Sony Computer Entertainment နဲ့ Sony Online Entertainment တို့ကပဲဖြစ်သင့်တာမဟုတ်လား၊ အခုတော့ ဒီလို မဟုတ်ပဲ Sony Music ကတဲ့ဗျာ။
တံဆိပ်ကတော့ Unties တဲ့၊ ဟုတ်ပါတယ်။ သူ့ရဲ့ indie game အများစုက PC အတွက်လာမယ်ပြောပါတယ်။
ဂျပန်နိုင်ငံထဲမှာတင်မကပဲ ဈေးကွက်ရှိနေပြီးသား indie game အမျိုးအစားတွေကို Unties ကထိုးဖောက်ချဲ့ထွင်ချင်တာ ဖြစ်တယ်လို့  Sony Music Entertainment ကပြောပါတယ်။ Unties ရဲ့ game ဂိမ်းအားလုံးက ဂျပန်ဂိမ်းတွေ မဟုတ်ကြပေမယ့်အများစုကတော့ ဂျပန်သာသာစကားနဲ့ ဂိမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီဂိမ်းတွေထဲက၄ခုကိုထုတ်ပြန်ပေးခဲ့ရာမှာ၂ခုကတော့အက်ရှင်ဂိမ်းတွေဖြစ်ပါတယ်။
အရင်ဆုံးထွက်လာမယ့်ဂိမ်းကတော့ Area35 ရဲ့  Tiny Metal ဂိမ်းဖြစ်ပြီးနိုဝင်ဘာ၂၁ရက်နေ့ မှာထွက်လာမှာဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ်ဂိမ်းတစ်ခုကတော့ 3D action game ဖြစ်တဲ့ Last Standard ဖြစ်ပြီးအဲ့ဒီဂိမ်းကိုဘယ်နေ့ မှာထုတ်ပြန်မယ်ဆိုတာ ထုတ်ပြန်ကြေညာခြင်း မပြုသေးဘူးလို့ ဆိုပါတယ်။
PC မှာကစားနိုင်မယ့်အခြား Unties game ကတော့ Merkava Avalanche ဖြစ်တယ်လို့ ဆိုပါတယ်။
WinterCrownWorks ကရေးတဲ့ mecha action game တစ်ခုဖြစ်ပါတယ်။
Source : Sony