Dota 2 ထဲက Hero Lore တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ Gods တွေဆိုတာ ရှိပါတယ်။ သက်ဆိုင်ရာ ဟီးရိုးတွေ အပေါ်မူတည်ပြီး Gods တွေဟာ စုစုပေါင်း ၃၁ ယောက်ရှိပါတယ်။ ဒီမှာတော့ အဲ့ဒီ Gods တွေ အကြောင်းနဲ့ ပတ်သက်တဲ့ ဟီးရိုးတွေ အကြောင်းကို ဖော်ပြပေးသွားမှာပါ။
1. Ascendants
Ascendants တွေဆိုတာ လျှို့ဝှက်တဲ့ အဖွဲ့အစည်းဖြစ်ပြီးတော့ ဘယ်သူနဲ့မှ မတူတဲ့ ဘာသာစကားကို ပြောကြတဲ့ လူတစ်စုဖြစ်ပါတယ်။ Mercurial (Spectre) တစ်ယောက်ဘဲ သူတို့ အကြောင်းကို သိပြီးတော့ သူကိုယ်တိုင် အဲ့အဖွဲ့အဝင် ဖြစ်ချင်ခဲ့ပါတယ်။
2. Avilliva
Avilliva ဆိုတာက Skywrath တွေရဲ့ Gods ဖြစ်ပါတယ်။ သူကတော့ Bloody Pinions တွေကို ကိုယ်စားပြုပါတယ်။ နေထိုင်တာကတော့ Skywrath တွေရဲ့ မြို့တော် ဖြစ်တဲ့ Ghastly Eyrie မှာ ပါ။ ပတ်သက်နေတဲ့ Hero တွေကတော့ Vengeful Spirit နဲ့ Skywrath Mage ဘဲဖြစ်ပါတယ်။
3. Belladonna
Belladonna ကတော့ The Three Shades ထဲက တစ်ယောက်ဖြစ်ပြီး သူမဟာ လူသားတွေရဲ့ သူငယ်အိမ်ကို ကြီးစေပြီး မမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်စေမဲ့ အစွမ်းကို ပေးနိုင်ပါတယ်။ ဆက်နွယ်နေတဲ့ ဟီးရိုးတွေကတော့ Templar Assassin နဲ့ Bane ဘဲဖြစ်ပါတယ်။
4. Brewmaster’s Father
5. Burning Celestial
6. Celestials
Celestials တွေဟာ Dota2 World ထဲမှာရှိတယ် Gods အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ သက်ရှိတွေနဲ့ ပြောဆိုဆက်ဆံကြပြီး တစ်ခါတစ်ရံ မျိုးပွါးခြင်းထိပါ ပြုလုပ်ကြပါတယ်။ သူတို့ကို သူတို့မှာရှိတဲ့ Element တွေအပေါ်မှာ မူတည်ပြီးခွဲခြားကြပါတယ်။ ဥပမာအားဖြင့် Fire , Earth , နဲ့ Lightning တို့ဘဲဖြစ်ပါတယ်။
7. Clasz
8. Dark Ones
Dark Ones ဟာ နာမည်မသိရတဲ့ အဖွဲ့ အစည်းတစ်ခုဖြစ်ပါတယ်။ Slark ဟာ သူတို့နဲ့ စာချုပ် ကို ချုပ်ဆိုခဲ့ပြီး စာချုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာကိုတော့ မသိရပါဘူး။