Nintendo Switch ရဲ့ update အသစ်ဖြစ်တဲ့ 4.0 မှာ အလွန်အသုံးဝင်မယ့် video capture နဲ့ save game transfers တို့ပါဝင်လာမှာဖြစ်တယ်လို့ Nintendo Life ကပြောပါတယ်။ Wireless headphone လည်းရပါပြီ။
ဒါပေမယ့် video capture နဲ့ပက်သက်လို့အခြားဂိမ်းတွေမှာလုပ်လို့မရသေးဘဲ Nintendo ကရေးတဲ့ဂိမ်းတွေ ဖြစ်တဲ့ The Legend of Zelda: Breath of the Wild (version 1.3 onwards), Mario Kart 8 Deluxe (1.3 onwards), Splatoon 2 (1.2 onwards) and Arms (3.1 onwards) တို့မှာပဲရနိုင်ဦးမှာဖြစ်ပါတယ်။
video capture ကို manual လုပ်ဖို့မကြာသေးခင်ကအဲ့ဒီဂိမ်းဗားရှင်းတွေ ရဲ့ suggests software တွေရှိရဦးမှာပါ။
ဒါပေမယ့် Switch console အချင်းချင်းဂိမ်းအချက်အလက်တွေကိုသိမ်းဆည်းတာ၊ဂိမ်းဆော့သူရဲ့ပရိုဖိုင်းပြောင်းတာစတာတွေကိုတော့ရိုးရိုးရှင်းရှင်းလုပ်လို့ရပါလိမ့်မယ်။
Update ပေးရာမှာပါဝင်လာတဲ့နောက်ထပ် feature သစ်တစ်ခုကတော့ Nintendo ရဲ့ digital eShop ကနေဂိမ်းတချို့ရဲ့Item တွေကိုဝယ်နိုင်လာတာပဲဖြစ်ပါတယ်။
ဂိမ်းကစားသူအနေနဲ့လည်းမိမိရဲ့user profile ကိုဂိမ်းထဲက ဇာတ်ကောင်တချို့ရဲ့ပုံတွေထည့်ပြီးပြောင်းနိုင်တာကိုလည်း update ပေးရာမှာပါဝင်လာတဲ့ feature အသစ်တစ်ခုဖြစ်ပါတယ်။ လွယ်ကူတယ်ဆိုပေမယ့် ကိုယ့် console နဲ့တော့ နီးနီးနားနားဖြစ်မှရမပေါ့နော။
တောင့်တနေတဲ့ cloudsave တော့မရနိုင်သေးပါဘူး။