[zawgyi]
ကြၽန္ေတာ္တို႔ Dota 2 hero lore ေတြကို အေပ်ာ္အျဖစ္ ေဖာ္ျပတဲ့အခါမွာ Comment Section မွာ DotA နဲ႔ မတူဘူးေနာ္ ဘာညာ ဆိုတာကို ေတြ႕ရပါတယ္။ ကြၽန္ေတာ္တို႔လည္း တတ္ႏိုင္သေလာက္ ရွင္းျပေပမဲ့ လူတိုင္းကို ရွင္းျပဖို႔ မလြယ္ကူတဲ့အတြက္ေၾကာင့္ ဒီပိုစ့္ကို ေရးျဖစ္တာပါ။ ဘာမွမေျပာျဖစ္တာထက္စာရင္ ဒီ စာကေတာ့ အေထာက္အကူျဖစ္မယ္ထင္ပါတယ္။ comment တိုင္း message ေတြတိုင္းကို အခ်ိန္ေပးၿပီး မျပန္ႏိုင္တာလည္း ပါပါတယ္။
စာေတာ့ရွည္ပါလိမ့္မယ္။ လုံးဝမသိေသးတဲ့ သူေတြကေန ေရးေတးေတးျဖစ္ေနတဲ့ သူေတြအတြက္ပါ ရည္႐ြယ္လိုက္ပါတယ္။ အစီအစဥ္ အလိုက္ Warcraft, DotA, Dota 2 ဆိုၿပီးေတာ့ ခြဲေပးလိုက္ပါတယ္။
Warcraft
Warcraft ကေတာ့အားလုံးရဲ႕ အစလို႔ေျပာရမယ္ထင္တယ္။ 1994 မွာထုတ္ခဲ့တာျဖစ္ၿပီးေတာ့ developer က Blizzard Entertainment ျဖစ္ပါတယ္။ သိပ္ေစာလြန္းေနေသးတဲ့ အတြက္ အငယ္ေတြကေတာ့ သိခ်င္မွသိပါလိမ့္မယ္၊ ဒါမွမဟုတ္ ေဆာ့ျဖစ္ခဲ့တဲ့ သူေတြလည္းရွိပါလိမ့္မယ္။ local မွာေနၿပီး အဲ့ဒီအခ်ိန္တုန္းက ေဆာ့ျဖစ္ခဲ့တယ္ဆိုရင္ေတာ့ အခုဖတ္ေနတဲ့ ခင္ဗ်ားက early gaming ကိုမွီခဲ့တဲ့ အတြက္ ဂုဏ္ယူပါတယ္လို႔ေျပာပါရေစ။
World of warcraft (wow) တစ္ခုလုံးျဖစ္လာဖို႔ တည္ေဆာက္ထားတဲ့ အဓိက ဂိမ္း ၅ခုရွိပါတယ္။
Warcraft :Orcs & Humans
Warcraft II: Tides of Darkness
Warcraft III: Reign of Chaos
World of warcraft
Hearthstone
ဒီဂိမ္း ၅ခုေပါင္းမွသာ wow ရဲ႕အႏွစ္သာရျဖစ္ပါလိမ့္မယ္။ အေစာပိုင္းထုတ္လုပ္ခဲ့တဲ့ နံပါတ္ (၃) အထိကေတာ့ real-time strategy game ေတြပဲျဖစ္ပါတယ္။ Warcraft II မွာ Beyond the dark portal နဲ႔ III မွာေတာ့ The Frozen Throne ဆိုတဲ့ Expension ေတြရွိခဲ့ပါတယ္။
ဇာတ္လမ္းအက်ဥ္းကေတာ့ ဒီလိုပါ။ Warcraft ရဲ႕ကမာၻက Azeroth ဆိုတဲ့ ကမာၻမွာ ဇာတ္အိမ္တည္ေဆာက္ ထားတာျဖစ္ၿပီးေတာ့ High-fantasy အယူအဆမ်ိဳးျဖစ္ပါတယ္ (အလြန္အက်ဴးစိတ္ကူး ယဥ္ထားတာကိုေျပာတာ၊ glossary သြားမၾကည့္နဲ႔ေတာ့ မထည့္ရေသးဘူးဗ်)။ ကနဦးအစပိုင္းမွာ လူသားေတြေနထိုင္ေနတဲ့ Eastern Kingdoms ဆိုတဲ့ ေနရာေတြရယ္ Orcish Horde ဆိုတဲ့ တစ္ျခားကမာၻကေန (dark portal “ေအာက္လမ္းမုခ္ဝ” //ကိုယ္ထြင္တာလည္းမဟုတ္ေတာ့ ဒီလိုေရးလိုက္တယ္ဗ်ာ// ) ကိုျဖတ္ၿပီးေရာက္လာတဲ့ Orcs ေတြရယ္ ကမာၻစစ္ႀကီးျဖစ္ၾကတဲ့ အခ်ိန္ကစပါတယ္။ Orcs ေတြလာတဲ့ ကမာၻကေတာ့ Draenor ဆိုတဲ့ ကမာၻကလာတာပါ။ နံပါတ္ II မွာ demonic magic (ေအာက္လမ္းေမွာ္) ေတြေၾကာင့္ပ်က္စီးေတာ့မယ့္ ကမာၻတစ္ခုျဖစ္ပါတယ္။ warcraft I,II,III ၃ပိုင္းက တစ္ခုအဆုံးသတ္တဲ့ ေနရာကေန ေနာက္အပိုင္းမွာဇာတ္လမ္းဆက္ သြားထားပါတယ္။
လူသားေတြရဲ႕ ကမာၻ Azeroth ကဇာတ္လမ္းစတဲ့ အခ်ိန္မွာ အဓိက ကုန္းေျမတိုက္ႀကီး အျဖစ္ ၂ ပိုင္းပဲ ပါခဲ့တာပါ။အေရွ႕နဲ႔ အေနာက္တည္ရွိၿပီး great sea ဆိုတဲ့ ပင္လယ္ႀကီးျခားေနပါတယ္။ အလယ္မွာေတာ့ Maelstorm ဆိုတဲ့ အၿမဲမျပတ္ ျဖစ္ေပၚမုန္တိုင္းႀကီးတစ္ခုရွိပါတယ္။ ေနာက္ပိုင္း မွာေတာ့ Azeroth ကို ကြၽန္ေတာ္တို႔ကမာၻလိုပဲ ကုန္းေျမတိုက္ႀကီးေတြ ထပ္ထည့္ၿပီးေတာ့ Kalimdor, Northrend, Pandaria နဲ႔ Broken Isles ဆိုၿပီးတိုးပြားလာပါတယ္။ ေနာက္ထပ္ တစ္ျခား အဓိကပါဝင္လာေတာ့မယ္ မ်ိဳးႏြယ္စုေတြျဖစ္တဲ့ Nightelves, Tauren, dwarves, gnome, trolls ေတြအျပင္ forsaken, draenei စတဲ့ ေနာက္ခံ သမိုင္းေသေသခ်ာခ်ာရွိတဲ့ မ်ိဳးႏြယ္အမ်ားျပားကိုလည္း တျဖည္းျဖည္းမိတ္ဆက္ေပးလာခဲ့ပါတယ္။ မူလကတည္းကလည္း လူသားေတြေနထိုင္ရာ Stormwind, Dwarf ေတြရဲ႕ Khaz Modan စတာေတြကနာမည္ႀကီးေတြပါ။ ထားပါေတာ့ ဒါေတြကေတာ့ wow ကိုတကယ္ ကစားၾကည့္ေစခ်င္လာတာမ်ိဳးပါ။
ဒီလိုနဲ႔ 2004 မွာေတာ့ အရင္ realtime strategy ေတြအစား MMORPG ျဖစ္တဲ့ world of warcraft ကိစတင္ခဲ့ပါတယ္။ free online game တစ္ခုမဟုတ္ပဲ လစဥ္ေၾကးေပးရပါတယ္။ Update ေတြကိုေတာ့ ပုံမွန္ patch ေတြအေနနဲ႔ download လုပ္ရပါတယ္။ ကမာၻေပၚမွာ လစဥ္ေၾကးေပးၿပီး လူအမ်ားဆုံးေဆာ့တဲ့ MMORPG ျဖစ္ပါတယ္။ လစဥ္ေၾကးေပးထားတဲ့ Player အားလုံး ၁၂သန္း ေက်ာ္အထိ အျမင့္ဆုံးေရာက္ခဲ့ပါတယ္။ 2016 အထိ အားလုံးေပါင္း expension 6 ခုထြက္ရွိထားပါတယ္။ (ခုႏွစ္အလိုက္ ဇယားခ်ထားေပးပါတယ္။)
တကယ္ကေတာ့ Warcraft ကိုထုတ္လုပ္ခဲ့တဲ့ ၁၀ႏွစ္ျပည့္ တဲ့ေန႔ 10th November 2004 မွာ World of Warcraft ကိုျဖန႔္ခ်ိခဲ့တာပါ။
1994 Warcraft : Orcs & Humans
1995 Warcraft II : Tides of Darkness
1996 Warcraft II : Beyond the Dark Portalr
1999 Warcraft II : Battle.net edition
2002 Warcraft III : Reign Of Chaos
2003 Warcraft III : The Frozen Throne
2004 World of Warcraft
2007 World of Warcraft : The Burning Crusade
2008 World of Warcraft : Wrath of the Lich King
2010 World of Warcraft : Cataclysm
2012 World of Warcraft : Mists of Pandaria
2014 Hearthstone : Heroes of Warcraft
2014 World of Warcraft : Warlords of Draenor
2016 World of warcraft : Legion
တစ္ဆက္တည္းေျပာပါရေစ၊ wow အတြက္ သီးျခား boardgame, cardgame, Novels, comics, manga, magazine နဲ႔ 2016 မွာဆိုရင္ ႐ုပ္ရွင္တစ္ကားအထိထြက္ထားခဲ့ၿပီးပါၿပီ။
အေပၚကအကုန္လုံးကေတာ့ Warcraft, World of Warcraft ျဖစ္ပါတယ္။
DotA
ဒီမွာဆက္ရေအာင္။
Warcraft ရဲ႕ realtime strategy game 3 ခုမွာေနာက္ဆုံးျဖစ္တဲ့ Warcraft III မွာ expension အျပင္ Mod လည္းရွိပါတယ္။ Mod ဆိုတာမ်ိဳးကေတာ့ community ထဲကတစ္ေယာက္ေယာက္က (ဒါမွမဟုတ္ အဖြဲ႕တစ္ဖြဲ႕) ဒီဂိမ္းအတြက္ တစ္ျခားစိတ္ဝင္စားသူေတြပါေဆာ့လို႔ရေအာင္ သီးျခား ဖန္တီးထားတဲ့ အစိတ္အပိုင္းတစ္ခုပဲျဖစ္ပါတယ္။ မူလ developer နဲ႔ဘာမွမဆိုင္ပါဘူး။ အေျခခံေတြအားလုံးကေတာ့ မူရင္း ဂိမ္းကပဲယူတာပါ။ ဇာတ္ေကာင္ေတြ၊ အ႐ုပ္ေတြ၊ သူတို႔ရဲ႕ ေနာက္ခံဇာတ္လမ္းေတြ အကုန္တူတူပါပဲ။ သူ႔ကို Blizzard ရဲ႕ဂိမ္းတစ္ခုပဲျဖစ္တဲ့ Starcraft II ထဲမွာပါတဲ့ Aeon of Strife ဆိုတဲ့ ေျမပုံကို အေျခခံၿပီးတည္ေဆာက္ခဲ့ပါတယ္။ Warcraft ရဲ႕ Reign of Chaos မွာပါရွိတဲ့ World Editor နဲ႔ဖန္တီးခဲ့တယ္လို႔ေျပာပါတယ္။ အစကေတာ့ ကြဲလြဲမႈေတြ အမ်ားႀကီးရွိပါတယ္။ ေနာက္ပိုင္းမွာေတာ့ အတိုဆုံး Defense of the Ancient (DotA) ဆိုၿပီး ၿငိမ္သြားပါတယ္။ DotA ကို တာဝန္ယူ ဖန္တီးခဲ့တာ ၃ ဆက္ရွိတယ္လို႔ေတာ့ အၾကမ္းသိပါတယ္ (ျပန္ဖတ္ရမွာပ်င္း… မွတ္လည္းမမွတ္မိ… အဟီး)။ 2000 ခုႏွစ္ကေနေနာက္ပိုင္းကေတာ့ Ice Frog ကပဲ ဆက္ၿပီး ပုံေဖာ္ခဲ့တာပါ။
ေနာက္တစ္ေၾကာင္းကို ျမန္ျမန္ဖတ္ၾကည့္….
အၾကမ္းေျပာရရင္ သူမွာ Sentinal နဲ႔ Scourge ဆိုၿပီးေတာ့ player ကထိန္းေက်ာင္းရတဲ့ hero ဆိုတဲ့ တစ္ဦးခ်င္း ကိုယ္ပိုင္ မတူတဲ့ အစြမ္းေတြကိုပိုင္ဆိုင္တဲ့ ၅ ေယာက္ပါအဖြဲ႕ ၂ ဖြဲ႕ပါၿပီး အသင္း ၂ သင္းရဲ႕ အတြင္း ခံစစ္ထဲမွာ အခိုင္အမာကာရံ ကာကြယ္ ထားတဲ့ Ancient ဆိုတဲ့ အေဆာက္အဦးကို တစ္ဘက္ဆီက အရင္ဆုံး ဖ်က္ဆီးႏိုင္ေအာင္တိုက္ခိုက္ရတာပါ။ (တစ္ေၾကာင္းတည္း ရွင္းလိုက္တာ… 😛 )
ဒီေတာ့ သူက MOBA ျဖစ္ပါတယ္၊ MMORPG လည္းမဟုတ္ဘူး၊ strategy လည္းမဟုတ္ပါဘူး။
2005 ေလာက္မွာ တစ္ကမာၻလုံးက (Player ေတြပဲေျပာတာ) Counter-Strike ကစားသေလာက္ကို လိုက္ကစားေနၾကၿပီ။ သူက free ျဖစ္တယ္၊ ဘယ္ကမွလည္း support လုပ္ထားတာမဟုတ္ဘူး၊ ၿပီးေတာ့ အဲ့အခ်ိန္မွာ ခုလိုပဲ ေဆြးေႏြးၾက၊ ရန္ျဖစ္ၾက ျပန္ခ်စ္ၾကနဲ႔ ျဖစ္ေနၿပီ။ World wide tournments ေတြလည္းစေနပါၿပီ။ Community ကဖန္တီးခဲ့တဲ့ အတြက္ အမွားေတြအမ်ားႀကီးရွိတဲ့ ဂိမ္းကို community member တစ္ေယာက္ အေနနဲ႔ glitch ေတြေတြ႕တိုင္း forum တက္ေျပာရတာ မွတ္မိၾကဦးမွာပါ။ (glitch ဆိုတာက ဒီလိုလုပ္ရင္ ဒီ အတိုင္းျဖစ္ရမွာကို မျဖစ္ပဲ ဟိုလိုျဖစ္သြားတာကိုေျပာတာ၊ RP glossary မွာေတာ့ မျဖည့္ရေသးဘူး။)
Riot ကေန (အခု Fortnite ထုတ္တဲ့ developer) League Of Legends ဆိုၿပီး DotA ကိုေရးရာမွာ ပါဝင္ခဲ့တဲ့ developer တစ္ဦးျဖစ္တဲ့ Guinsoo ကို ငွားၿပီးထုတ္ခဲ့ပါတယ္။ S2 Games ကလည္း Heros of Newerth ဆိုၿပီးထြက္တယ္။ ေနာက္ဆုံး Blizzard ကိုယ္တိုင္က Heroes of the Storm ဆိုၿပီးေတာ့ သူထြက္ထားသမွ် ဂိမ္းေတြထဲက Hero ေတြနဲ႔ တစ္ခုထုတ္တယ္။ Warcraft ႐ုပ္ရွင္ၾကည့္ဖူးတဲ့သူေတြသိတဲ့ Gul’dan စုန္းအဖိုးႀကီးကေန ႏွစ္ခ်ိဳ႕ဂိမ္မာတို႔သိတဲ့ Diablo ထဲက Tyrael ၊ ေနာက္ဆုံး Starcraft မင္းသား Raynor ႀကီးအထိပါတယ္။(mechanic တူတာကိုေျပာတာပါ)။
အထက္ေဖၚျပပါ ေတြက DotA ရဲ႕ကိစၥေတြ၊ ခုအခ်ိန္မွာ (History လို႔ေျပာမွာေပါ့) ဘယ္သူမွစိတ္ မဝင္စားေတာ့ပါဘူး။
Dota 2
2009 မွာစတယ္ထင္တယ္။ မွတ္မွတ္ရရ ဒီလပဲ၊ 2009 October မွာ ခုဏက DotA mod ကိုေရးခဲ့တဲ့ IceFrog ႀကီးကို Valve Corporation ဆိုတဲ့ CS:GO နဲ႔ Steam ရဲ႕ပိုင္ရွင္ႀကီး (လက္ရွိ game distribution မွာ ဖိန႔္ဖိန႔္တုန္ႀကီးေပါ့ေလ၊) ကေကာက္ယူေမြးစားလိုက္တဲ့ (ငွားလိုက္တာ၊ အလုပ္ခန႔္လိုက္တာ) အခ်ိန္မွာေတာ့ ခု dota ကိုခ်စ္တယ္ dota ကိုျမတ္ႏိုးတယ္၊ dota နဲ႔ ေနမယ္ဆိုတဲ့ Dota 2 ဆိုတာျဖစ္လာေတာ့တာပဲ။ Game Royalty ေကာင္းလြန္းတဲ့ အတြက္ Dota 2 ကလြဲရင္ က်န္တဲ့ ဂိမ္းေတြ မေဆာ့ဘူးဆို႔တဲ့ သူေတြျဖစ္လာတဲ့ အထိပါပဲ။
Okie.. ဟုတ္ၿပီ၊ ဒီလိုလြယ္လြယ္နဲ႔ ထုတ္လို႔ရသလား၊ …. “ႏိုးပါ”… မရပါဘူး၊ Ice Frog ကိုငွားလိုက္တိုင္း ကြၽန္ေတာ္ေရာက္ေနတဲ့ ေနရာလိုမ်ိဳး သူလုပ္ေနသမွ် အလုပ္ရဲ႕ သက္ဆိုင္ရာေတြ အကုန္ ပါမလာပါဘူး။ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ ဖန္တီးမႈကို တန္ဖိုးထားတဲ့ ေလာက ျဖစ္တဲ့ အေလွ်ာက္ Valve အေနနဲ႔ Dota 2 ကို အစအဆုံးျပန္ၿပီး ဖန္တီးယူရပါတယ္။ Mechanic (သေဘာတရား) တူေပမယ့္ က်န္တဲ့ ကိစၥေတြ အကုန္ အသစ္ ျပန္ဖန္တီးရတာပါ။ Hero တစ္ေကာင္ခ်င္းစီရဲ႕ ႐ုပ္ထြက္၊ သူတို႔ရဲ႕ဇာတ္ေၾကာင္း၊ သူတို႔ ေနထိုင္ရာေဒသ စတဲ့ ကိစၥေတြပါ။ တစ္ျခားအေသးစိတ္ေျပာင္းလဲမႈေတြ အမ်ားႀကီးပါ၊ စာေလးသြားလိမ့္မယ္၊ မထည့္ေတာ့ပါဘူး။ Database လာေတာ့မွပဲဖတ္ၾကတာေပါ့။ ဆိုခ်င္တာက World တစ္ခုလုံးကိုျပန္ျပင္ရတာပါ။
အားလုံးကို အတိုခ်ဳံးေျပာရရင္…. အဟမ္း….
Blizzard က warcraft ကိုထုတ္တယ္၊ ၃ခုေျမာက္မွာ မွ Mod တစ္ခုကေန DotA ဆိုတာေမြးဖြားလာတယ္၊ လူႀကိဳက္မ်ားတယ္၊ ေနာက္ပိုင္င္းမွာ Mod ေရးတဲ့သူကို Valve ကငွားလိုက္တယ္၊ Dota 2 ကို ထုတ္တယ္၊ copy right ၿငိႏိုင္တဲ့ အတြက္ သီးျခား ဂိမ္းတစ္ခုျဖစ္သြားေအာင္ သူ႔ရဲ႕ mechanic ကိုမျပင္ပဲ တစ္ျခား ဇာတ္လမ္းနဲ႔ ေနာက္ေၾကာင္းေတြျပင္လိုက္တယ္။ လူႀကိဳက္ပိုမ်ားသြားတယ္၊ ဒါပါပဲ၊ (ထိပ္ဆုံးမွာ အဲ့လိုေရးလိုက္လို႔ရသားပဲ)။
Warcraft နဲ႔ DotA ဆိုင္သလားေမးရင္ ဘာမွမဆိုင္ဘူးေပါ့၊ Warcraft က Blizzard ကထုတ္တဲ့ ကုမၺဏီထြက္ real-time strategy game တစ္ခု၊ အဲ့လိုပဲ wow က MMORPG တစ္ခု၊ DotA က community ကေပါက္ပြားလာၿပီးေတာ့ community ကပဲ လမ္းေၾကာင္းခဲ့တာ။ DotA နဲ႔ Dota 2 နဲ႔ဆိုင္သလားေမးရင္လည္း သီးျခားစီပါ။ Dota 2 က Valve ကေနထြက္လာတဲ့ သီျခား Stand-alone MOBA ပဲျဖစ္ပါတယ္။
ေက်းဇူးပါဗ်ာ။ အခုလို ဆုံးေအာင္ဖတ္ၿပီး အဆင္ေျပမယ္ထင္ပါတယ္။
ေကာင္းေသာေန႔ေလးျဖစ္ပါေစ။
Ref : wow wiki, youtube
[unicode]
ကျွန်တော်တို့ Dota 2 hero lore တွေကို အပျော်အဖြစ် ဖော်ပြတဲ့အခါမှာ Comment Section မှာ DotA နဲ့ မတူဘူးနော် ဘာညာ ဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ရှင်းပြပေမဲ့ လူတိုင်းကို ရှင်းပြဖို့ မလွယ်ကူတဲ့အတွက်ကြောင့် ဒီပိုစ့်ကို ရေးဖြစ်တာပါ။ ဘာမှမပြောဖြစ်တာထက်စာရင် ဒီ စာကတော့ အထောက်အကူဖြစ်မယ်ထင်ပါတယ်။ comment တိုင်း message တွေတိုင်းကို အချိန်ပေးပြီး မပြန်နိုင်တာလည်း ပါပါတယ်။
စာတော့ရှည်ပါလိမ့်မယ်။ လုံးဝမသိသေးတဲ့ သူတွေကနေ ရေးတေးတေးဖြစ်နေတဲ့ သူတွေအတွက်ပါ ရည်ရွယ်လိုက်ပါတယ်။ အစီအစဉ် အလိုက် Warcraft, DotA, Dota 2 ဆိုပြီးတော့ ခွဲပေးလိုက်ပါတယ်။
Warcraft
Warcraft ကတော့အားလုံးရဲ့ အစလို့ပြောရမယ်ထင်တယ်။ 1994 မှာထုတ်ခဲ့တာဖြစ်ပြီးတော့ developer က Blizzard Entertainment ဖြစ်ပါတယ်။ သိပ်စောလွန်းနေသေးတဲ့ အတွက် အငယ်တွေကတော့ သိချင်မှသိပါလိမ့်မယ်၊ ဒါမှမဟုတ် ဆော့ဖြစ်ခဲ့တဲ့ သူတွေလည်းရှိပါလိမ့်မယ်။ local မှာနေပြီး အဲ့ဒီအချိန်တုန်းက ဆော့ဖြစ်ခဲ့တယ်ဆိုရင်တော့ အခုဖတ်နေတဲ့ ခင်ဗျားက early gaming ကိုမှီခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်လို့ပြောပါရစေ။
World of warcraft (wow) တစ်ခုလုံးဖြစ်လာဖို့ တည်ဆောက်ထားတဲ့ အဓိက ဂိမ်း ၅ခုရှိပါတယ်။
- Warcraft :Orcs & Humans
- Warcraft II: Tides of Darkness
- Warcraft III: Reign of Chaos
- World of warcraft
- Hearthstone
ဒီဂိမ်း ၅ခုပေါင်းမှသာ wow ရဲ့အနှစ်သာရဖြစ်ပါလိမ့်မယ်။ အစောပိုင်းထုတ်လုပ်ခဲ့တဲ့ နံပါတ် (၃) အထိကတော့ real-time strategy game တွေပဲဖြစ်ပါတယ်။ Warcraft II မှာ Beyond the dark portal နဲ့ III မှာတော့ The Frozen Throne ဆိုတဲ့ Expension တွေရှိခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ Warcraft ရဲ့ကမ္ဘာက Azeroth ဆိုတဲ့ ကမ္ဘာမှာ ဇာတ်အိမ်တည်ဆောက် ထားတာဖြစ်ပြီးတော့ High-fantasy အယူအဆမျိုးဖြစ်ပါတယ် (အလွန်အကျူးစိတ်ကူး ယဉ်ထားတာကိုပြောတာ၊ glossary သွားမကြည့်နဲ့တော့ မထည့်ရသေးဘူးဗျ)။ ကနဦးအစပိုင်းမှာ လူသားတွေနေထိုင်နေတဲ့ Eastern Kingdoms ဆိုတဲ့ နေရာတွေရယ် Orcish Horde ဆိုတဲ့ တစ်ခြားကမ္ဘာကနေ (dark portal “အောက်လမ်းမုခ်ဝ” //ကိုယ်ထွင်တာလည်းမဟုတ်တော့ ဒီလိုရေးလိုက်တယ်ဗျာ// ) ကိုဖြတ်ပြီးရောက်လာတဲ့ Orcs တွေရယ် ကမ္ဘာစစ်ကြီးဖြစ်ကြတဲ့ အချိန်ကစပါတယ်။ Orcs တွေလာတဲ့ ကမ္ဘာကတော့ Draenor ဆိုတဲ့ ကမ္ဘာကလာတာပါ။ နံပါတ် II မှာ demonic magic (အောက်လမ်းမှော်) တွေကြောင့်ပျက်စီးတော့မယ့် ကမ္ဘာတစ်ခုဖြစ်ပါတယ်။ warcraft I,II,III ၃ပိုင်းက တစ်ခုအဆုံးသတ်တဲ့ နေရာကနေ နောက်အပိုင်းမှာဇာတ်လမ်းဆက် သွားထားပါတယ်။
လူသားတွေရဲ့ ကမ္ဘာ Azeroth ကဇာတ်လမ်းစတဲ့ အချိန်မှာ အဓိက ကုန်းမြေတိုက်ကြီး အဖြစ် ၂ ပိုင်းပဲ ပါခဲ့တာပါ။အရှေ့နဲ့ အနောက်တည်ရှိပြီး great sea ဆိုတဲ့ ပင်လယ်ကြီးခြားနေပါတယ်။ အလယ်မှာတော့ Maelstorm ဆိုတဲ့ အမြဲမပြတ် ဖြစ်ပေါ်မုန်တိုင်းကြီးတစ်ခုရှိပါတယ်။ နောက်ပိုင်း မှာတော့ Azeroth ကို ကျွန်တော်တို့ကမ္ဘာလိုပဲ ကုန်းမြေတိုက်ကြီးတွေ ထပ်ထည့်ပြီးတော့ Kalimdor, Northrend, Pandaria နဲ့ Broken Isles ဆိုပြီးတိုးပွားလာပါတယ်။ နောက်ထပ် တစ်ခြား အဓိကပါဝင်လာတော့မယ် မျိုးနွယ်စုတွေဖြစ်တဲ့ Nightelves, Tauren, dwarves, gnome, trolls တွေအပြင် forsaken, draenei စတဲ့ နောက်ခံ သမိုင်းသေသေချာချာရှိတဲ့ မျိုးနွယ်အများပြားကိုလည်း တဖြည်းဖြည်းမိတ်ဆက်ပေးလာခဲ့ပါတယ်။ မူလကတည်းကလည်း လူသားတွေနေထိုင်ရာ Stormwind, Dwarf တွေရဲ့ Khaz Modan စတာတွေကနာမည်ကြီးတွေပါ။ ထားပါတော့ ဒါတွေကတော့ wow ကိုတကယ် ကစားကြည့်စေချင်လာတာမျိုးပါ။
ဒီလိုနဲ့ 2004 မှာတော့ အရင် realtime strategy တွေအစား MMORPG ဖြစ်တဲ့ world of warcraft ကိစတင်ခဲ့ပါတယ်။ free online game တစ်ခုမဟုတ်ပဲ လစဉ်ကြေးပေးရပါတယ်။ Update တွေကိုတော့ ပုံမှန် patch တွေအနေနဲ့ download လုပ်ရပါတယ်။ ကမ္ဘာပေါ်မှာ လစဉ်ကြေးပေးပြီး လူအများဆုံးဆော့တဲ့ MMORPG ဖြစ်ပါတယ်။ လစဉ်ကြေးပေးထားတဲ့ Player အားလုံး ၁၂သန်း ကျော်အထိ အမြင့်ဆုံးရောက်ခဲ့ပါတယ်။ 2016 အထိ အားလုံးပေါင်း expension 6 ခုထွက်ရှိထားပါတယ်။ (ခုနှစ်အလိုက် ဇယားချထားပေးပါတယ်။)
တကယ်ကတော့ Warcraft ကိုထုတ်လုပ်ခဲ့တဲ့ ၁၀နှစ်ပြည့် တဲ့နေ့ 10th November 2004 မှာ World of Warcraft ကိုဖြန့်ချိခဲ့တာပါ။
- 1994 Warcraft : Orcs & Humans
- 1995 Warcraft II : Tides of Darkness
- 1996 Warcraft II : Beyond the Dark Portalr
- 1999 Warcraft II : Battle.net edition
- 2002 Warcraft III : Reign Of Chaos
- 2003 Warcraft III : The Frozen Throne
- 2004 World of Warcraft
- 2007 World of Warcraft : The Burning Crusade
- 2008 World of Warcraft : Wrath of the Lich King
- 2010 World of Warcraft : Cataclysm
- 2012 World of Warcraft : Mists of Pandaria
- 2014 Hearthstone : Heroes of Warcraft
- 2014 World of Warcraft : Warlords of Draenor
- 2016 World of warcraft : Legion
တစ်ဆက်တည်းပြောပါရစေ၊ wow အတွက် သီးခြား boardgame, cardgame, Novels, comics, manga, magazine နဲ့ 2016 မှာဆိုရင် ရုပ်ရှင်တစ်ကားအထိထွက်ထားခဲ့ပြီးပါပြီ။
အပေါ်ကအကုန်လုံးကတော့ Warcraft, World of Warcraft ဖြစ်ပါတယ်။
DotA
ဒီမှာဆက်ရအောင်။
Warcraft ရဲ့ realtime strategy game 3 ခုမှာနောက်ဆုံးဖြစ်တဲ့ Warcraft III မှာ expension အပြင် Mod လည်းရှိပါတယ်။ Mod ဆိုတာမျိုးကတော့ community ထဲကတစ်ယောက်ယောက်က (ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့) ဒီဂိမ်းအတွက် တစ်ခြားစိတ်ဝင်စားသူတွေပါဆော့လို့ရအောင် သီးခြား ဖန်တီးထားတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ မူလ developer နဲ့ဘာမှမဆိုင်ပါဘူး။ အခြေခံတွေအားလုံးကတော့ မူရင်း ဂိမ်းကပဲယူတာပါ။ ဇာတ်ကောင်တွေ၊ အရုပ်တွေ၊ သူတို့ရဲ့ နောက်ခံဇာတ်လမ်းတွေ အကုန်တူတူပါပဲ။ သူ့ကို Blizzard ရဲ့ဂိမ်းတစ်ခုပဲဖြစ်တဲ့ Starcraft II ထဲမှာပါတဲ့ Aeon of Strife ဆိုတဲ့ မြေပုံကို အခြေခံပြီးတည်ဆောက်ခဲ့ပါတယ်။ Warcraft ရဲ့ Reign of Chaos မှာပါရှိတဲ့ World Editor နဲ့ဖန်တီးခဲ့တယ်လို့ပြောပါတယ်။ အစကတော့ ကွဲလွဲမှုတွေ အများကြီးရှိပါတယ်။ နောက်ပိုင်းမှာတော့ အတိုဆုံး Defense of the Ancient (DotA) ဆိုပြီး ငြိမ်သွားပါတယ်။ DotA ကို တာဝန်ယူ ဖန်တီးခဲ့တာ ၃ ဆက်ရှိတယ်လို့တော့ အကြမ်းသိပါတယ် (ပြန်ဖတ်ရမှာပျင်း… မှတ်လည်းမမှတ်မိ… အဟီး)။ 2000 ခုနှစ်ကနေနောက်ပိုင်းကတော့ Ice Frog ကပဲ ဆက်ပြီး ပုံဖော်ခဲ့တာပါ။
နောက်တစ်ကြောင်းကို မြန်မြန်ဖတ်ကြည့်….
အကြမ်းပြောရရင် သူမှာ Sentinal နဲ့ Scourge ဆိုပြီးတော့ player ကထိန်းကျောင်းရတဲ့ hero ဆိုတဲ့ တစ်ဦးချင်း ကိုယ်ပိုင် မတူတဲ့ အစွမ်းတွေကိုပိုင်ဆိုင်တဲ့ ၅ ယောက်ပါအဖွဲ့ ၂ ဖွဲ့ပါပြီး အသင်း ၂ သင်းရဲ့ အတွင်း ခံစစ်ထဲမှာ အခိုင်အမာကာရံ ကာကွယ် ထားတဲ့ Ancient ဆိုတဲ့ အဆောက်အဦးကို တစ်ဘက်ဆီက အရင်ဆုံး ဖျက်ဆီးနိုင်အောင်တိုက်ခိုက်ရတာပါ။ (တစ်ကြောင်းတည်း ရှင်းလိုက်တာ… 😛 )
ဒီတော့ သူက MOBA ဖြစ်ပါတယ်၊ MMORPG လည်းမဟုတ်ဘူး၊ strategy လည်းမဟုတ်ပါဘူး။
2005 လောက်မှာ တစ်ကမ္ဘာလုံးက (Player တွေပဲပြောတာ) Counter-Strike ကစားသလောက်ကို လိုက်ကစားနေကြပြီ။ သူက free ဖြစ်တယ်၊ ဘယ်ကမှလည်း support လုပ်ထားတာမဟုတ်ဘူး၊ ပြီးတော့ အဲ့အချိန်မှာ ခုလိုပဲ ဆွေးနွေးကြ၊ ရန်ဖြစ်ကြ ပြန်ချစ်ကြနဲ့ ဖြစ်နေပြီ။ World wide tournments တွေလည်းစနေပါပြီ။ Community ကဖန်တီးခဲ့တဲ့ အတွက် အမှားတွေအများကြီးရှိတဲ့ ဂိမ်းကို community member တစ်ယောက် အနေနဲ့ glitch တွေတွေ့တိုင်း forum တက်ပြောရတာ မှတ်မိကြဦးမှာပါ။ (glitch ဆိုတာက ဒီလိုလုပ်ရင် ဒီ အတိုင်းဖြစ်ရမှာကို မဖြစ်ပဲ ဟိုလိုဖြစ်သွားတာကိုပြောတာ၊ RP glossary မှာတော့ မဖြည့်ရသေးဘူး။)
Riot ကနေ (အခု Fortnite ထုတ်တဲ့ developer) League Of Legends ဆိုပြီး DotA ကိုရေးရာမှာ ပါဝင်ခဲ့တဲ့ developer တစ်ဦးဖြစ်တဲ့ Guinsoo ကို ငှားပြီးထုတ်ခဲ့ပါတယ်။ S2 Games ကလည်း Heros of Newerth ဆိုပြီးထွက်တယ်။ နောက်ဆုံး Blizzard ကိုယ်တိုင်က Heroes of the Storm ဆိုပြီးတော့ သူထွက်ထားသမျှ ဂိမ်းတွေထဲက Hero တွေနဲ့ တစ်ခုထုတ်တယ်။ Warcraft ရုပ်ရှင်ကြည့်ဖူးတဲ့သူတွေသိတဲ့ Gul’dan စုန်းအဖိုးကြီးကနေ နှစ်ချို့ဂိမ်မာတို့သိတဲ့ Diablo ထဲက Tyrael ၊ နောက်ဆုံး Starcraft မင်းသား Raynor ကြီးအထိပါတယ်။(mechanic တူတာကိုပြောတာပါ)။
အထက်ဖေါ်ပြပါ တွေက DotA ရဲ့ကိစ္စတွေ၊ ခုအချိန်မှာ (History လို့ပြောမှာပေါ့) ဘယ်သူမှစိတ် မဝင်စားတော့ပါဘူး။
Dota 2
2009 မှာစတယ်ထင်တယ်။ မှတ်မှတ်ရရ ဒီလပဲ၊ 2009 October မှာ ခုဏက DotA mod ကိုရေးခဲ့တဲ့ IceFrog ကြီးကို Valve Corporation ဆိုတဲ့ CS:GO နဲ့ Steam ရဲ့ပိုင်ရှင်ကြီး (လက်ရှိ game distribution မှာ ဖိန့်ဖိန့်တုန်ကြီးပေါ့လေ၊) ကကောက်ယူမွေးစားလိုက်တဲ့ (ငှားလိုက်တာ၊ အလုပ်ခန့်လိုက်တာ) အချိန်မှာတော့ ခု dota ကိုချစ်တယ် dota ကိုမြတ်နိုးတယ်၊ dota နဲ့ နေမယ်ဆိုတဲ့ Dota 2 ဆိုတာဖြစ်လာတော့တာပဲ။ Game Royalty ကောင်းလွန်းတဲ့ အတွက် Dota 2 ကလွဲရင် ကျန်တဲ့ ဂိမ်းတွေ မဆော့ဘူးဆို့တဲ့ သူတွေဖြစ်လာတဲ့ အထိပါပဲ။
Okie.. ဟုတ်ပြီ၊ ဒီလိုလွယ်လွယ်နဲ့ ထုတ်လို့ရသလား၊ …. “နိုးပါ”… မရပါဘူး၊ Ice Frog ကိုငှားလိုက်တိုင်း ကျွန်တော်ရောက်နေတဲ့ နေရာလိုမျိုး သူလုပ်နေသမျှ အလုပ်ရဲ့ သက်ဆိုင်ရာတွေ အကုန် ပါမလာပါဘူး။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖန်တီးမှုကို တန်ဖိုးထားတဲ့ လောက ဖြစ်တဲ့ အလျှောက် Valve အနေနဲ့ Dota 2 ကို အစအဆုံးပြန်ပြီး ဖန်တီးယူရပါတယ်။ Mechanic (သဘောတရား) တူပေမယ့် ကျန်တဲ့ ကိစ္စတွေ အကုန် အသစ် ပြန်ဖန်တီးရတာပါ။ Hero တစ်ကောင်ချင်းစီရဲ့ ရုပ်ထွက်၊ သူတို့ရဲ့ဇာတ်ကြောင်း၊ သူတို့ နေထိုင်ရာဒေသ စတဲ့ ကိစ္စတွေပါ။ တစ်ခြားအသေးစိတ်ပြောင်းလဲမှုတွေ အများကြီးပါ၊ စာလေးသွားလိမ့်မယ်၊ မထည့်တော့ပါဘူး။ Database လာတော့မှပဲဖတ်ကြတာပေါ့။ ဆိုချင်တာက World တစ်ခုလုံးကိုပြန်ပြင်ရတာပါ။
အားလုံးကို အတိုချုံးပြောရရင်.… အဟမ်း….
Blizzard က warcraft ကိုထုတ်တယ်၊ ၃ခုမြောက်မှာ မှ Mod တစ်ခုကနေ DotA ဆိုတာမွေးဖွားလာတယ်၊ လူကြိုက်များတယ်၊ နောက်ပိုင်င်းမှာ Mod ရေးတဲ့သူကို Valve ကငှားလိုက်တယ်၊ Dota 2 ကို ထုတ်တယ်၊ copy right ငြိနိုင်တဲ့ အတွက် သီးခြား ဂိမ်းတစ်ခုဖြစ်သွားအောင် သူ့ရဲ့ mechanic ကိုမပြင်ပဲ တစ်ခြား ဇာတ်လမ်းနဲ့ နောက်ကြောင်းတွေပြင်လိုက်တယ်။ လူကြိုက်ပိုများသွားတယ်၊ ဒါပါပဲ၊ (ထိပ်ဆုံးမှာ အဲ့လိုရေးလိုက်လို့ရသားပဲ)။
Warcraft နဲ့ DotA ဆိုင်သလားမေးရင် ဘာမှမဆိုင်ဘူးပေါ့၊ Warcraft က Blizzard ကထုတ်တဲ့ ကုမ္ဗဏီထွက် real-time strategy game တစ်ခု၊ အဲ့လိုပဲ wow က MMORPG တစ်ခု၊ DotA က community ကပေါက်ပွားလာပြီးတော့ community ကပဲ လမ်းကြောင်းခဲ့တာ။ DotA နဲ့ Dota 2 နဲ့ဆိုင်သလားမေးရင်လည်း သီးခြားစီပါ။ Dota 2 က Valve ကနေထွက်လာတဲ့ သီခြား Stand-alone MOBA ပဲဖြစ်ပါတယ်။
ကျေးဇူးပါဗျာ။ အခုလို ဆုံးအောင်ဖတ်ပြီး အဆင်ပြေမယ်ထင်ပါတယ်။
ကောင်းသောနေ့လေးဖြစ်ပါစေ။
Ref : wow wiki, youtube