Logan ရုပ်ရှင်ကိုကြည့်ပြီးသွားတာဘယ်လောက်ကြာပြီလဲ၊ အစောဆုံးကြည့်ဖြစ်တဲ့သူက ၆ လ ၇ လလောက်တော့ရှိရောပေါ့။ Fan အနေနဲ့တော့ ရုံကိုသွားရမှာခြေလှမ်းနှေးခဲ့တယ်မဟုတ်လား။ Logan တစ်ယောက်ဘာဖြစ်တော့မလဲသိနေခဲ့ကြတာပဲလေ။ ၁၇ နှစ်တာ wolverine အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Hugh Jackman နေရာကို တစ်ချိန်ချိန်မှာတော့ တစ်ယောက်ယောက် နဲ့ အစားထိုးပြီး အသစ်ပြန်စ တဲ့ အလုပ်ကို လုပ်ကြမှာပဲ မဟုတ်လား။ Comic character တွေကအကြိမ်ကြိမ်ပြန်လည်မွေးဖွားကြတာက ဒီလိုပါပဲလေ။
မင်းသားကြီးအနေနဲ့ wolverine အဖြစ်သရုပ်ဆောင်ဖို့လက်ခံလိုက်ကတည်းက ဒီ အချက်ကို လက်ခံထားခဲ့ပုံရပါတယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်ကိုပြန်သွားကြည့်ရအောင်၊ တကယ်ဆို သူက ပထမဦးစားပေးမဟုတ်ပဲ ဗြိတိန်မင်သားဖြစ်တဲ့ Dougray Scott ကိုအရင်ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် mission impossible 2 ရိုက်စရာရှိနေတဲ့အတွက် ဒီအလုပ်ကိုစွန့်ခဲ့လို Hugh Jackman ကို Wolverine အဖြစ်မြင်တွေ့ရတာပါပဲ။ အဲ့အချိန်တုန်းက Hugh Jackman ဆိုတာ လူသိပ်မသိသေးတဲ့ ပြဇာတ်မင်းသားတစ်ယောက်ပဲလေ။hugh jackman အနေနဲ့ အခု Logan ရိုက်တဲ့ အထိ အောင်မြင်မှုကောင်းကောင်းရခဲ့တဲ့ အပေါ် သူတို့ အချင်းချင်း နောင်တွေ့တဲ့ အချိန် ဘာပြောမယ်ထင်လဲ။
“ကျွန်တော်တို့ တွေ့တဲ့အချိန်မှာပြောမိတယ် “Man, I am sorry” ပေါ့၊ အံ့သြဖို့ကောင်းတာက သူ့အဆင့်အတန်းနဲ့ ကျွန်တော့ကို “ဒါကအလုပ်တစ်ခုပဲလေ၊ မင်းသိပ်ကောင်းတဲ့ ဇာတ်ရုပ်တစ်ခုရထားတယ်မဟုတ်လား၊ အပီဆွဲ လိုက် ” လို့ပြောသွားတယ်၊ ဒီတော့ ကိုယ့်အလှည့် လည်းဆုတောင်းရမှာက ကျုပ်လည်းအဲလို အကောင်ကြီးကြီးဖြစ်နေပြီးတော့ နောက် အသစ်တက်လာမယ့် သရုပ်ဆောင်တစ်ယောက်ကို သူ့လိုပဲ အားပေးဖို့ပေါ့။ ကျုပ်ကတော့ ဒီဇာတ်ကောင်ဖြစ်ခွင့်ရခဲ့တဲ့ အတွက် ဂုဏ်ယူနေပါတယ်။ Wolverine တစ်ခုပဲ မဟုတ်ပါဘူး၊ Bond, Superman, Batman တို့လည်း ဒီလိုပဲမဟုတ်လား။” ဒါက Hugh Jackman ပြောသွားတာ။
Hugh Jackman ကိုကြည့်ရတာသူ့နေရာကိုဆက်ခံမယ့် သရုပ်ဆောင်သစ်အတွက် ကျေကျေနပ်နပ်နဲ့ ရှိနေပုံပေါ်ပါတယ်။ လက်၇ှိထွက်ပြီးသမျှ wolverine ပါတဲ့ ရုပ်ရှင်တွေရဲ့ အနေအထားနဲ့ဆိုရင် နောက်ထပ် Wolverine အသစ်ထွက်ဖို့ ပြင်ဆင်ထားတဲ့ အနေအထားပါ။ ဒါပေမယ့် ကျွန်တော်တို့ ပရိတ်သတ်တွေကိုယ်တိုင်ကတော့ Wolverine သရုပ်ဆောင်အသစ် ကို လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလား။ ဒါမှမဟုတ်လည်း X-23 ရဲ့ ရုပ်ရှင်သီးခြားထွက်လာနိုင်တယ်လို့ပြောနေပြီ မဟုတ်လား။
source: hollywood reporter