[zawgyi]
ဘယ္လ္ဂ်ီယမ္ေလာင္းကစားေကာ္မရွင္က loot boxes ေတြကိုေလာင္းကစားအျဖစ္အမွန္တကယ္သတ္မွတ္ ျခင္းမရွိေသးေၾကာင္း RTBF.be ကထုတ္ေဖာ္ေရးသားခ်က္အရသိရပါတယ္။ဘယ္လ္ဂ်ီယမ္တရားေရးဝန္ႀကီး ဌာနက loot boxes ေတြကိုဥပေဒအရသတ္မွတ္ေပးဖို႔ဆုံးျဖတ္ေပးရမွာျဖစ္တယ္လို႔ေျပာထားပါတယ္။ ဒါေၾကာင့္ ဘယ္လ္ဂ်ီယမ္ေလာင္းကစားေကာ္မရွင္ကအဲ့ဒီကိစၥကိုစုံစမ္းစစ္ေဆးေနေသးတဲ့အေၾကင္းေပါ့။ အမ်ားစုကေမ်ာ္လင့္ေနတဲ့ကိစၥျဖစ္ေပမယ့္ loot boxes ေတြကိုေလာင္းကစားသေဘာသတ္မွတ္တာဟာ ျမန္ျမန္ဆန္ဆန္အေကာင္အထည္ေပၚလာဖို႔မရွိနုင္ေသးပါဘူး။
Battlefront II ရဲ႕ microtransactions တို႔နဲ႔ပက္သက္ၿပီးေဝဖန္မႈေတြျမင့္တက္လာခ်ိန္ loot boxes နဲ႔ပက္သက္လို႔ စည္းမ်ဥ္းဥပေဒေတြေပၚလာဖို႔ေမ်ာ္လင့္ေနၾကတဲ့ အခ်ိန္မွာ ဘယ္လ္ဂ်ီယမ္ဘက္ကေတာ့ loot boxes ေတြဟာေလာင္းကစားပုံစံတစ္မ်ိဳးုျဖစ္တယ္လို႔ေျပာေနတုန္းပါပဲ။ ဒါေၾကာင့္ ဘယ္လ္ဂ်ီယမ္ဟာ loot boxes ေတြကိုတရားဝင္ေလာင္းကစား ပုံစံတစ္ခုအျဖစ္ သတ္မွတ္ေပးဖို႔ရွိေနတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက ဘယ္လ္ဂ်ီယမ္ေလာင္းကစားေကာ္မရွင္က loot boxesေတြဟာဒစ္ဂ်စ္တယ္ ေလာင္းကစားပုံစံဟုတ္မဟုတ္စတင္စုံစမ္းစစ္ေဆးေနၿပီျဖစ္တယ္လို႔သိရပါတယ္။
ႏိုင္ငံတစ္ႏိုင္ရဲ႕အစိုးရတစ္ရပ္က loot boxes ေတြကိုဒီလိုမ်ိဳးရႈျမင္ေနတာျဖစ္ပါတယ္။ Developer ေတြ အေနနဲ႔ဒါကိုသင္ခန္းစာယူၿပီး ၎တို႔ရဲ႕ဂိမ္းေတြကို ပုံစံေျပာင္းသင့္လားဆိုတာ စဥ္းစားၾကရေတာ့မွာ ျဖစ္ပါတယ္။ ထင္တယ္… ဒီစာေရးေနတဲ့ အခ်ိန္မွာပဲ “They already have answer” ျဖစ္ပါလိမ့္မယ္။
[unicode]
ဘယ်လ်ဂျီယမ်လောင်းကစားကော်မရှင်က loot boxes တွေကိုလောင်းကစားအဖြစ်အမှန်တကယ်သတ်မှတ် ခြင်းမရှိသေးကြောင်း RTBF.be ကထုတ်ဖော်ရေးသားချက်အရသိရပါတယ်။ဘယ်လ်ဂျီယမ်တရားရေးဝန်ကြီး ဌာနက loot boxes တွေကိုဥပဒေအရသတ်မှတ်ပေးဖို့ဆုံးဖြတ်ပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့် ဘယ်လ်ဂျီယမ်လောင်းကစားကော်မရှင်ကအဲ့ဒီကိစ္စကိုစုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ အများစုကမျော်လင့်နေတဲ့ကိစ္စဖြစ်ပေမယ့် loot boxes တွေကိုလောင်းကစားသဘောသတ်မှတ်တာဟာ မြန်မြန်ဆန်ဆန်အကောင်အထည်ပေါ်လာဖို့မရှိသေးဘူးလို့ဆိုပါတယ်။
Battlefront II ရဲ့ microtransactions တို့နဲ့ပက်သက်ပြီးဝေဖန်မှုတွေမြင့်တက်လာချိန် loot boxes နဲ့ပက်သက်လို့ စည်းမျဉ်းဥပဒေတွေပေါ်လာဖို့မျော်လင့်နေကြတယ်လို့ဆိုပါတယ်။ဘယ်လ်ဂျီယမ်ဘက်ကတော့ loot boxes တွေဟာလောင်းကစားပုံစံတစ်မျိုးုဖြစ်တယ်လို့ပြောနေပြီးတော့။ ဒါကြောင့် ဘယ်လ်ဂျီယမ်ဟာ loot boxes တွေကိုတရားဝင်လောင်းကစား ပုံစံတစ်ခုအဖြစ် သတ်မှတ်ပေးဖို့ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဘယ်လ်ဂျီယမ်လောင်းကစားကော်မရှင်က loot boxesတွေဟာဒစ်ဂျစ်တယ် လောင်းကစားပုံစံဟုတ်မဟုတ်စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်တယ်လို့သိရပါတယ်။
အဲ့ဒီကော်မရှင်ရဲ့ ညွှန်ကြားရေးမှူး Peter Naessens ကတော့ “လောင်းကစားပုံစံမျိုုးဆိုရင် လောင်းကစားကော်မရှင်က ခွင့်မပြု ပဲနဲ့မရပါဘူး” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ဘယ်လ်ဂျီယမ်လောင်းကစားကော်မရှင်က ဘယ်လိုကောက်ချက်ချမလဲဆိုတာမှန်းကြည့်နိုင်ပါတယ်။ “ငွေ နဲ့စွဲလမ်းခြင်းတို့ရောစပ်နေတာဟာလောင်းကစားခြင်းပဲဖြစ်ပါတယ်” လို့ VTM News article တစ်ခု မှာဖော်ပြထားပါတယ်။ ဘယ်လ်ဂျီယမ်တရားရေးဝန်ကြီး Koen Geens ကလည်း “လောင်းကစားနဲ့ဂိမ်းကို ရောစပ်ထားတာဟာအထူးသဖြင့်အသက်ငယ်တဲ့ကလေးအရွယ်မှာစိတ်ကျန်းမာရေးအတွက်အန္တရာယ်များ ပါတယ်”လို့ပြောပါတယ်။ဒီလိုအနေအထားကြောင့်ဘယ်လ်ဂျီယမ်နိုင်ငံမှာဒီလိုမျိုး in-game purchases ကို ပိတ်ပယ်ဖို့ကြိုးစားမယ်လို့သူကဆက်လက်ပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ရဲ့အစိုးရတစ်ရပ်က loot boxes တွေကိုဒီလိုမျိုးရှုမြင်နေတာဖြစ်ပါတယ်။ Developer တွေ အနေနဲ့ဒါကိုသင်ခန်းစာယူပြီး ၎င်းတို့ရဲ့ဂိမ်းတွေကို ပုံစံပြောင်းသင့်လားဆိုတာ စဉ်းစားကြရတော့မှာ ဖြစ်ပါတယ်။ ထင်တယ်… ဒီစာရေးနေတဲ့ အချိန်မှာပဲ “They already have answer” ဖြစ်ပါလိမ့်မယ်။
source: RTBF.be