[zawgyi]
[unicode]
Star Wars: Battlefront II နဲ့ပက်သက်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပြီးနောက် EA ဟာ Need For Speed: Payback ရဲ့ ဇာတ်လမ်းတိုးတက်သွားတဲ့ (progression system) ကိုအပြောင်းအလဲ လုပ်လိုက်ပါတယ်။ Community Engagement ရဲ့ Global Manager Ben Walke ကတော့ Reddit က Payback ကို အပြောင်းအလဲတွေလုပ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။အပြောင်းအလဲတွေကိုတော့ စတွေ့နေရပါပြီ။
Bait crates, events နဲ့ တစ်ခြား racer တွေကိုပြိုင်လို့ရတဲ့ reputation နဲ့ ငွေ (bank) ကရတာတိုးလာပါတယ်။ ပထမရစရာလိုပါဘူး။ မျှော်လင့်ရဆုံး Air Suspension တွေလည်း shipments တွေမှာ ခဏခဏပေါ်မှာပါတဲ့။ ဒါကအစပဲရှိသေးပြီးတော့ နောက်ပိုင်းမှာတော့ ဆိုင်တွေ (workshop) တွေမှာပါတိုးတက်လာတဲ့ ပစ္စည်းနဲ့ တစ်ခြား ပြုပြင်မှုတွေတိုးပေးမယ်ပြောပါတယ်။ EA ဆိုတာ player တွေရဲ့စကားကိုနားထောင်ကြောင်း ပြောထားတာတွေပါ ပါသေးတယ်။
ထင်တာကတော့ Star Wars: Battlefront II မှာ microtransactions ကိစ္စကို ဖြုတ်ချပြီးတဲ့နောက် EA က လန့်ဖြန့်ပြီး တစ်ခြားကိစ္စတွေပါလိုက်ပြင်နေရပုံရပါတယ်။ ပိုင်ရှင် Disney ကစိုးရိမ်ကြောင်း ပြောလိုက်တဲ့အချိန်မှာ Star Wars: Battlefront II မှာ microtransactions ကိုနောက်ဆုတ်လိုက်တာဖြစ်ပုံရပါတယ်။ Payback ဟာ NFS series တွေအတွက် ခြေနှစ်လှမ်းဆုတ်လိုက်တာဖြစ်ပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အပါအဝင် Roaming racer တွေကတော့ပျော်ကြမယ် ထင်ပါတယ်။
source:reddit