Housemarque ရဲ့ high-octaneနဲ့chaotic arcade shooters ဂိမ်းတွေရဲ့ခေတ်ဟာကုန်သွားပြီဖြစ်ပါတယ်။ Resogun, Nex Machina, and Alienation စတဲ့ဂိမ်းတွေကိုရေးသူတွေအဖြစ်ထင်ရှားခဲ့သူတွေကတော့ arcade-style ဂိမ်းတွေအစားအသစ်တွေဘက်ကိုဦးလှည့်ကုန်ကြပါပြီ။
ဒီကနေပို့တစ်ခုမှာတော့ Housemarque ရဲ့ CEO ဖြစ်သူ Ilari Kuittinen ကတော့ studioရဲ့သက်တမ်းအနှစ်၂၀အတွင်း arcade-shooter genre ဂိမ်းတွေရေးခဲ့တာကိုပြန်ပြောင်းပြောပြခဲ့ပါတယ်။နွေတုန်းကထွက်လာခဲ့တဲ့ Nex Machina လိုဂိမ်းလိုအဲ့ဒီဂိမ်းတွေဟာချီးကျူးခံခဲ့ရပေမယ့် မိမိတို့အနေနဲ့အတော်လေးရောင်းနေရတာ မျိုးမဟုတ်ဘူးလို့Ilari Kuittinen ကပြောပါတယ်။ စတူဒီယိုအနေနဲ့ဂိမ်းတွေထုတ်လုပ်နေရုံနဲ့တင် ဆက်လက်ရပ်တည်သွားဖို့မလွယ်ကြောင်းသူပါပြောပါတယ်။ Nex Machina ဂိမ်းရောင်းအားထိုင်းခဲ့တာကြောင့် ကာလရှည်လုပ်လာခဲ့တဲ့ arcade genre တွေကိုရပ်ပစ်ဖို့စဉ်းစားရတဲ့အကြောင်းရင်းတစ်ရပ်ဖြစ် လာတယ်လို့သူကပြောပါတယ်။ “ဒီဂိမ်းသာကျွန်တော်တို့ရဲ့နှလုံးသားထဲမှာနေရာခိုင်ခိုင်မာမာရှိနေခဲ့ရင်ကျွန်တော်တို့အနေနဲ့အမာခံပတ်သတ်တွေနဲ့အတူ multiplayer ဆီသွားမှာဖြစ်ပါတယ်။
Housemarque အနေနဲ့ဂိမ်းလုပ်ငန်းနဲ့ အတူဆက်လက်ချီတူသွားရမယ့်အချိန်ကိုရောက်ရှိနေပါတယ်။ဒါကြောင့် Nex Machina and Matterfall စတဲ့ဂိမ်းတွေဟာ စတူဒီယိုကနေထွက်လာတဲ့နောက်ဆုံး Arcade ဂိမ်းတွေဖြစ်ဖြစ်လာပါလိမ့်မယ်” လို့ပြောသွားပါတယ်။ Housemarque စတူဒီယိုအနေနဲ့နောင်တချိန်မှာ multiplayer-focused experiences လိုင်းဘက်ကိုပြောင်း သွားမလားဆိုတဲ့အချက်ကိုတော့သူကအမှန်တကယ်ထုတ်ပြန်ကြေညာသွားခြင်းမရှိပါဘူးဘဲ “ခင်ဗျားတို့မျော်မှန်းထားတာနဲ့လုံးဝမတူတဲ့အနေအထားမျိုးနဲ့ပြန်လာဖို့ကျွန်တော်တို့လေ့လာစူးစမ်းနေတာဖြစ် ပါတယ်။အဲ့ဒီကနေပိုကောင်းတဲ့ဂိမ်းတွေဖန်တီးတဲ့ဘက်ကိုရောက်သွားမယ်လို့ယုံကြည်ထားပါ” လို့ရိုးရိုးလေးပြောသွားတာဖြစ်ပါတယ်။
EA က Visceral Studios ကိုအလားတူအကြောင်းပြချက်တွေ နဲ့ပိတ်ဖို့ဆုံးဖြတ်ခဲ့ပြီးနောက် Housemarque စတူဒီယိုကလည်း arcade ဂိမ်းတွေကိုရပ်ဖို့ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ကြတာဟာဆိုရှယ်နဲ့ multiplayer-driven ဂိမ်းတွေဘက်ကိုဦးလှည့်ချင်တာ ကြောင့်ဖြစ်ပါတယ်။
Housemarque အနေနဲ့နောင်မှာဘယ်လိုဂိမ်းတွေကိုထုတ်သွားမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။ လက်ရှိမှာတော့အဲ့ဒီအကောင်းစားဂိမ်းတွေထွက်မလာသေးပေမယ့် Housemarque စတူဒီယိုကနောက်ဆုံးလို့ပြောထားတဲ့ Resogun နဲ့ Nex Machina ဂိမ်းတွေကတော့တတကယ်ဆော့သင့်တဲ့ဂိမ်းတွေပဲဖြစ်ပါတယ်။