[zawgyi]
PUBG (PlayerunknownBattleground) ဘယ္ေလာက္ေပါက္လဲဆိုတာ သူ႔ရဲ့ မၿပီးေသးတဲ့ early access အေျခအေနမွာေတာင္ သန္း ၂၀ ေလာက္ေရာင္းထားရတာပဲၾကည့္ပါ။ ထုတ္လုပ္သူကေတာ့ Bluehole ျဖစ္ပါတယ္။ ဒါေပမယ့္ Bluehole က PUBG ရဲ့ေအာင့္ျမင္မွဳမွာ အခ်ိန္ၾကာၾကာ သာယာေနပံုမရပါဘူး။ ေနာက္ထပ္ စိတ္ဝင္စားဖို့ေကာင္းတဲ့ ဂီမ္းတစ္ခုထုတ္မယ္လို့ ေၾကျငာလိုက္ပါတယ္။ Ascent : infinite Realm ဆိုတဲ့ နာမည္နဲ့ MMORPG တစ္ခုျဖစ္ပါတယ္။ ေရးတဲ့သူကေတာ့ ကိုရီးယား ကုပၼဏီတစ္ခုျဖစ္တဲ့ Kakao Games ကေရးတာပါ။ Bluehole ကေတာ့ publisher ေပါ့ေလ။
တစ္ကယ္ကို ထူးျခားတဲ့ MMO တစ္ခုထြက္လာမယ္လို့ ေျပာထားၿပီး trailer အရေတာ့ steampuck ဆန္ဆန္ေတြ႔ရပါတယ္။ FF တို့လို့ high fantasy ေပါ့။ အေသးစိတ္ကိုေတာ့ ေနာက္မွ ထုတ္ျပန္မယ္ေျပာထားပါတယ္။ trailer ကေတာ့ တကယ္ အလန္းစားတစ္ခုျဖစ္ၿပီးေတာ့ MMORPG player ေတြအတြက္ကေတာ့ အႀကိဳက္ေတြ႔လိမ့္မယ္ထင္ပါတယ္။ Dragon လည္းေတြလိုက္သလို၊ titan ေတြ၊ ကုန္ေပၚေရာက္ေနတဲ့ မိေက်ာင္းေတြ အျပင္ တစ္ခ်ိဳ႔ ကိစၥေတြကေတာ့ fantasy world ေတြရဲ့ ထံုးစံလို့ေျပာလို႔ရလာတဲ့ ေလေပၚေရာက္ေနတဲ့ ကြၽန္းေတြပါလာတာလည္း ေတြ႔ရပါတယ္။ စိတ္ အဝင္စားဆံုးကေတာ့ ေလသဘၤာေတြပါ။ Character class အေနနဲ့ Mytic, Sorceress, Warlord, Assassin, Gunslinger ဆိုၿပီး ၅ မ်ိုးေပးထားတာေတြ႔ရတယ္။
2018 ခုနွစ္ အေစာပိုင္းမွာေတာ့ beta ထြက္လာမယ္ေျပာပါတယ္။ sign up လုပ္ၿပီး beta ေဆာ့ခ်င္ရင္ေတာ့ ဒီကို A:IR sign up သြားနိုင္ပါတယ္။ character class ကိုေတာ့ ဖတ္လို့ရပါလိမ့္မယ္။
[unicode]
PUBG (PlayerunknownBattleground) ဘယ်လောက်ပေါက်လဲဆိုတာ သူ့ရဲ့ မပြီးသေးတဲ့ early access အခြေအနေမှာတောင် သန်း ၂၀ လောက်ရောင်းထားရတာပဲကြည့်ပါ။ ထုတ်လုပ်သူကတော့ Bluehole ဖြစ်ပါတယ်။ ဒါပေမယ့် Bluehole က PUBG ရဲ့အောင့်မြင်မှုမှာ အချိန်ကြာကြာ သာယာနေပုံမရပါဘူး။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ ဂီမ်းတစ်ခုထုတ်မယ်လို့ ကြေငြာလိုက်ပါတယ်။ Ascent : infinite Realm ဆိုတဲ့ နာမည်နဲ့ MMORPG တစ်ခုဖြစ်ပါတယ်။ ရေးတဲ့သူကတော့ ကိုရီးယား ကုပ္မဏီတစ်ခုဖြစ်တဲ့ Kakao Games ကရေးတာပါ။ Bluehole ကတော့ publisher ပေါ့လေ။
တစ်ကယ်ကို ထူးခြားတဲ့ MMO တစ်ခုထွက်လာမယ်လို့ ပြောထားပြီး trailer အရတော့ steampuck ဆန်ဆန်တွေ့ရပါတယ်။ FF တို့လို့ high fantasy ပေါ့။ အသေးစိတ်ကိုတော့ နောက်မှ ထုတ်ပြန်မယ်ပြောထားပါတယ်။ trailer ကတော့ တကယ် အလန်းစားတစ်ခုဖြစ်ပြီးတော့ MMORPG player တွေအတွက်ကတော့ အကြိုက်တွေ့လိမ့်မယ်ထင်ပါတယ်။ Dragon လည်းတွေလိုက်သလို၊ titan တွေ၊ ကုန်ပေါ်ရောက်နေတဲ့ မိကျောင်းတွေ အပြင် တစ်ချို့ ကိစ္စတွေကတော့ fantasy world တွေရဲ့ ထုံးစံလို့ပြောလို့ရလာတဲ့ လေပေါ်ရောက်နေတဲ့ ကျွန်းတွေပါလာတာလည်း တွေ့ရပါတယ်။ စိတ် အဝင်စားဆုံးကတော့ လေသင်္ဘာတွေပါ။ Character class အနေနဲ့ Mytic, Sorceress, Warlord, Assassin, Gunslinger ဆိုပြီး ၅ မျိုးပေးထားတာတွေ့ရတယ်။
2018 ခုနှစ် အစောပိုင်းမှာတော့ beta ထွက်လာမယ်ပြောပါတယ်။ sign up လုပ်ပြီး beta ဆော့ချင်ရင်တော့ ဒီကို A:IR sign up သွားနိုင်ပါတယ်။ character class ကိုတော့ ဖတ်လို့ရပါလိမ့်မယ်။