Heart of the House
သရဲခြောက်တဲ့ စံအိမ်ကြီးထဲမှာ မိဘမဲ့တစ်ယောက်နေရာကနေဝင်ကစားရဖို့ပါ။ Book game (စာအုပ်ဂိမ်း) တစ်ခုဖြစ်ပြီးတော့ english တော့ရမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်ပိုင်ဇာတ်ကောင်ရဲ့ လိင်ကိုရွေးခွင့်ပေးတဲ့အခါ စိတ်ဝင်စားဖို့ကောင်းတာက Poly အထိပါလာတာပဲ။ ပုံတွေအပြင်အဆင်ကတော့ Gothic ပုံစံဖြစ်ပါတယ်။ ဇာတ်လမ်းက ကောင်းလွန်းတယ်လို့ပြောရမယ်။ ပေါ့ပေါ့ပါ့ပါ့းဆော့မယ်ဆိုရင်တာ့ အားမပေးပါဘူး။ တစ်ချို့မေးခွန်းတွေက ကိုယ်တိုင်ပြန်သုံးသပ်မိတဲ့အထိ ကောင်းလွန်းတာတွေ့ရပါတယ်။ Book game တွေထဲမှာစီးမျောချင်တဲ့ သူတွေအတွက်တာ့ လက်မလွှတ်သင့်ပါဘူး။ iOS မှာ US6 ရှိနေပြီး android မှာတော့ အစပိုင်းကို အမြည်းနည်းနည်းပေးထားပါတယ်၊ ပြီးရင်တော့ဝယ်ရမှာပါ။ ဆော့ဖြစ်တယ်ဆိုရင်တော့ လူတိုင်းကို ကယ်လိုက်နိုင်ပါစေဗျာ။ မကြောက်လိုက်မိတဲ့ Horror game တစ်ခုပေါ့။
Simulcra
Anna ဆိုတဲ့ ကောင်မလေးတစ်ယောက် ထူးဆန်းစွာပျောက်သွားတယ်။ သူ့ဖုန်းကသင့်ဆီရောက်လာတယ်။ ဒီတစ်ခုကလည်း ဂျွတ်ကြီးပဲ၊ ကိုယ့်ဖုန်းက အဲ့ကောင်မလေးဆီကကောက်ရတဲ့ဖုန်းဖြစ်သွားတာ။ အဓိကပေးနိုင်တဲ့ရသက ၂ခု၊ ပထမတစ်ခုက တစ်ခြားလူတစ်ယောက်ပျောက်နေတဲ့အတွက် သိချင်ဇောနဲ့ စိုးရိမ်စိတ်၊ နောက်တစ်ခုက သူများဖုန်းထဲကို စိတ်ကြိုက်ဝင်မွှေခွင့်ရနေတဲ့ စိတ်။ ဇာတ်လမ်းသွားတစ်လျှောက် မှာကိုယ့်ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ဇာတ်လမ်းအဆုံးသတ် ၅ခုအထိရှိနိုင်ပါတယ်တော့ပြောထားတယ်။ အချိန်ရရင်တော့ ဇာတ်လမ်း တစ်ခုကို ညတစ်ဝက်လောက်တော့ကုန်နိုင်ပါလိမ့်မယ်ထင်တယ်။ ကိုယ်တိုင်တော့ အားတဲ့အချိန်ကစားသွားတဲ့အတွက် အချိန်မှတ်မထားမိလိုက်ဘူး။ ကျန်တဲ့ဇာတ်လမ်းအဆုံးသတ် ၄ ခုကိုတော့မသိတော့ဘူးပေါ့။ အရင် SIM (Sara is missing) ကစားဖူးတဲ့ Player တွေကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။
Final Fantasy Dimensions II
FF Dimension 2 ဆိုလို့ အရင် FF Dimension (f2p) ရဲ့ အဆက်လို့ထင်ရင်မှားသွားမယ်။ ကျွန်တော်တော့မှားသွားတယ်။ လိုချင်တာက JRPG ဒါပေမယ့် Square ကဒီထဲမှာ Final Fantasy game တွေထဲကခွဲထွက်ထားတယ်ပြောပါမယ်။ Stamina, premium currency, gatcha မရှိတော့ဘူး။ ပြီးတော့ dungeon မဟုတ်တော့ပဲနဲ့ လိုချင်တဲ့ နေရာကိုထောက်သွား ၊ ရောက်ရင် ဇာတ်လမ်းထပ်ဆက် မပြီးနိုင်သောအကောင်တွေကို battle ဆိုင်၊ Battle တွေကြားမှာ turned-base အတွက်ပြင်ဆင် သွားရင်း စကားတွေပြောရင်း social RPG ကိုပဲ အခြေခံထားတာပါ။ ဒါပေမယ့် FF gamer တွေအတွက် ဆိုရင်တော့ စိတ်ပျက်ရလိမ့်မယ်နဲ့ တူတယ်။ လက်ရှိသွားနေတဲ့ တစ်ခြား RPG တွေရဲ့ ကိစ္စတစ်ချို့ကိုဆွဲသွင်းလာတယ်လို့ခံစားရတယ်။ menu တစ်ခုကနေပဲသွားနေလိုလည်းရတဲ့အတွက် သိပ် အာရုံထားကစားစရာလည်းမလိုဘူးပေါ့လေ။ ဒီ USD15 တန်တဲ့ ဂိမ်းက တစ်ချို့အတွက်တော့ တည်ဆောက်ပုံနဲ့ ရိုးရိုး RPG တွေနဲ့ မတူတဲ့ အချက်တွေကတော့ ဆွဲဆောင်ထားနိုင်ဦးမယ်ထင်ပါတယ်။ USD15 သုံးပြီးရင်တော့ ထပ်သုံးစရာမလိုတော့ဘူးလေ။ Online ဆိုရင် microtransition ကိုကြောင်နေရဦးမှာမဟုတ်လား။
The Tower Assassin’s Creed
Assassin’s Creed ရဲ့ Player တွေကတော့ နာမည်တွေသိနေတာကလွဲရင် AC နဲ့ဘာမှမဆိုင်ပါဘူး။ ပေါ့ပေါ့ပါးပါးပါ့း တိုင်တက်တဲ့ ဂိမ်းလေးပေါ့။ ဘာမှလည်းဝယ်စရာမလိုဘူး၊ ကြော်ငြာတော့နည်းနည်းကြည့်ရမှာပေါ့။ ကစားနည်းကလည်း ရိုးရှင်းပါတယ်။ အချိန်အဆလေးနဲ့ Tower ကိုမြင့်နိုင်သမျှဆောက်၊ ပြန်ဆင်းမှာရသမျှ coin ရှာ။ assassin အသစ်တွေထပ်ဝယ်လို့ရမှာပေါ့။ လက်ရှိမှာတော့ 9 ကောင်ပဲရပါသေးတယ်၊ တစ်ချို့တွေမတွေ့သေးဘူး။ သွားရင်းလာရင်းဆော့ပျော်တဲ့ဂိမ်းလေးပါ။
Sky Gamblers -infinite Jets
Skygambler series ထဲကနောက်ဆုံးထွက်ထားတယ်ပေါ့။ series ထဲကအရင်ဂိမ်းတွေလိုပဲ Graphic တွေတိုးတက်လာတာကတော့ သိသာပါတယ်။ control အဆင်ပြေတာတွေ့ရတယ်။ single-player အနေနဲ့ဆိုရင်တော့ သူ့ကိုဝယ်ရတဲ့ USD5 ကမဆိုးပါဘူးလို့ပြောလို့ရမယ်။ upgrade ထိုင်လုပ်နေရမှာတော့ ရှိတာပေါ့။ online-multiplayer ကတော့ ချိတ်လို့မရလို့ မသိသေးဘူး။ error တော့မဟုတ်ဘူးထင်ပါတယ်။ Character Ai နဲ့ဆော့ခိုင်းရင်တော့ အတော်ဆိုးတယ်ပြောရလိမ့်မယ်။ လောလောဆယ် Android version လည်းမရှိသေးပါဘူး။
Runic Rampage
Buy once and done ဆိုတဲ့ ဂိမ်းတွေကိုကြိုက်တဲ့သူတွေအတွက်ပေါ့။ တစ်ခါဝယ်ပြီးရင် နောက်ထပ် ဘာမှမလိုတော့တာမျိုး။ in-app-purchase ပါမလာဘူးရှင်းတယ်။ ဘာမှလည်းထပ်ဝယ်လို့မရဘူး။ Grimbard ဆိုတဲ့ လူပု dwarf နေရာကဝင်ကစားရမယ်၊ တူတစ်လက်ယူသွား၊ တွေ့ရာခုတ်ပေတော့။ ကိုယ်ပိုင် character တည်ဆောက်တဲ့ အပိုင်းမှာကောင်းပါတယ်။ ပြီးတော့ battle ရုပ်ထွက် တွေကိုသေချာ လုပ်ထားတာတွေ့ရပါတယ်။ ကျွန်တော့အတွက်တော့ control တွေအဆင်ပြေတယ်၊ ရှင်းလင်းတယ်လို့ထင်ပါတယ်။ Boss တွေအနေနဲ့ကတော့ သိပ်ခက်နေတာမျိုးမတွေ့ရပါဘူး။ သူတို့မှာ လုပ်နေကျ အစီအစဉ် အကွက်တွေထဲမှာပဲရှိနေတာပါ။ မြေပုံမပါဘူး၊ တစ်ခုရှင်းတာပေါ့။ မြားပြထားတဲ့ အတိုင်းသွားရုံပဲ။ Upgrade အဆင့်တင်တဲ့အခါမှာတော့ ၂မျိုးရှိတယ်၊ character နဲ့ weapon ဆိုပြီး ၂ ပိုင်းခွဲထားပါတယ်။ မြေပုံတွေက generate ဖြစ်တဲ့အတွက် ထပ်နေတာမျိုးတော့ရှိနိုင်ပါတယ်။ အခုတ်တော့ကြမ်းတယ်။ တစ်ကြိမ်မကပြန်ဆော့ ဖြစ်နေပါလိမ့်မယ်။
PES Card Collection
FIFA ဆော့ဖြစ်တဲ့သူတွေအတွက် အစိမ်းသက်သက်မဟုတ်ပါဘူး။ တစ်ချို့ကိစ္စတွေကလွဲရင် same old ပါပဲ။ Konami ကလည်း EA နောက်ကိုလိုက်တယ်နဲ့တူပါတယ်။ National နဲ့ တစ်ကမ္ဘာလုံးက league အသင်းတွေ မှာရှိတဲ့ ကစားသမား card တွေလိုက်စုပြီး ကိုယ်ပိုင် အသင်းထောင်ခိုင်းတာပါပဲ။ manager game တစ်ခုပါပဲ။ mode တစ်ခုပါလာတာက ကိုယ်နဲ့ အသင်းတစ်သင်းထဲမှာ ၁၁ ယောက်ရှိပြီး card ၁ ခုစီရွေးရတယ်။တစ်ဘက်ကလည်း ၁၁ ယောက်မှာ card ၁ခုစီနဲ့ ပြိုင်ရတာတော့အသစ်ပေါ့လေ။ solo online သွားချင်လည်းရပါတယ်။ f2p ဖြစ်ပါတယ်။
ဒီတစ်ပတ်ကတော့ ဒီလောက်ပါပဲ၊ လွတ်သွားတာတစ်ချို့တော့ ရှိနိုင်ပါလိမ့်မယ်။ ပြီးတော့ မနေ့ကထွက်ထားတဲ့ ဂိမ်းတစ်ခု ၂ ခုလောက်ကိုတော့ နောက်တစ်ပတ်မှပဲထည့်ပေးလိုက်ပါ့မယ်။ ကျွန်တော်လည်း မကစားဖြစ်သေးလို့ပါ။ ဒီတစ်ပတ်အကြိုက်ဆုံးကတော့ Tower Assassin’s Creed ပဲဗျာ။