[zawgyi]
1 Bladebound
4 Cally’s Caves 4
ဒီတစ်ပတ်တော့ဒီလောက်ပါပဲဗျာ။
[unicode]
1 Bladebound
Hack & Slash RPG တစ်ခုဖြစ်ပါတယ်။ Bladebound လို့ခေါ်တဲ့ Hero နေရာကပါဝင်ကစားရမှာဖြစ်ပါတယ်။ အမှောင်ဖုံးလွှမ်းနေတဲ့ Ezura ဆိုတဲ့တိုင်းပြည်လို့ ဇာတ်လမ်းစထားပါတယ်။ ပုံမှန် gameplay ပုံစံကိုပဲ အခုနောက်ပိုင်း hack & slash တွေလို graphic upgrade တွေလုပ်လာကြတာတွေ့ရပါတယ်။ ထုံးစံအတိုင်း gear နဲ့ customization တွေရောင်းစားမဲ့သဘောပေါ့။ f2p (free to play) ဖြစ်ပါတယ်။
2 South Park : Phone Destroyer
ဒီလူတွေကတော့ ထုံးစံအတိုင်း အလွင့်ကြီးတွေထပ်လုပ်ထားပါတယ်။ Muitiplayer card battle တွေကတော့ ရီစရာတွေရော ပေါက်ကရတွေရောနဲ့ ပျော်ဖို့ကောင်းတဲ့ ဂီမ်းတစ်ခုပါ။ single player ကိုအရင်ဆော့ကြည့်တာပိုကောင်းပါလိမ့်မယ်။ ပေါက်ကရတွေကြောင့်ပဲ 17+ rating ဖြစ်နေပါတယ်။ f2p ဖြစ်ပါတယ်။
3 Minecraft : Story mode Season 2 Episode 4: Below the Bedrock
USD5 နဲ့ထွက်ရှိလာတဲ့ Minecraft ရဲ့ နောက်ဆုံး Season 2 Es 4 ဖြစ်ပါတယ်။ စထုတ်တဲ့ နေ့မှာ iOS ရဲ့ download error ရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ အဆင်ပြေသွားပါပြီ။ ကောင်းတာကတော့ အရင် episode တွေပြီးအောင်ကစားပြီးမှပဲ ဒီကိုလာစေချင်ပါတယ်။ ဇာတ်လမ်းကောင်းတစ်ခုအနေနဲ့ကတော့ မိုက်ပါ၏ပေါ့။ ရုပ်ထွက်ကြည့်မယ်ဆိုရင်တော့ အရသာမသိသေးတဲ့ တစ်ချို့ player တွေရွေးချယ်တဲ့ဂိမ်းမျိုးမဟုတ်ပါဘူး။
4 Cally’s Caves 4
Arcade adventure အဖြစ်ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့ အဆင်ပြေတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Cally’s Caves series ကိုဆော့ခဲ့တဲ့ player တွေကတော့ ဆက်ဆော့ဖြစ်ဦးမယ်ထင်ပါတယ်။ device အနိမ့်တွေမှာပါဆော့လို့ရနေသေးတာကတော့ developer ကို တစ်ချို့တွေ ကျေးဇူးတင်ရမယ်ထင်တယ်။ f2p (free to play)ဆိုပေမယ့် နောက်ဆက်တွဲထပ်ဝယ်ရမယ့် အပိုင်းအတွက်တော့ USD9 လောက်ပေးရပါလိမ့်မယ်။
5 Catan Stories : The legend of the Sea Robbers
ပုံပြင်တစ်ခုထဲမျောသွားဖို့ အချိန်ကောင်းကောင်းရတယ်ဆိုရင်တော့ ဆော့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဂိမ်းတစ်ခုဆိုတာထက် ကိုယ်တိုင်ပါဝင်ရတဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ရွေးချယ်မှုတွေနဲ့ ပုစ္ဆာတွေနဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Catan world ရှိတဲ့ အတွက် တစ်ချို့ကတော့ boardgame ကိုအရင်ပိုသိနေကြပါလိမ့်မယ်။ mobile တွေအတွက် USD2 နဲ့ရပါလိမ့်မယ်။
ဒီတစ်ပတ်တော့ဒီလောက်ပါပဲဗျာ။