[zawgyi]
This week ေရာက္လာျပန္ၿပီဆိုေတာ့ ကိုယ္တိုင္လည္း on the go မွာပဲရွိေနတဲ့အတြက္ မွီသေလာက္ေတာ့စုေပးလိုက္ပါတယ္။
Tactical Monsters Rumble Arena
Turn-based game တစ္ခုျဖစ္ၿပီးေတာ့ Android အတြက္နဲ့ Steam မွာပဲရနိုင္ပါေသးတယ္။ Monster မ်ိုးစံုပါတဲ့ PvP card game လို့လည္းေျပာလို့ရမယ္ထင္ပါတယ္။ တစ္ပြဲကို ၃-၅ မိနစ္ေလာက္ပဲၾကာမယ္ဆိုတာ့ ေဆာ့ေပ်ာ္ပါတယ္။
OCMO
ေရဘဝဲ ၿဂိဳလ္သားေနရာဝင္ကစားရမယ့္ ဂိမ္းတစ္ခုျဖစ္ၿပီးေတာ့ physics based game တစ္ခုျဖစ္ပါတယ္ (ninja style ေပါ့) ။ trailer မွာ smooth ျဖစ္ေပမယ့္ ကိုယ္တိုင္ကစားတဲ့ အခါ အဲ့ေလာက္မလြယ္ပါဘူး။ USD5 ရွိၿပီး level 80 အထိပါဝင္ပါတယ္။ iOS အတြက္ပဲရနိုင္ပါေသးတယ္။
[Appstore]
Lineage II : Revolution
PC မွာအေတာ္ေလးခရီးေရာက္ၿပီးသား MMORPG တစ္ခုျဖစ္တဲ့အတြက္ fan ေတြကေတာ့ ႀကိဳက္တဲ့သူရွိသလို အားမရပဲ ေဝဖန္ေနတဲ့သူေတြလည္းမ်ားပါတယ္။ ေရာေထြးေနတယ္ဆိုပါေတာ့။ တကယ္ေတာ့ game ကသူ့ဘာသာေဆာ့ေနတာကို player ကထိုင္ၾကည့္ေနရသလိုျဖစ္လာတာကလည္း mobile MMORPG ေတြမွာ စိတ္ပ်က္စရာေကာင္းလာတာပါပဲ။ PvP ေတြသိပ္မ်ားလာတဲ့အခါမွာ aggro သိပ္မ်ားလာၿပီး social value ေတြက်လာသလိုမ်ိုးေပါ့။
Plato : Play & Chat Together
Board game 19 ခုေလာက္ထည့္ေပးထားတဲ့ ဒီဂိမ္းေလးက ထြက္ထားတာေတာ့ ၆လေလာက္ရွိေနပါၿပီ။ 14th November ကထြက္ထားတဲ့ update မွာ ပိုၿပီး stable ျဖစ္လာတဲ့အတြက္ရယ္ ေအးေဆးတဲ့ဂိမ္းေတြ သူငယ္ခ်င္းေတြနဲ့ ေဆာ့ခ်င္တဲ့ player မ်ားအတြက္ရည္ရြယ္ပါတယ္။ iOS နဲ့ android နည္းနည္းေတာ့ကြာပါတယ္။ Developer အတူတူပါပဲ။
The Alchemist Code
another strategy RPG တစ္ခုေပါ့။ အရင္တစ္လေလာက္ကထြက္ရွိၿပီးျဖစ္ေပမယ့္ အခုအခါမွာေတာ့ world-wide ျဖစ္သြားပါၿပီ။ ဒီဂိမ္းေလးက Japan style fantasy ျဖစ္ၿပီး gameplay ပိုင္းမွာႀကိဳက္စရာေတြမ်ားပါတယ္။ သီခ်င္းေတြမိုက္တာခံစားရလိမ့္မယ္။ ၿပီးေတာ့ ေလာေလာဆယ္ login-awards ေတြေပးၿပီး player recruit လုပ္ေနတဲ့အခ်ိန္ျဖစ္ပါတယ္။
PC မွာေဆာ့ေနရတဲ့ MMORPG ေတြနဲ့ mobile ေတြကေတာ့ ရုပ္ထြက္ နဲ့ gameplay ေတြတိုင္းမွာ ကြာေနဦးမွာပါပဲ။ ဒါေပမယ့္ဘယ္ေျပာနိုင္မလဲ တစ္ခ်ိန္ခ်ိန္ေပါ့။
[unicode]
This week ရောက်လာပြန်ပြီဆိုတော့ ကိုယ်တိုင်လည်း on the go မှာပဲရှိနေတဲ့အတွက် မှီသလောက်တော့စုပေးလိုက်ပါတယ်။
Tactical Monsters Rumble Arena
Turn-based game တစ်ခုဖြစ်ပြီးတော့ Android အတွက်နဲ့ Steam မှာပဲရနိုင်ပါသေးတယ်။ Monster မျိုးစုံပါတဲ့ PvP card game လို့လည်းပြောလို့ရမယ်ထင်ပါတယ်။ တစ်ပွဲကို ၃-၅ မိနစ်လောက်ပဲကြာမယ်ဆိုတာ့ ဆော့ပျော်ပါတယ်။
OCMO
ရေဘဝဲ ဂြိုလ်သားနေရာဝင်ကစားရမယ့် ဂိမ်းတစ်ခုဖြစ်ပြီးတော့ physics based game တစ်ခုဖြစ်ပါတယ် (ninja style ပေါ့) ။ trailer မှာ smooth ဖြစ်ပေမယ့် ကိုယ်တိုင်ကစားတဲ့ အခါ အဲ့လောက်မလွယ်ပါဘူး။ USD5 ရှိပြီး level 80 အထိပါဝင်ပါတယ်။ iOS အတွက်ပဲရနိုင်ပါသေးတယ်။
[Appstore]
Lineage II : Revolution
PC မှာအတော်လေးခရီးရောက်ပြီးသား MMORPG တစ်ခုဖြစ်တဲ့အတွက် fan တွေကတော့ ကြိုက်တဲ့သူရှိသလို အားမရပဲ ဝေဖန်နေတဲ့သူတွေလည်းများပါတယ်။ ရောထွေးနေတယ်ဆိုပါတော့။ တကယ်တော့ game ကသူ့ဘာသာဆော့နေတာကို player ကထိုင်ကြည့်နေရသလိုဖြစ်လာတာကလည်း mobile MMORPG တွေမှာ စိတ်ပျက်စရာကောင်းလာတာပါပဲ။ PvP တွေသိပ်များလာတဲ့အခါမှာ aggro သိပ်များလာပြီး social value တွေကျလာသလိုမျိုးပေါ့။
Plato : Play & Chat Together
Board game 19 ခုလောက်ထည့်ပေးထားတဲ့ ဒီဂိမ်းလေးက ထွက်ထားတာတော့ ၆လလောက်ရှိနေပါပြီ။ 14th November ကထွက်ထားတဲ့ update မှာ ပိုပြီး stable ဖြစ်လာတဲ့အတွက်ရယ် အေးဆေးတဲ့ဂိမ်းတွေ သူငယ်ချင်းတွေနဲ့ ဆော့ချင်တဲ့ player များအတွက်ရည်ရွယ်ပါတယ်။ iOS နဲ့ android နည်းနည်းတော့ကွာပါတယ်။ Developer အတူတူပါပဲ။
The Alchemist Code
another strategy RPG တစ်ခုပေါ့။ အရင်တစ်လလောက်ကထွက်ရှိပြီးဖြစ်ပေမယ့် အခုအခါမှာတော့ world-wide ဖြစ်သွားပါပြီ။ ဒီဂိမ်းလေးက Japan style fantasy ဖြစ်ပြီး gameplay ပိုင်းမှာကြိုက်စရာတွေများပါတယ်။ သီချင်းတွေမိုက်တာခံစားရလိမ့်မယ်။ ပြီးတော့ လောလောဆယ် login-awards တွေပေးပြီး player recruit လုပ်နေတဲ့အချိန်ဖြစ်ပါတယ်။
PC မှာဆော့နေရတဲ့ MMORPG တွေနဲ့ mobile တွေကတော့ ရုပ်ထွက် နဲ့ gameplay တွေတိုင်းမှာ ကွာနေဦးမှာပါပဲ။ ဒါပေမယ့်ဘယ်ပြောနိုင်မလဲ တစ်ချိန်ချိန်ပေါ့။