[zawgyi]
က်န္ခဲ့တဲ့လေတြအတြင္းဗီဒီယိုဂိမ္းေလာကမွာပဲြဆူခဲ့တာကေတာ့ loot boxes နဲ ့microtransactions ေတြ ေၾကာင္းေတြပဲျဖစ္ပါတယ္။အဲ့ဒီကိစၥနဲ ့ပက္သက္ျပီးလူတိုင္းကကိုယ့္အျမင္ကိုယ္ထုတ္ေဖာ္ေျပာေနၾကတာျဖစ္ ျပီး Electronic Entertainment Expo 2017(E3 2017) မွာ Electronic Arts ကထုတ္ျပန္ေၾကညာခဲ့တဲ့ Anthem မွာအဲ့ဒီနည္းလမ္းေတြပါလာ၊ မပါလာမေျပာနိုင္တဲ့အေနအထားျဖစ္ေနပါတယ္။ ဂိမ္းေရးတဲ့ Bioware ကေတာ့အဲ့ဒီကိစၥကိုျပန္ေျဖထားပါတယ္။ ဘာမွေရေရရာရာမရိွပါဘူးလို ့ထုတ္ေဖာ္ေျပာဆိုလိုက္ တာေၾကာင့္စုိးရိမ္မႈေတြကိုေျပေလ်ာ့ေစခဲ့ပါတယ္။
Middle Earth: Shadow of War နဲ့ Star Wars: Battlefront II စတဲ့ဂိမ္းေတြမွာေတာင္ loot boxes နဲ႔ microtransactions ေတြပါလာၾကျပီျဖစ္လို ့ဂိမ္းကုမၸဏီေတြအေနနဲ ့ေရာင္းရေငြတက္လာေအာင္ Microtransactions ေတြကိုထည့္လာၾကတာဆိုေတာ့အေရးပါတဲ့ဂိမ္းေတြမွာအလားတူ feature ေတြပါမလာ ဘူးဆိုတာစဥ္းစားရခက္ေနပါတယ္။ EA ကအေျဖထုတ္ေပးလိုက္တဲ့ Anthem ဂိမ္းဟာ microtransactions ကေနအက်ိဳးအျမတ္ရနိုင္တဲ့ဂိမ္းျဖစ္ေပမယ့္ေဆာ့တဲ့သူေတြအေနနဲ ့ microtransactions ဆိုတဲ့အသံကိုၾကား ေတာင္ၾကားခ်င္တာမဟုတ္ပါဘူး။
BioWare developer ျဖစ္တဲ့ Manveer Heir ကေတာ့ EA ကအသုံးျပဳတဲ့ Microtransactions ကိုေဝဖန္ေျပာၾကားခဲ့တာေတြ ့ရပါတယ္။
“ျပသနာကေတာ့ကၽြန္ေတာ္တို ့ကဘက္ဂ်က္ကိုေဒၚလာသန္း ၁၀၀အထက္ကိုျမွင့္တင္ထားလိုက္တာပဲျဖစ္ပါ တယ္။ေဒၚလာသန္းတစ္ရာေအာက္ single-player games ေတြကိုကၽြန္ေတာ္တို ့မေရးေတာ့ဘူး။ဒါဆိုရင္ ဘာလုိ ့ႏွစ္ခုစလုံးရေအာင္လုပ္မေပးတာလဲ(single ေရာ multi ေရာ)။ microtransactions ကိုတစ္ခု မွာထည့္၊တစ္ခုမွာက်ေတာ့မထည့္နဲ ့ေပါ့ဗ်ာ။အေၾကာင္းကေတာ့ EA နဲ ့အျခားဂိမ္းလုပ္ငန္းၾကီးေတြက ရင္းထားသမွ်ေငြကေနအျမတ္အစြန္းမ်ားမ်ားလိုခ်င္တာေၾကာင့္ပဲျဖစ္ပါတယ္။ကစားသူေတြရဲ ့ဆႏၵကိုထည့္မစဥ္း စားၾကပါဘူး။ ကစားသူေတြဆီကဘယ္ေလာက္ရမလဲဆိုတာကိုပဲအေရးစိုက္ေနတာျဖစ္ပါတယ္”လို ့ Manveer Heir ကေဝဖန္ခဲ့တာျဖစ္ပါတယ္။
BioWare ဖန္တီးမႈဒါရိုက္တာ Brenon Holmes ကေတာ့ Anthem မွာ “Loot Box”ေတြပါလာမလားဆိုတာ နဲ ့ပက္သက္ျပီးေျဖၾကားခဲ့တာကေတာ့ Anthem ဂိမ္းကိုဖန္တီးသူေတြဟာဂိမ္းနဲ ့ေငြရွာတဲ့သေဘာတရားကို မၾကိဳက္တဲ့အျမင္တူ ဂိမ္းသမားေတြအျပည့္ပါေနတာျဖစ္လို ့အဲ့ဒီဂိမ္းမွာ microtransactions ထည့္တာနဲ ့ ပက္သက္ျပီးဆုံးျဖတ္ခ်က္မခ်နိုင္ဘဲျဖစ္ေနတယ္လို ့ဆိုပါတယ္။
[unicode]
ကျန်ခဲ့တဲ့လတွေအတွင်းဗီဒီယိုဂိမ်းလောကမှာပွဲဆူခဲ့တာကတော့ loot boxes နဲ့microtransactions တွေ ကြောင်းတွေပဲဖြစ်ပါတယ်။အဲ့ဒီကိစ္စနဲ့ပက်သက်ပြီးလူတိုင်းကကိုယ့်အမြင်ကိုယ်ထုတ်ဖော်ပြောနေကြတာဖြစ် ပြီး Electronic Entertainment Expo 2017(E3 2017) မှာ Electronic Arts ကထုတ်ပြန်ကြေညာခဲ့တဲ့ Anthem မှာအဲ့ဒီနည်းလမ်းတွေပါလာ၊ မပါလာမပြောနိုင်တဲ့အနေအထားဖြစ်နေပါတယ်။ ဂိမ်းရေးတဲ့ Bioware ကတော့အဲ့ဒီကိစ္စကိုပြန်ဖြေထားပါတယ်။ ဘာမှရေရေရာရာမရှိပါဘူးလို့ထုတ်ဖော်ပြောဆိုလိုက် တာကြောင့်စိုးရိမ်မှုတွေကိုပြေလျော့စေခဲ့ပါတယ်။
Middle Earth: Shadow of War နဲ့ Star Wars: Battlefront II စတဲ့ဂိမ်းတွေမှာတောင် loot boxes နဲ့ microtransactions တွေပါလာကြပြီဖြစ်လို့ဂိမ်းကုမ္ပဏီတွေအနေနဲ့ရောင်းရငွေတက်လာအောင် Microtransactions တွေကိုထည့်လာကြတာဆိုတော့အရေးပါတဲ့ဂိမ်းတွေမှာအလားတူ feature တွေပါမလာ ဘူးဆိုတာစဉ်းစားရခက်နေပါတယ်။ EA ကအဖြေထုတ်ပေးလိုက်တဲ့ Anthem ဂိမ်းဟာ microtransactions ကနေအကျိုးအမြတ်ရနိုင်တဲ့ဂိမ်းဖြစ်ပေမယ့်ဆော့တဲ့သူတွေအနေနဲ့ microtransactions ဆိုတဲ့အသံကိုကြား တောင်ကြားချင်တာမဟုတ်ပါဘူး။
BioWare developer ဖြစ်တဲ့ Manveer Heir ကတော့ EA ကအသုံးပြုတဲ့ Microtransactions ကိုဝေဖန်ပြောကြားခဲ့တာတွေ့ရပါတယ်။
“ပြသနာကတော့ကျွန်တော်တို့ကဘက်ဂျက်ကိုဒေါ်လာသန်း ၁၀၀အထက်ကိုမြှင့်တင်ထားလိုက်တာပဲဖြစ်ပါ တယ်။ဒေါ်လာသန်းတစ်ရာအောက် single-player games တွေကိုကျွန်တော်တို့မရေးတော့ဘူး။ဒါဆိုရင် ဘာလို့နှစ်ခုစလုံးရအောင်လုပ်မပေးတာလဲ(single ရော multi ရော)။ microtransactions ကိုတစ်ခု မှာထည့်၊တစ်ခုမှာကျတော့မထည့်နဲ့ပေါ့ဗျာ။အကြောင်းကတော့ EA နဲ့အခြားဂိမ်းလုပ်ငန်းကြီးတွေက ရင်းထားသမျှငွေကနေအမြတ်အစွန်းများများလိုချင်တာကြောင့်ပဲဖြစ်ပါတယ်။ကစားသူတွေရဲ့ဆန္ဒကိုထည့်မစဉ်း စားကြပါဘူး။ ကစားသူတွေဆီကဘယ်လောက်ရမလဲဆိုတာကိုပဲအရေးစိုက်နေတာဖြစ်ပါတယ်”လို့ Manveer Heir ကဝေဖန်ခဲ့တာဖြစ်ပါတယ်။
BioWare ဖန်တီးမှုဒါရိုက်တာ Brenon Holmes ကတော့ Anthem မှာ “Loot Box”တွေပါလာမလားဆိုတာ နဲ့ပက်သက်ပြီးဖြေကြားခဲ့တာကတော့ Anthem ဂိမ်းကိုဖန်တီးသူတွေဟာဂိမ်းနဲ့ငွေရှာတဲ့သဘောတရားကို မကြိုက်တဲ့အမြင်တူ ဂိမ်းသမားတွေအပြည့်ပါနေတာဖြစ်လို့အဲ့ဒီဂိမ်းမှာ microtransactions ထည့်တာနဲ့ ပက်သက်ပြီးဆုံးဖြတ်ချက်မချနိုင်ဘဲဖြစ်နေတယ်လို့ဆိုပါတယ်။
Source : bioware