[zawgyi]
ကြၽန္ေတာ္တို့ ဂိမ္းေတြေဆာ့ၾကတယ္၊ တစ္ခါတစ္ေလမွာ ဂိမ္းေဆာ့ရင္း glitch နဲ့ bug ဆိုတာမ်ိုးက ၾကားဖူးလာၾကပါလိမ့္မယ္၊ ႀကံဳလည္း ႀကံဳဖူးၾကပါလိမ့္မယ္။ ဂိမ္းေတြဟာလည္း တကယ္ေတာ့ ကြၽန္ေတာ္တို့သံုးေနတဲ့ တစ္ျခား application ေတြ software ေတြလိုပဲ Programming language ေတြျဖစ္တဲ့ C++, java နဲ့ apple ဘက္မွာဆိုရင္လည္း swift နဲ့ေရးၾကရပါတယ္။ ဒီလိုေရးၾကတဲ့အခါ program ကိုေရးတဲ့ line တိုင္းက အမွားမကင္းၾကပါဘူး။ ဒီလို programming ေၾကာင့္ျဖစ္လာတဲ့ အမွားတစ္ခုခု၊ ပံုမွန္ရည္ရြယ္ထားတဲ့ အတိုင္းလုပ္ေဆာင္ျခင္းမျပဳေတာ့ပဲ မေမွ်ာ္လင့္တဲ့ အျပဳအမူမ်ိဳး ျဖစ္လာတာကို glitch/bug လို့ေခၚပါတယ္။ ဒါေတြက ခဏတာျဖစ္ေနမွာျဖစ္ၿပီးေတာ့ မ်ားေသာအားျဖင့္ programmer ေတြကဒါေတြကိုျပန္လိုက္ရွာၿပီး ျပင္ၾကပါလိမ့္မယ္။ အေသးစိတ္သြားရင္ေတာ့ ေဆာင္းပါကၿပီးမွာမဟုတ္ဘူး။
ဒီေတာ့ ျဖစ္တတ္တဲ့ bugs အမ်ိုးအစားေတြကို အၾကမ္းအားျဖင့္ အမ်ိုးအစားခြဲၾကည့္ရေအာင္၊
1 Crash
ျမန္မာလိုေတာ့ “ျပဳတ္က်တယ္” “ရပ္သြားတယ္” ဒါမ်ိုးပဲေျပာေနျဖစ္ပါတယ္။ ေဆာ့ေနရင္း ဘယ္လို စာသားမွ မေပၚလာပဲ ဘာမွ အေၾကာင္းမၾကားပဲ ရုတ္တရက္ ဂိမ္းထဲကထြက္သြားတာ၊ ဘာမွႏွိပ္လို့မရေတာ့ပဲ ရပ္သြားတဲ့ ကိစၥေတြကိုေခၚပါတယ္။ မ်ားေသာအားျဖင့္ေတာ့ အခန္းနစ္ခန္းကေန ေနာက္တစ္ခန္းကိုကူးတဲ့ အခ်ိန္ေတြ မွာျဖစ္တတ္ပါတယ္။ ေနာက္တစ္ခုက battle ဆိုင္ေနတဲ့ အခ်ိန္ေတြ၊ ဒါမွမဟုတ္ စကားေျပာေနရင္း option A နဲ့ B ေပးထားတဲ့အခါမ်ိုးေတြမွာ A ကိုေရြးလိုက္တိုင္း ဂိမ္းကဆက္မသြားေတာ့ပဲ ဘာမွႏွိပ္မရပဲ ရပ္သြားတာမ်ိုးေတြေရာေပါ့။ save လုပ္ထားတဲ့ ဂိမ္း ျပန္တက္မလာတာလည္း အပါအဝင္ေပါ့။
2 Severe
ဒီလိုျဖစ္တဲ့ bug ကေတာ့ ဂိမ္းရပ္သြားတာ ထြက္သြားတာ ေတြမျဖစ္ပဲ၊ ဇာတ္လမ္းသြားအတိုင္းေရွ႕ဆက္လို့မရေတာ့တာမ်ိုးပါ။ ဥပမာ. Elder Scroll : Skyrim မွာဆိုရင္ NPC တစ္ေကာင္ေပ်ာက္ေနတဲ့ quest တစ္ခုရွိခဲ့ပါတယ္။ သူ႔ကိုရွာေတြ႔ရမယ့္ ေနရာမွာ ကိုယ္ကေရာက္ေနေပမယ့္လည္း ကိုယ္ေရာက္ေနေၾကာင္းမသိေတာ့ အဲ့ဒီ့ NPC က အလုပ္အလုပ္ပါဘူး။ ဒီေတာ့ quest ကိုဆက္သြားလို့မရဘူးေပါ့။ တစ္ခ်ိန္က Sacred မွာလည္း အဲ့လိုျဖစ္ဘူးတာရွိပါတယ္။ ကႏၱာရ ထဲကိုေရာက္တဲ့အခါ ရွာေတြ႔ရမယ့္ ခြက္ကေလးတစ္ခုက မေပၚလာတာမ်ိုးပါ။ ဒီ bug ေတြကိုေတာ့ patch ေတြဘာေတြထြက္လာတာမရွိပဲ command line ေခၚၿပီးျပင္လို့ရပါတယ္။ PC ေတြမွာဆိုရင္ေပါ့။
3 General
ဒီလို အျဖစ္ေလးေတြကေတာ့ quest ကိုအေႏွာက္အယွက္မေပးပါဘူး။ ဒါေပမယ့္ gameplay ပိုင္းကိုထိခိုက္တာမ်ိုးေပါ့။ ဥပမာ – zombile game တစ္ခုမွာ zombile ကို kill ၿပီးမွ အဲ့ zombie ကတံခါးၾကားညပ္ၿပီး ဆန့္ငင္ ဆန့္ငင္ ျဖစ္ေနတာမ်ိုးေတြ၊ horror game ေတြမွာ တံတိုင္းထဲညပ္ေနတာမ်ိုးေတြက်ေတာ့ ဂိမ္းက မလိုအပ္ပဲ ရုန္းရတဲ့အတြက္ fps က်ၿပီး စက္ေလးတာမ်ိုးျဖစ္တတ္ပါတယ္။ ၿပီးေတာ့ player အတြက္လည္း စိတ္အေနွာက္အယွက္ျဖစ္ရတာေပါ့။ မ်ားေသာအားျဖင့္ေတာ့ clipping ျဖစ္တာေတြကိုေခၚၾကပါစို့၊ clipping ဆိုတာက ပစၥည္းေတြက နံရံနဲ့ ေျမႀကီးေတြကို မသိေတာ့တာပါ။
4 Minor
ဒီလို bug ေတြကေတာ့ gameplay နဲ႔ quest ကိုဘာမွမထိခိုက္ပါဘူး။ အေသးအဖြဲေတြပဲျဖစ္ပါတယ္၊ စကားေျပာတဲ့အခန္းေတြမွာ ပါးစပ္မလွုပ္တာကေန battle ေတြမွာ လည္ပင္းျပတ္လိုျပတ္လိုက္ခုတ္ေနတဲ့ ကိစၥေတြမ်ိုးေပါ့။ Fallout မွာႀကံဳဖူးၾကပါလိမ့္မယ္။ ၿပီးေတာ့ Assassin’s Creed မွာလည္း နာမည္ႀကီး မ်က္နွာမပါလာတာရွိခဲ့ဖူးပါတယ္။ တစ္ခ်ို႔ ဂိမ္းေတြမွာအဲ့လိုျဖစ္ရင္ ရုပ္ထြက္ေတြနဲ့တင္ ခ်က္ခ်င္းႀကီး သရဲဂိမ္းျဖစ္သြားတာမ်ိုးေပါ့။ မထိခိုက္ဘူးဆိုေပမယ့္ player ရဲ့ အျမင္ကိုေတာ့ ဒုကၡေပးပါတယ္။
5 Cosmetic
openworld game ေတြမွာပဲျဖစ္ျဖစ္ ဘယ္မွာပဲ ျဖစ္ျဖစ္ပါ အခန္းကိုေဖာက္ၿပီးျမင္ေနရတာ၊ ျမက္ခင္းေတြက တံခါးေပၚေရာက္ေနတာ texture လို့ေခၚတဲ့ မ်က္နွာျပင္ေတြရဲ့ အျမင္ေတြမွားေနတာေတြကိုေခၚပါတယ္။ gameplay နဲ့ questline ေတြကို မထိခိုက္ဘူးဆိုေပမယ့္ အျမင္အရေတာ့ တစ္ခါတစ္ေလ ဘယ္ေရာက္ေနမွန္းမသိရေအာင္ ဒုကၡေပးတတ္ပါတယ္။ character ေတြရဲ့ skin ေတြေပါက္ေနတာမ်ိုးလည္း ႀကံုရပါလိမ့္မယ္။
ဂရုစိုက္တဲ့ developer ေတြကေတာ့ patch နဲ့ fix ေတြထုတ္ၿပီးေတာ့ ျပင္ဖို့ႀကိဳးစားၾကပါလိမ့္မယ္။ တစ္ခ်ိဳ႔ေတြက်ေတာ့လည္း ၾကားမွာ hacker နဲ႔ modder ေတြက ဘယ္လိုျပင္လို့ရေၾကာင္းေျပာပါလိမ့္မယ္။ ေသခ်ာတာကေတာ့ ဘယ္ဂိမ္းမွ bugs ရန္ကမလြတ္ပါဘူး။
[unicode]
ကျွန်တော်တို့ ဂိမ်းတွေဆော့ကြတယ်၊ တစ်ခါတစ်လေမှာ ဂိမ်းဆော့ရင်း glitch နဲ့ bug ဆိုတာမျိုးက ကြားဖူးလာကြပါလိမ့်မယ်၊ ကြုံလည်း ကြုံဖူးကြပါလိမ့်မယ်။ ဂိမ်းတွေဟာလည်း တကယ်တော့ ကျွန်တော်တို့သုံးနေတဲ့ တစ်ခြား application တွေ software တွေလိုပဲ Programming language တွေဖြစ်တဲ့ C++, java နဲ့ apple ဘက်မှာဆိုရင်လည်း swift နဲ့ရေးကြရပါတယ်။ ဒီလိုရေးကြတဲ့အခါ program ကိုရေးတဲ့ line တိုင်းက အမှားမကင်းကြပါဘူး။ ဒီလို programming ကြောင့်ဖြစ်လာတဲ့ အမှားတစ်ခုခု၊ ပုံမှန်ရည်ရွယ်ထားတဲ့ အတိုင်းလုပ်ဆောင်ခြင်းမပြုတော့ပဲ မမျှော်လင့်တဲ့ အပြုအမူမျိုး ဖြစ်လာတာကို glitch/bug လို့ခေါ်ပါတယ်။ ဒါတွေက ခဏတာဖြစ်နေမှာဖြစ်ပြီးတော့ များသောအားဖြင့် programmer တွေကဒါတွေကိုပြန်လိုက်ရှာပြီး ပြင်ကြပါလိမ့်မယ်။ အသေးစိတ်သွားရင်တော့ ဆောင်းပါကပြီးမှာမဟုတ်ဘူး။
ဒီတော့ ဖြစ်တတ်တဲ့ bugs အမျိုးအစားတွေကို အကြမ်းအားဖြင့် အမျိုးအစားခွဲကြည့်ရအောင်၊
1 Crash
မြန်မာလိုတော့ “ပြုတ်ကျတယ်” “ရပ်သွားတယ်” ဒါမျိုးပဲပြောနေဖြစ်ပါတယ်။ ဆော့နေရင်း ဘယ်လို စာသားမှ မပေါ်လာပဲ ဘာမှ အကြောင်းမကြားပဲ ရုတ်တရက် ဂိမ်းထဲကထွက်သွားတာ၊ ဘာမှနှိပ်လို့မရတော့ပဲ ရပ်သွားတဲ့ ကိစ္စတွေကိုခေါ်ပါတယ်။ များသောအားဖြင့်တော့ အခန်းနစ်ခန်းကနေ နောက်တစ်ခန်းကိုကူးတဲ့ အချိန်တွေ မှာဖြစ်တတ်ပါတယ်။ နောက်တစ်ခုက battle ဆိုင်နေတဲ့ အချိန်တွေ၊ ဒါမှမဟုတ် စကားပြောနေရင်း option A နဲ့ B ပေးထားတဲ့အခါမျိုးတွေမှာ A ကိုရွေးလိုက်တိုင်း ဂိမ်းကဆက်မသွားတော့ပဲ ဘာမှနှိပ်မရပဲ ရပ်သွားတာမျိုးတွေရောပေါ့။ save လုပ်ထားတဲ့ ဂိမ်း ပြန်တက်မလာတာလည်း အပါအဝင်ပေါ့။
2 Severe
ဒီလိုဖြစ်တဲ့ bug ကတော့ ဂိမ်းရပ်သွားတာ ထွက်သွားတာ တွေမဖြစ်ပဲ၊ ဇာတ်လမ်းသွားအတိုင်းရှေ့ဆက်လို့မရတော့တာမျိုးပါ။ ဥပမာ. Elder Scroll : Skyrim မှာဆိုရင် NPC တစ်ကောင်ပျောက်နေတဲ့ quest တစ်ခုရှိခဲ့ပါတယ်။ သူ့ကိုရှာတွေ့ရမယ့် နေရာမှာ ကိုယ်ကရောက်နေပေမယ့်လည်း ကိုယ်ရောက်နေကြောင်းမသိတော့ အဲ့ဒီ့ NPC က အလုပ်အလုပ်ပါဘူး။ ဒီတော့ quest ကိုဆက်သွားလို့မရဘူးပေါ့။ တစ်ချိန်က Sacred မှာလည်း အဲ့လိုဖြစ်ဘူးတာရှိပါတယ်။ ကန္တာရ ထဲကိုရောက်တဲ့အခါ ရှာတွေ့ရမယ့် ခွက်ကလေးတစ်ခုက မပေါ်လာတာမျိုးပါ။ ဒီ bug တွေကိုတော့ patch တွေဘာတွေထွက်လာတာမရှိပဲ command line ခေါ်ပြီးပြင်လို့ရပါတယ်။ PC တွေမှာဆိုရင်ပေါ့။
3 General
ဒီလို အဖြစ်လေးတွေကတော့ quest ကိုအနှောက်အယှက်မပေးပါဘူး။ ဒါပေမယ့် gameplay ပိုင်းကိုထိခိုက်တာမျိုးပေါ့။ ဥပမာ – zombile game တစ်ခုမှာ zombile ကို kill ပြီးမှ အဲ့ zombie ကတံခါးကြားညပ်ပြီး ဆန့်ငင် ဆန့်ငင် ဖြစ်နေတာမျိုးတွေ၊ horror game တွေမှာ တံတိုင်းထဲညပ်နေတာမျိုးတွေကျတော့ ဂိမ်းက မလိုအပ်ပဲ ရုန်းရတဲ့အတွက် fps ကျပြီး စက်လေးတာမျိုးဖြစ်တတ်ပါတယ်။ ပြီးတော့ player အတွက်လည်း စိတ်အနှောက်အယှက်ဖြစ်ရတာပေါ့။ များသောအားဖြင့်တော့ clipping ဖြစ်တာတွေကိုခေါ်ကြပါစို့၊ clipping ဆိုတာက ပစ္စည်းတွေက နံရံနဲ့ မြေကြီးတွေကို မသိတော့တာပါ။
4 Minor
ဒီလို bug တွေကတော့ gameplay နဲ့ quest ကိုဘာမှမထိခိုက်ပါဘူး။ အသေးအဖွဲတွေပဲဖြစ်ပါတယ်၊ စကားပြောတဲ့အခန်းတွေမှာ ပါးစပ်မလှုပ်တာကနေ battle တွေမှာ လည်ပင်းပြတ်လိုပြတ်လိုက်ခုတ်နေတဲ့ ကိစ္စတွေမျိုးပေါ့။ Fallout မှာကြုံဖူးကြပါလိမ့်မယ်။ ပြီးတော့ Assassin’s Creed မှာလည်း နာမည်ကြီး မျက်နှာမပါလာတာရှိခဲ့ဖူးပါတယ်။ တစ်ချို့ ဂိမ်းတွေမှာအဲ့လိုဖြစ်ရင် ရုပ်ထွက်တွေနဲ့တင် ချက်ချင်းကြီး သရဲဂိမ်းဖြစ်သွားတာမျိုးပေါ့။ မထိခိုက်ဘူးဆိုပေမယ့် player ရဲ့ အမြင်ကိုတော့ ဒုက္ခပေးပါတယ်။
5 Cosmetic
openworld game တွေမှာပဲဖြစ်ဖြစ် ဘယ်မှာပဲ ဖြစ်ဖြစ်ပါ အခန်းကိုဖောက်ပြီးမြင်နေရတာ၊ မြက်ခင်းတွေက တံခါးပေါ်ရောက်နေတာ texture လို့ခေါ်တဲ့ မျက်နှာပြင်တွေရဲ့ အမြင်တွေမှားနေတာတွေကိုခေါ်ပါတယ်။ gameplay နဲ့ questline တွေကို မထိခိုက်ဘူးဆိုပေမယ့် အမြင်အရတော့ တစ်ခါတစ်လေ ဘယ်ရောက်နေမှန်းမသိရအောင် ဒုက္ခပေးတတ်ပါတယ်။ character တွေရဲ့ skin တွေပေါက်နေတာမျိုးလည်း ကြုံရပါလိမ့်မယ်။
ဂရုစိုက်တဲ့ developer တွေကတော့ patch နဲ့ fix တွေထုတ်ပြီးတော့ ပြင်ဖို့ကြိုးစားကြပါလိမ့်မယ်။ တစ်ချို့တွေကျတော့လည်း ကြားမှာ hacker နဲ့ modder တွေက ဘယ်လိုပြင်လို့ရကြောင်းပြောပါလိမ့်မယ်။ သေချာတာကတော့ ဘယ်ဂိမ်းမှ bugs ရန်ကမလွတ်ပါဘူး။