[zawgyi]
1. It’s a Disasta!
3. Liquid are doing it
6. 200 Minutes
7. The Play
9. Waow
10. TI3 Finish!
source : youtube
[unicode]
Dota Game ပြိုင်ပွဲတစ်ပွဲလို့ ပြောလိုက်ရင် အနောက်က Caster တွေကိုပါ ထည့် မပြောရင် မပြည့်စုံလောက်အောင်ကို Caster တွေဟာ အရေးပါလှပါတယ်။ ဂိမ်းတစ်ပွဲရဲ့ အတက်အကျတွေကို ဖော်ပြရုံတင်မက ဂိမ်းနဲ့ပတ်သက်တဲ့ ဗဟုသုတွေကိုပါ ပေးစွမ်းနိုင်တာ Caster တွေဘဲဖြစ်ပါတယ်။ Dota 2 ပြိုင်ပွဲ သမိုင်းတလျှောက်မှာ သမိုင်းဝင်အဖြစ်အပျက်တွေနဲ့ အတူ မှတ်တမ်းဝင်ခဲ့တာကတော့ Caster တွေရဲ့ ခံစားချက်တွေ မြင့်မားစွာ ပါဝင်တဲ့ Casting Moments တွေဘဲဖြစ်ပါတယ်။ ဒီမှာတော့ သမိုင်းတစ်လျှောက် အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ Casting Moments ၁၀ ခုကို ဖော်ပြပေးပါမှာ။
1. It’s a Disasta!
- 6 Millions Echo Slam ဆိုပြီးနာမည်ကြီးခဲ့တဲ့ TI5 Final က Universe ရဲ့ Earth Shaker ကို မှတ်မိကြသေးမှာပါ။ Roshan Pit ထဲကို Universe ခုန်ဝင်သွားတဲ့အချိန် CDEC ရဲ့ အခြေအနေကို Cast တဲ့အချိန် Tobiwan ရဲ့ Australian လေသံနဲ့ ပြောခဲ့တဲ့ It is a Disasta ဆိုတာ TI5 Champion EG နဲ့အတူ သမိုင်းတွင် ခဲ့ပါတယ်။
2. No One Has Ever done that in the History of Dota
- ဒါကတော့ 2012 DreamHack Winter 2012 မှာ တစ်ချိန် Alliance ဆိုပြီး ဖြစ်လာမဲ့ No Tide Hunter အသင်းဟာ ပြိုင်ဖက် EG အသင်းကို Roshan မှာ Bait ပြီး သတ်ခဲ့တဲ့အချိန် Tobiwan Cast ခဲ့တဲ့ စကားလုံးဖြစ်ပါတယ်။ Admiralbulldog ကို Roshan Pit ထဲမှာ အသေခံခိုင်းပြီး EG အသင်း Roshan Pit ထဲဝင်လာချိန်မှာ အနောက်ကနေ ပတ်ပြီး ပြန်သတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ Roshan Bait ဟာ ဒိုတာသမိုင်းတလျှောက် ဘယ်သူမှ လုပ်ခဲ့ဖူးခြင်းမရှိသေးတာကြောင့် Tobiwan ရဲ့ Casting နဲ့အတူ နာမည်ကြီးလာတာဖြစ်ပါတယ်။
3. Liquid are doing it
- ဒီ Cast ထဲမှာပါတဲ့ ၂ သင်းလုံးဟာ အဲ့တုန်းက TI3 မှာ ချန်ပီယံမဖြစ်ခဲ့ပေမဲ့ ရောက်ရှိခဲ့တဲ့ Lower Bracket မှာ အတော် Hit ဖြစ်ခဲ့တဲ့ ပွဲစဉ်ထဲပါခဲ့ပါတယ်။ ပြိုင်ဖက်အသင်းကတော့ LGD ဖြစ်ပါတယ်။ Liquid က LGD ကို Hero Kill ၂ ဆ အသာနဲ့ ဆော့ကစားခဲ့ပေမဲ့ နောက်ဆုံး LGD Ancient ကိုတက်ချိုးတဲ့အခါ ပွဲက အရမ်း Intense ဖြစ်လွန်းတာကြောင့် Media တွေကော Player တွေပါ အရမ်း စိတ်လှုပ်ရှားခဲ့ရတဲ့ အချိန် ဖြစ်ပါတယ်။
4. The Whole Kit and caboodle
- Caster လို့ပြောလိုက်တာနဲ့ Tobiwan ကို ပြေးမြင်ကြမဲ့သူတွေ ရှိပါတယ်။ ဒီ Cast ခဲ့တာကလည်း Dk VS Orange ပွဲမှာ ဖြစ်ပါတယ်။ သူ့ရဲ့ Australian စကားပြောဟန်နဲ့အတူ သူ ဂိမ်းကို ပုံဖော် ပြောဆိုပုံတွေကလည်း သူ့ကို ကမ္ဘာ့ အကောင်းဆုံး Caster တွေထဲက တစ်ယောက်ဖြစ်စေခဲ့ပါတယ်။
5. Ah Fu! You Thief in the Night!
- ဒါကလည်း Tobiwan ရဲ့ Cast တွေထဲက အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။ အားလုံးဘဲ TI7 ရဲ့ VP vs LFY ရဲ့ ကစားတဲ့ပွဲမှတ်မိဦးမှာပါ။ VP Roshan သတ်ပြီးချိန် Ah Fu ရဲ့ Earth Spirit က ဝင်ရောက်ခါ Aegis ကို ခိုးယူခဲ့တဲ့အချိန် Cast ခဲ့တဲ့ Au Fu! You Thief in the Night ဆိုတဲ့ စကားတစ်ခွန်းဟာ TI7 ကြည့်ခဲ့တဲ့ သူတွေရဲ့ နားထဲမှာ ကြားယောင်နေဆဲဖြစ်တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။
6. 200 Minutes
- ဒါကတော့ ဒိုတာပြိုင်ပွဲသမိုင်းတစ်လျှောက် အရှည်လျားဆုံးပွဲဖြစ်တဲ့ Cloud9 နဲ့ SFZ တို့ရဲ့ Star Series Season 12 2013 မှာ Cast ခဲ့တဲ့ဟာဖြစ်ပါတယ်။ ဂိမ်းက 3hr, 20 min 34 sec ကြာခဲ့တာဖြစ်ပြီး Caster တွေကတော့ ODPixel နဲ့ Purge တို့ဘဲဖြစ်ပါတယ်။ ပွဲချိန်ကြာလာတာနဲ့အမျှ ODPixel ဟာ မပျင်းရလေအောင် Team Fight တွေဖြစ်တိုင်း သီချင်းတွေ ဖွင့်ပြီး Cast ခဲ့ပါတယ်။ နောက်ဆုံး စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်ကတော့ Qwis Ta က C9 Ancient ကို တက်ချိုးတဲ့အခါ ဘဲဖြစ်ပါတယ်။
7. The Play
- Dota ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံး Moment လို့သတ်မှတ်လို့ရတဲ့ အပြင် Cast ခဲ့တဲ့ LD နဲ့ Luminous တို့ဟာလည်း အဲ့ဒီ Moment အခြေအနေကို အကောင်းဆုံး ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ TI 2 Grand Final မှာ Navi ဟာ ပြိုင်ပွဲ IG ကို Game 2 မှာတာ အနိုင်ရထားပြီးတော့ Black Hole, Blade Fury, Dendi ရဲ့ Rubick ခိုးလိုက်တဲ့ Ravage တို့နဲ့ ပွဲအခြေအနေကို ပြောင်းလဲနိုင်ခဲ့ပါတယ်။
8. Ding Ding Ding Motherfucker
- တစ်ချို့တွေကတော့ ဆဲဆိုတဲ့ စကားလုံးတွေကို နိမ့်ကျတဲ့ ပြက်လုံးတွေလို့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့လည်း TI6 မှာ EG နဲ့ Alliance ပွဲမှာ EGM ရဲ့ နောက်ဆုံးအချိန်ကို ဖော်ပြတဲ့အချိန် LD ဟာ Syllables ၇ လုံးသာသုံးပြီး Cast လုပ်သွားခဲ့ပါတယ်။
9. Waow
- တစ်ချို့အချိန်တွေမှာ အခြေအနေကို ဖော်ပြဖို့အတွက် စကားလုံးတွေ အများကြီးသုံးစရာမလိုပါဘူး။ Puck က Enchantress ရဲ့ နောက်ဆုံး Last Hit ကို ရှောင်သွားတဲ့အချိန်မှာ LD ရဲ့ Cast သွားတဲ့ Waow ဆိုတဲ့ တစ်လုံးနဲ့တင် အခြေအနေအကုန်လုံးကို ပြည့်စုံသွားစေခဲ့ပါတယ်။
10. TI3 Finish!
- TI တွေရဲ့နောက်ဆုံး ပွဲစဉ်တိုင်းမှာ မေ့မခဲ့တဲ့ Moments တွေရှိပါတယ်။ ဒီဟာကလည်း TI3 ရဲ့ ဖိုင်နယ်ဖြစ်တဲ့ Alliance နဲ့ Navi တို့ရဲ့ BO5 နောက်ဆုံးပွဲမှာ Cast ခဲ့တဲ့ Caster ရဲ့စကားလုံးဖြစ်ပါတယ်။ နားထောင်ကြည့်တာနဲ့ သုံးသွားတဲ့ စကားလုံးတွေနဲ့ ပါဝင်တဲ့ ခံစားချက်တွေကို နားလည်မိမှာပါ။
local မှာဆိုရင်လည်း ကျွန်တော်တို့အတွက် GCN (Game Cast Network Myanmar) နဲ့ GMA (Global Maven Association) တို့ရှိနေကြတဲ့အတွက် local မှာရှိတဲ့ ကစားသမားများသာမက အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသားများအတွက်ပါ အဆင်ပြေစေပါတယ်။ Caster ဆိုတာ တကယ်တော့ ပွဲတိုင်းရဲ့ ၁၁ ယောက်မြောက် ကစားသမား တွေပဲမဟုတ်ပါလား။
source : youtube