[zawgyi]
ELECTRONIC ARTS ဟာကမာၻ ေပၚမွာလူႀကိဳက္အမ်ားဆုံးဂိမ္းျဖစ္တဲ့FIFAေဘာလုံးဂိမ္းကိုႏွစ္စဥ္ဗားရွင္းသစ္ထုတ္ေပးေနတာကို ရပ္ပစ္ဖို႔ရွိေနတယ္လို႔သိရပါတယ္။ EA CEO Andrew wilson ကေတာ့ကုမၸဏီအေနနဲ႔FIFI ဂိမ္းထုတ္တာကိုရပ္ဆိုင္းပစ္ဖို႔အစီအစဥ္မရွိဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ေပမယ့္ subscription-based content နဲ႔အြန္လိုင္း updates ေတြဆက္ေပးသြားဖို႔အာ႐ုံစိုက္ဖို႔ရွိေနတယ္လို႔ဆိုပါတယ္။
ဒါေၾကာင့္ဖီဖာဗီဒီယိုဂိမ္းကိုတစ္ရာသီမွာေနာက္ဆုံးရ ကစားသမားစာရင္းနဲ႔ဝတ္စုံကို update ေပးမွာျဖစ္ေပမယ့္လည္းပရိသတ္ေတြအေနနဲ႔ဂိမ္းအသစ္အတြက္ပိုက္ဆံကုန္မွာမဟုတ္ပါဘူး။ “code ေတြလြယ္လြယ္ကူကူပတ္ေနတဲ့ေလာက ကေတာ့ရွိေနပါတယ္။ ႏွစ္စဥ္ကြၽန္ေတာ္တို႔ဂိမ္းဗားရွင္းသစ္ထုတ္မေပးႏိုင္တဲ့တာလည္းရွိေကာင္းရွိႏိုင္ပါတယ္။ အဲ့ဒီဂိမ္းေတြကို live service အေနနဲ႔ ကြၽန္ေတာ္တို႔ အမွန္တကယ္စဥ္းစားႏိုင္ေတာ့မွာ” လို႔Andrew Wilson က ကြၽန္ေတာ္ဒီ သတင္းကို ယူတဲ့ Bloomberg နဲ႔ေတြ႕ဆုံရာမွာေျပာသြားခဲ့တာျဖစ္ပါတယ္။
EA ဟာမႏွစ္ကေတာ့ တရားဝင္ FIFA mobile game ကိုေအာင္ျမင္စြာထုတ္ႏိုင္ခဲတာျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ အဲ့ဒီဂိမ္းကို Campaigns နဲ႔ Live Events စတဲ့ျဖည့္စြက္မႈေတြလုပ္ေပးခဲ့ပါတယ္။ “စစ္မွန္တဲ့ streaming world မွာဂိမ္းကိုတိုက္႐ိုက္ေဆာ့လို႔ရေအာင္ကြၽန္ေတာ္တို႔ဒီဇိုင္းဆြဲတဲ့အခါ မ်က္ႏွာျပင္အ႐ြယ္အစားနဲ႔ session time ကိုကြၽန္ေတာ္တို႔စဥ္းစားရပါတယ္။ cloud ထဲက Madden game ကိုခင္ဗ်ားတို႔ရဲ႕မိုဘိုင္းဖုန္းမွာတစ္ႀကိမ္မွာတစ္မိနစ္ေဆာ့မွာလား။ ခင္ဗ်ားရဲ႕လက္မ၆၀ တီဗီမွာအဲ့ဒီဂိမ္းကိုတစ္ခါႀကိမ္ကိုတစ္နာရီေဆာ့မွာလား။ ၿပီးခဲ့တဲ့၅ႏွစ္အတြင္း ေဖ်ာ္ေျဖေရးမီဒီယာကို အႀကီးအက်ယ္အေႏွာင့္အယွက္ေပးတာကေတာ့ streaming plus subscription ပဲျဖစ္ပါတယ္။” လို႔သူကဆက္လက္ေျပာပါတယ္။ ဒါေပမယ့္ေျပာင္းလဲမႈကေတာ့မွ်မွ်တတျဖစ္သြားဖို႔ရွိတယ္လို႔ဝီလ္ဆင္ကေျပာပါတယ္။
“အရင္ဆုံးလုပ္ရမယ့္ကိစၥတခ်ိဳ႕ေတာ့ရွိပါတယ္။ႏွစ္တိုင္း FIFA နဲ႔ Madden ဂိမ္းတို႔မွာကြၽန္ေတာ္တို႔ အမ်ားႀကီးလုပ္ထားတာျဖစ္ပါတယ္။လမ္းေၾကာင္းသစ္ေတြအတြက္ code ေတြကိုလည္းအမ်ားႀကီးဖန္တီး ထားပါတယ္။ဒါေပမယ့္(တ႐ုတ္ဒါမွမဟုတ္ကိုရီးယားမွာ)ဆိုရင္ ကြၽန္ေတာ္တို႔ အဲ့ဒီလိုလုပ္မွာမဟုတ္ပါဘူး။ Code အသစ္ကို၄ႏွစ္ေလာက္မွာသုံးေတာ့မွာမဟုတ္ေတာ့ပါဘူး။အခ်ိန္နဲ႔လိုက္ၿပီးေျပာင္းေနတဲ့code ကိုပဲကြၽန္ေတာ္တို႔ထုတ္မွာျဖစ္ပါတယ္” လို႔ဝီလ္ဆင္ကရွင္းလင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒီေတာ့ တစ္ခ်ိန္မွာ game ဆိုတာက လက္ထဲမွာ သယ္သြားၿပီး တစ္ခါေဆာ့တစ္မိနစ္နဲ႔ လက္က မခ်ႏိုင္ျဖစ္လာႏိုင္သလားေပါ့။
source : bloomberg
[unicode]
FIFA ဘောလုံးဂိမ်းရဲ့အနာဂတ်
ELECTRONIC ARTS ဟာကမ္ဘာ ပေါ်မှာလူကြိုက်အများဆုံးဂိမ်းဖြစ်တဲ့FIFAဘောလုံးဂိမ်းကိုနှစ်စဉ် ဗားရှင်းသစ်ထုတ်ပေးနေတာကို ရပ်ပစ်ဖို့ရှိနေတယ်လို့သိရပါတယ်။ EA CEO Andrew Wilson ကတော့ကုမ္ပဏီအနေနဲ့FIFI ဂိမ်းထုတ်တာကိုရပ်ဆိုင်းပစ်ဖို့အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပေမယ့် subscription-based content နဲ့အွန်လိုင်း updates တွေဆက်ပေးသွားဖို့ အာရုံစိုက်ဖို့ရှိနေတယ်လို့ဆိုပါတယ်။
ဒါကြောင့်ဖီဖာဗီဒီယိုဂိမ်းကိုတစ်ရာသီမှာနောက်ဆုံးရ ကစားသမားစာရင်းနဲ့ဝတ်စုံကို update ပေးမှာဖြစ်ပေမယ့် လည်းပရိသတ်တွေအနေနဲ့ဂိမ်းအသစ်အတွက်ပိုက်ဆံကုန်မှာမဟုတ်ပါဘူး။ “code တွေလွယ်လွယ်ကူကူပတ်နေတဲ့လောက ကတော့ရှိနေပါတယ်။ နှစ်စဉ်ကျွန်တော်တို့ဂိမ်းဗားရှင်းသစ် ထုတ်မပေးနိုင်တဲ့တာလည်းရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒီဂိမ်းတွေကို live service အနေနဲ့ ကျွန်တော်တို့ အမှန်တကယ်စဉ်းစားနိုင်တော့မှာ” လို့Andrew Wilson က ကျွန်တော်ဒီ သတင်းကို ယူတဲ့ Bloomberg နဲ့တွေ့ဆုံရာမှာပြောသွားခဲ့တာဖြစ်ပါတယ်။ EA ဟာမနှစ်ကတော့ တရားဝင် FIFA mobile game ကိုအောင်မြင်စွာထုတ်နိုင်ခဲတာဖြစ်ပါတယ်။
ဒီနှစ်မှာတော့ အဲ့ဒီဂိမ်းကို Campaigns နဲ့ Live Events စတဲ့ဖြည့်စွက်မှုတွေလုပ်ပေးခဲ့ပါတယ်။ “စစ်မှန်တဲ့ streaming world မှာဂိမ်းကိုတိုက်ရိုက်ဆော့လို့ရအောင်ကျွန်တော်တို့ဒီဇိုင်းဆွဲတဲ့အခါ မျက်နှာပြင်အရွယ်အစားနဲ့ session time ကိုကျွန်တော်တို့စဉ်းစားရပါတယ်။ cloud ထဲက Madden game ကိုခင်ဗျားတို့ရဲ့မိုဘိုင်းဖုန်းမှာတစ်ကြိမ်မှာတစ်မိနစ်ဆော့မှာလား။ ခင်ဗျားရဲ့လက်မ၆၀ တီဗီမှာအဲ့ဒီဂိမ်းကိုတစ်ခါကြိမ်ကိုတစ်နာရီဆော့မှာလား။ ပြီးခဲ့တဲ့၅နှစ်အတွင်း ဖျော်ဖြေရေးမီဒီယာကို အကြီးအကျယ်အနှောင့်အယှက်ပေးတာကတော့ streaming plus subscription ပဲ့ဖြစ်ပါတယ်။” လို့သူကဆက်လက်ပြောပါတယ်။ ဒါပေမယ့်ပြောင်းလဲမှုကတော့မျှမျှတတဖြစ်သွားဖို့ရှိတယ်လို့ဝီလ်ဆင်ကပြောပါတယ်။
“အရင်ဆုံးလုပ်ရမယ့်ကိစ္စတချို့တော့ရှိပါတယ်။နှစ်တိုင်း FIFA နဲ့ Madden ဂိမ်းတို့မှာကျွန်တော်တို့ အများကြီးလုပ်ထားတာဖြစ်ပါတယ်။လမ်းကြောင်းသစ်တွေအတွက် code တွေကိုလည်းအများကြီးဖန်တီးထားပါတယ်။ဒါပေမယ့်(တရုတ်ဒါမှမဟုတ်ကိုရီးယားမှာ)ဆိုရင် ကျွန်တော်တို့ အဲ့ဒီလိုလုပ်မှာမဟုတ်ပါဘူး။ Code အသစ်ကို၄နှစ်လောက်မှာသုံးတော့မှာမဟုတ်တော့ပါဘူး။အချိန်နဲ့လိုက်ပြီးပြောင်းနေတဲ့code ကိုပဲကျွန်တော်တို့ထုတ်မှာဖြစ်ပါတယ်” လို့ဝီလ်ဆင်ကရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီတော့ တစ်ချိန်မှာ game ဆိုတာက လက်ထဲမှာ သယ်သွားပြီး တစ်ခါဆော့တစ်မိနစ်နဲ့ လက်ကမချနိုင်ဖြစ်လာနိုင်သလားပေါ့။
source : bloomberg