[zawgyi]
ေသခ်ာတာက fps ခ်င္းတူေပမယ့္ first person shooter နဲ့မမွားေစခ်င္ဘူး။ PC မွာေဆာ့တဲ့ အခ်ိန္မွန္သမွ်ေတာ့ fps ဆိုတဲ့ကိစၥကပါေနဦးမွာပဲ။ frames per second ဒါမွမဟုတ္ frame rate လို့လဲေခၚပါတယ္။ ငယ္ငယ္က စာအုပ္ေထာင့္ေလးေတြမွာ ကာတြန္းရုပ္ေလးေတြဆြဲၿပီး တစ္ရြက္ခ်င္းျမန္ျမန္လွန္ၾကည့္ရင္ ကာတြန္းကားၾကည့္ရသလို ျဖစ္တယ္မဟုတ္လား။ ဒီသေဘာပါပဲ.. စာရြက္ေရမ်ားမ်ားဆြဲနိုင္ေလ ပုိၿပီးၾကည့္ေကာင္းေလေပါ့။ ဒီလိုပဲ တစ္စကၠန္႔အတြင္းမွာ အဲလိုဆြဲထား/ျပေပးနိုင္တဲ့ ရုပ္ေသပံုေပါင္းကို frames per second လို့ေခၚပါတယ္။ frame rate မ်ားေလလွုပ္ရွားမွုေတြပိုၿပီး ေခ်ာေမြ့ေလျဖစ္မွာပါ။ ဒါေပမယ့္ frame rate ကို game ထဲက setting မွာ ခ်ိန္လို့မရတာေတြရွိပါတယ္။
gamer တိုင္းနီးပါးမွာေတာ့ စိတ္ႀကိဳက္ frame rate ရွိၾကပါတယ္။ တစ္ခ်ို႕က 40-50 fps ေလာက္၊ တစ္ခ်ို႕ကေတာ့ 30fps ေလာက္လည္း ေအးေဆးျဖစ္ေသးတယ္။ တစ္ခ်ို႕ကေတာ့ 60fps ကိုပဲ ပံုေသလိုခ်င္ၾကတယ္။ သာမန္ monitor နဲ့ TV အမ်ားစုကေတာ့ 60Hz rate ကိုပဲ အမ်ားဆံုးထုတ္ေပးနိုင္တဲ့အတြက္ ဒါကို standard စံနွုန္းတစ္ခုအေနနဲ့ ယူရမွာေပါ့ေလ။ အခုေနာက္ပိုင္းမွာေတာ့ gaming monitor ေတြသပ္သပ္ထြက္ရွိလာတဲ့အတြက္ frame rate ကို 120Hz ကေန 144Hz ေလာက္အထိတင္လို႔ရလာပါတယ္။ ဝယ္ထားျဖစ္တယ္ဆိုရင္ေတာ့ ကြားျခားခ်က္ကို ေသေသခ်ာခ်ာ ခံစားရပါလိမ့္မယ္။ frame rate drop ျဖစ္တယ္လို့ေျပာတာက PC စက္အေနနဲ႕ မနိုင္တဲ့အတြက္ ျဖဳတ္ခ်တာမ်ိုးပါ။
CS:GO လိုမ်ိုး ျပိုင္ပြဲဝင္ေတြအတြက္ေတာ့ အဲ့ဒီ တစကၠန္႔ရဲ႕ ပံုေပါင္းမ်ားစြာထဲက ၂ပံု ၃ ပံုေလာက္နဲ႔တင္ ပြဲကို အနိုင္အရွံဳး ဆံုးျဖတ္လို့ရတာ ျဖစ္တဲ့အတြက္ အလြန္အေရးႀကီးပါတယ္။ စက္ကမနိုင္ပဲနဲ့ frame rate အမ်ားႀကီးတင္ထားရင္ လည္း အဆင္ေျပမွာမဟုတ္သလို frame rate အရမ္းနည္းလြန္းရင္လည္း ေဆာ့လို့ အဆင္မေျပျဖစ္ပါလိမ့္မယ္။ တစ္ခ်ို႕ လူေတြ fps ကစားရင္း မူးတယ္္ဆိုတာလည္း frame rate နည္းလို့ျဖစ္တာရွိတတ္ပါတယ္။
မ်ားေသာအားျဖင့္ေတာ့ ရိုးရိုး စဥ္းစားရတဲ့ board-game ေတြ၊ turn-baed ေတြနဲ့ သာမန္ RPG ေတြမွာ အမ်ားႀကီးလိုပါဘူး။ ဒါေပမယ့္ multiplayer ဆိုရင္ေတာ့ ဘယ္အမ်ိဳးမဆို frame rate ေကာင္းေကာင္းလိုပါတယ္ေလ။
gif ပံုမွာေတာ့ 30fps နဲ့ 60 fps ကြားျခားခ်က္ကို ျပေပးပါလိမ့္မယ္။ (သူမ်ားဆီကကူးလာတာ။)
[unicode]
သေချာတာက fps ချင်းတူပေမယ့် first person shooter နဲ့မမှားစေချင်ဘူး။ PC မှာဆော့တဲ့ အချိန်မှန်သမျှတော့ fps ဆိုတဲ့ကိစ္စကပါနေဦးမှာပဲ။ frames per second ဒါမှမဟုတ် frame rate လို့လဲခေါ်ပါတယ်။ ငယ်ငယ်က စာအုပ်ထောင့်လေးတွေမှာ ကာတွန်းရုပ်လေးတွေဆွဲပြီး တစ်ရွက်ချင်းမြန်မြန်လှန်ကြည့်ရင် ကာတွန်းကားကြည့်ရသလို ဖြစ်တယ်မဟုတ်လား။ ဒီသဘောပါပဲ.. စာရွက်ရေများများဆွဲနိုင်လေ ပိုပြီးကြည့်ကောင်းလေပေါ့။ ဒီလိုပဲ တစ်စက္ကန့်အတွင်းမှာ အဲလိုဆွဲထား/ပြပေးနိုင်တဲ့ ရုပ်သေပုံပေါင်းကို frames per second လို့ခေါ်ပါတယ်။ frame rate များလေလှုပ်ရှားမှုတွေပိုပြီး ချောမွေ့လေဖြစ်မှာပါ။ ဒါပေမယ့် frame rate ကို game ထဲက setting မှာ ချိန်လို့မရတာတွေရှိပါတယ်။
gamer တိုင်းနီးပါးမှာတော့ စိတ်ကြိုက် frame rate ရှိကြပါတယ်။ တစ်ချို့က 40-50 fps လောက်၊ တစ်ချို့ကတော့ 30fps လောက်လည်း အေးဆေးဖြစ်သေးတယ်။ တစ်ချို့ကတော့ 60fps ကိုပဲ ပုံသေလိုချင်ကြတယ်။ သာမန် monitor နဲ့ TV အများစုကတော့ 60Hz rate ကိုပဲ အများဆုံးထုတ်ပေးနိုင်တဲ့အတွက် ဒါကို standard စံနှုန်းတစ်ခုအနေနဲ့ ယူရမှာပေါ့လေ။ အခုနောက်ပိုင်းမှာတော့ gaming monitor တွေသပ်သပ်ထွက်ရှိလာတဲ့အတွက် frame rate ကို 120Hz ကနေ 144Hz လောက်အထိတင်လို့ရလာပါတယ်။ ဝယ်ထားဖြစ်တယ်ဆိုရင်တော့ ကွားခြားချက်ကို သေသေချာချာ ခံစားရပါလိမ့်မယ်။ frame rate drop ဖြစ်တယ်လို့ပြောတာက PC စက်အနေနဲ့ မနိုင်တဲ့အတွက် ဖြုတ်ချတာမျိုးပါ။
CS:GO လိုမျိုး ပြိုင်ပွဲဝင်တွေအတွက်တော့ အဲ့ဒီ တစက္ကန့်ရဲ့ ပုံပေါင်းများစွာထဲက ၂ပုံ ၃ ပုံလောက်နဲ့တင် ပွဲကို အနိုင်အရှုံး ဆုံးဖြတ်လို့ရတာ ဖြစ်တဲ့အတွက် အလွန်အရေးကြီးပါတယ်။ စက်ကမနိုင်ပဲနဲ့ frame rate အများကြီးတင်ထားရင် လည်း အဆင်ပြေမှာမဟုတ်သလို frame rate အရမ်းနည်းလွန်းရင်လည်း ဆော့လို့ အဆင်မပြေဖြစ်ပါလိမ့်မယ်။ တစ်ချို့ လူတွေ fps ကစားရင်း မူးတယ်ဆိုတာလည်း frame rate နည်းလို့ဖြစ်တာရှိတတ်ပါတယ်။
များသောအားဖြင့်တော့ ရိုးရိုး စဉ်းစားရတဲ့ board-game တွေ၊ turn-baed တွေနဲ့ သာမန် RPG တွေမှာ အများကြီးလိုပါဘူး။ ဒါပေမယ့် multiplayer ဆိုရင်တော့ ဘယ်အမျိုးမဆို frame rate ကောင်းကောင်းလိုပါတယ်လေ။
gif ပုံမှာတော့ 30fps နဲ့ 60 fps ကွားခြားချက်ကို ပြပေးပါလိမ့်မယ်။ (သူများဆီကကူးလာတာ။)