[zawgyi]
[unicode]
BlizzCon 2017 ပွဲအကြောင်းကိုတော့ ကျွန်တော်မရေးဖြစ်သေးပါဘူး၊ တစ်ရက်အချိန်ပေးပြီးတော့ရေးကြတာပေါ့။ စိတ်ဝင်စားဖို့ကောင်းတာက အဲ့ပွဲမှာ Blizzard ရဲ့ CEO Mike Morhaime ပေးတဲ့ message ဖြစ်ပါတယ်။ ကျွန်တော်တို့ အသေအလဲဆော့ခဲ့ရတဲ့ ဇာတ်လမ်းထဲမှာ အသေးစိတ်စီးမျောခွင့်ရခဲ့တဲ့ Starctaft 2 ကို free-to-play ဖြစ်လာတော့မှာပါတဲ့ဗျာ။
လွန်ခဲ့တဲ့နှစ်တွေက Wings of Liberty မထွက်လာခင် teaser မှာ Tychus ကြီး space marine ဝတ်စုံကိုဝတ်တဲ့ cinametic နဲ့တင် အတော်လေးမျှော်လင့်တကြီးဖြစ်ခဲ့တာမဟုတ်လား။ အခုဆိုရင်တော့ ဒါဝယ်မဆော့ရတော့ပါဘူး၊ ပြီးတော့ ဝယ်ပြီးသားလူတွေဆိုရင်လည်း Heart of the Swarm ကိုထပ်ဝယ်စရာမလိုတော့ပါဘူးတဲ့။ ဒါပေမယ့် ကန့်သတ်ထားတာတွေတော့လည်းရှိနေပါသေးတယ်။ ranked ပေးဆော့ပေမယ့် Level 5 အထိတော့ ကန့်သတ်ထားပါတယ်။ ဒါပေမယ့် Kerrigan, Artanis နဲ့ Raynor တို့ကတော့ ကန့်သတ်မထားပါဘူး။
တစ်ခြား campaign တွေဖြစ်တဲ့ Heart o the Swarm, Legacy of the Void နဲ့ Nova Covert Ops ကတော့ တစ်ခုကို USD15 ရှိနေဦးမှာပါ။ ဒါပေမယ့် local မှာရှိတဲ့ fan တွေကတော့ single player campaign တွေကသိပြီးသားတွေဖြစ်ပါလိမ့်မယ်။ အခုက online မဆော့ဖူးသေးတဲ့ Player တွေအတွက်ပါ။ ဒီကို [Battle.net] သွားကြည့်ပါ။ online တက်ကြည့်ပါ။ Starcraft ရဲ့ ကမ္ဘအစစ်ကို မြည်းစမ်းကြည့်ပါလို့ပြောပါရစေ။
November 14 မှာစတင်ရရှိနိုင်မယ်ပြောပါတယ်။ video ကတော့ အလွမ်းပြေပေါ့။