[zawgyi]
[unicode]
အခုလအစောပိုင်းတုန်းက Horizon: Zero Dawn’s DLC, Frozen Wilds, ထွက်လာတာဖြစ်ပြီးဂိမ်းတစ်ခု လုံးအပြည့်ကစားလို့ရတာမျိုးထွက်လာတာဖြစ်လေတော့ချီးကျူးခံရတဲ့အနေအထားဖြစ်ခဲ့ပါတယ်။ Horizon :Zero Dawn ကိုထုတ်လုပ်ခဲ့တဲ့ Guerrilla Game ရဲ့ interview တစ်ချို့ကကောက်နှုတ်ပေးထားတာပါ။
Horizon: Zero Dawn ဂိမ်းနောက်ကွယ်ကလူလည်းဖြစ် Art and Animation Director လည်းဖြစ်တဲ့ Jan-Bart van Beek ကတော့ဗီဒီယိုဂိမ်းတွေဟာရုပ်ရှင်တွေနဲ့မတူတဲ့နေရာတွေဖြစ်တယ်လို့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဂိမ်းတွေဟာအကန့်အသတ်မရှိဖြစ်နိုင်ခြေတွေကိုဖြစ်စေပြီးကြိုက်သလောက်စိတ်ကူးယဉ်နိုင်သလို၊အတိုင်းအဆမရှိဖန်တီးနိုင်တယ်လို့သူကပြောပါတယ်။ Horizon: Zero Dawn ဂိမ်းတစ်ခုတည်းသာမကသူတို့ရဲ့တီထွင်ဖန်တီးမှုလုပ်ငန်းစဉ်တစ်ရပ်လုံးကို Jan-Bart van Beek ပြောသွားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ကတော့ဆက်စပ်မှုရှိတာမျိုးကိုလိုချင်တာဖြစ်ပါတယ်။လူတွေနားလည်အောင်ဖြစ်သလို တစ်ချိန်တည်းမှာပဲ လူတွေနဲ့စိမ်းနေပြီးလတ်လတ်ဆတ်ဆတ်ဖြစ်တာမျိုးုဖြစ်ပါတယ်။အဲ့ဒါမျိုးကိုကာတွန်း စာအုပ်တွေထဲမှာလုပ်လို့ရသလို ဗီဒီယိုဂိမ်းတွေထဲမှာလည်း ထူးဆန်းတာတွေကိုလုပ်လို့ရပါတယ်။ ၁၉၈၀နဲ့၁၉၉၀ပြည့်နှစ်ကာလတွေတုန်းက စနေမနက်ပိုင်းလာတဲ့ကာတွန်းကားထဲမှာ အဲ့ဒီလိုအလွန်ပျော် စရာကောင်းတဲ့လောကကိုဖန်တီးထား တာတွေထက်ပိုပြီး ဂိမ်းတွေထဲမှာလည်းကျွန်တော်တို့လုပ်ေ ပးလို့ရပါတယ်။ ကိုယ်တိုင်ပါဝင်နေရမယ့် စိတ်လှုပ်ရှားမှုကိုကျွန်တော်တို့ရှာတွေ့မှာဖြစ်ပါတယ်။ဒါပေမယ့်ေ ပါ့ပါးပါးလေးတွေဖြစ်ရပါမယ်။လူတွေထင်မထားတာမျိုးတွေမဖြစ်ရဘူးပေါ့။ ဂိမ်းသမားတွေဟာ
တစ်ခြားသူတွေထက်စာရင် အတွေးသစ်တွေကို ပိုပြီး လက်ခံနိုင်သူတွေဖြစ်ပါတယ်။ ဒီတော့ ဂိမ်းလောကဟာ အသစ် အဆန်းတွေအစ်ချိန်လုံးပြည့်နေတာ မထူးဆန်းပါဘူး။
source:gameindustry