[zawgyi]
Hellblade ကုိေဆာ့ျဖစ္တဲ့ player တစ္ခ်ို႔ေတာ့ရွိေကာင္းပါရဲ႕။ Norse mythology ရယ္၊ ယံုတမ္းပံုျပင္ေတြရယ္ ပံုျပင္မဟုတ္တဲ့ သမိုင္းတစ္ခ်ို႕ရယ္ေပါင္းစပ္ထားၿပီးေတာ့ headphone နဲ႔ ကစားျဖစ္တဲ့အခါ ရူးခ်င္စိတ္ေပါက္ေလာက္ေအာင္ တင္ျပပံုေကာင္းတဲ့ အရူးဂိမ္းတစ္ခုျဖစ္ပါတယ္။ (အဲလိုပဲေျပာပါရေစ၊ after 4 hours on headphone ေပါ့ေလ)။
တကယ္ကေတာ့ အဲ့ဒီ ဂီမ္းအေၾကာင္းဆိုေပမယ့္ Hellbalde : Seuna’s Sacrifice ကို ၃လအတြင္း အားလံုး 500,000 ေရာင္းခဲ့ရတဲ့အေၾကာင္းေျပာခ်င္တာ။ သူ႕ကိုထုတ္တဲ့ developer ေတြက Ninja Studio လို့ေခၚတဲ့ လူ၂၀ ပဲရွိတဲ့ England က game developer ေသးေသးေလးပါ။ အဲ့ဒီ လူ၂၀ ပါတဲ့ ဖြဲ႕ေလးက ၃နွစ္ အခ်ိန္ယူၿပီး ဒီဂိမ္းကိုေရးခဲ့ၾကပါတယ္။ အခု £25 နဲ့ေရာင္းခဲ့တဲ့ ဒီဂိမ္းက USD 13m (ေဒၚလာ ၁၃သန္း) ေလာက္ဝင္ေငြရွိသြားပါၿပီ။ ခုအခ်ိန္မွာ launch ၃လပဲရွိပါေသးတယ္။
တကယ္တမ္း အလုပ္ျဖစ္ခဲ့တာကိုက အံ့ၾသဖို့ေကာင္းပါတယ္။ AAA company မဟုတ္ဘူး၊ မတူတဲ့ ဂိမ္းအမ်ိုးအစား ထူးျခားတဲ့ ဂိမ္းအမ်ိဳးအစားျဖစ္ရမယ္၊ ေစ်းကိုလည္း တစ္ဝက္စာေလာက္ပဲေပးရမယ္၊ ၿပီးေတာ့ ဂိမ္းႀကီးေတြေလာက္လည္း playtime ၾကာရမယ္၊ ဂိမ္းႀကီးေတြအတိုင္း အဲ့လို ရသမ်ိုးေပးနိုင္ရမယ္ဆိုတာမ်ိုးေပါ့။ လြယ္တဲ့ အလုပ္မဟုတ္ေပမယ့္ Ninja Theory ကေတာ့ ျဖစ္ေအာင္လုပ္သြားပါတယ္။
သူတို့က တစ္ျခား distribution platform (ျဖန့္ခ်ိသူ) ကိုလံုးဝအားမကိုးပဲ ကိုယ္တိုင္ download ခြင့္ေပးၿပီးေရာင္းခဲ့တဲ့ game studio ေလးပါ။ vdo မွာဒီလို အလုပ္ေတြလုပ္မယ္ ဆိုရင္ ဖိတ္ေခၚေၾကာင္းေျပာထားပါေသးတယ္။ ၿပီးေတာ့ Senua အျဖစ္သရုပ္ေဆာင္ခဲ့ၿပီး သူကိုယ္တိုင္လည္း editor တစ္ဦးျဖစ္တဲ့ Melina Juergens ရဲ့ ခံစားခ်က္နဲ႕ Commercial Director Dominic Matthews တို႕ရဲ႕ developer diary ကိုလည္းနားေထာင္ၾကည့္ပါ။ တကယ္ humble ျဖစ္ၾကတာေတြ႕ရပါလိမ့္မယ္။
ဒီေလာက္ လက္ဝါးႀကီးအုပ္ေတြပြထ လာတဲ့ အခ်ိန္မ်ိဳးမွာ ဒီလို developer & publisher ေတြရွိေနေသးတာလည္း ခ်ီးက်ဴးစရာပါ။
[unicode]
Hellblade ကိုဆော့ဖြစ်တဲ့ player တစ်ချို့တော့ရှိကောင်းပါရဲ့။ Norse mythology ရယ်၊ ယုံတမ်းပုံပြင်တွေရယ် ပုံပြင်မဟုတ်တဲ့ သမိုင်းတစ်ချို့ရယ်ပေါင်းစပ်ထားပြီးတော့ headphone နဲ့ ကစားဖြစ်တဲ့အခါ ရူးချင်စိတ်ပေါက်လောက်အောင် တင်ပြပုံကောင်းတဲ့ အရူးဂိမ်းတစ်ခုဖြစ်ပါတယ်။ (အဲလိုပဲပြောပါရစေ၊ after 4 hours on headphone ပေါ့လေ)။
တကယ်ကတော့ အဲ့ဒီ ဂီမ်းအကြောင်းဆိုပေမယ့် Hellbalde : Seuna’s Sacrifice ကို ၃လအတွင်း အားလုံး 500,000 ရောင်းခဲ့ရတဲ့အကြောင်းပြောချင်တာ။ သူ့ကိုထုတ်တဲ့ developer တွေက Ninja Studio လို့ခေါ်တဲ့ လူ၂၀ ပဲရှိတဲ့ England က game developer သေးသေးလေးပါ။ အဲ့ဒီ လူ၂၀ ပါတဲ့ ဖွဲ့လေးက ၃နှစ် အချိန်ယူပြီး ဒီဂိမ်းကိုရေးခဲ့ကြပါတယ်။ အခု £25 နဲ့ရောင်းခဲ့တဲ့ ဒီဂိမ်းက USD 13m (ဒေါ်လာ ၁၃သန်း) လောက်ဝင်ငွေရှိသွားပါပြီ။ ခုအချိန်မှာ launch ၃လပဲရှိပါသေးတယ်။
တကယ်တမ်း အလုပ်ဖြစ်ခဲ့တာကိုက အံ့သြဖို့ကောင်းပါတယ်။ AAA company မဟုတ်ဘူး၊ မတူတဲ့ ဂိမ်းအမျိုးအစား ထူးခြားတဲ့ ဂိမ်းအမျိုးအစားဖြစ်ရမယ်၊ ဈေးကိုလည်း တစ်ဝက်စာလောက်ပဲပေးရမယ်၊ ပြီးတော့ ဂိမ်းကြီးတွေလောက်လည်း playtime ကြာရမယ်၊ ဂိမ်းကြီးတွေအတိုင်း အဲ့လို ရသမျိုးပေးနိုင်ရမယ်ဆိုတာမျိုးပေါ့။ လွယ်တဲ့ အလုပ်မဟုတ်ပေမယ့် Ninja Theory ကတော့ ဖြစ်အောင်လုပ်သွားပါတယ်။
သူတို့က တစ်ခြား distribution platform (ဖြန့်ချိသူ) ကိုလုံးဝအားမကိုးပဲ ကိုယ်တိုင် download ခွင့်ပေးပြီးရောင်းခဲ့တဲ့ game studio လေးပါ။ vdo မှာဒီလို အလုပ်တွေလုပ်မယ် ဆိုရင် ဖိတ်ခေါ်ကြောင်းပြောထားပါသေးတယ်။ ပြီးတော့ Senua အဖြစ်သရုပ်ဆောင်ခဲ့ပြီး သူကိုယ်တိုင်လည်း editor တစ်ဦးဖြစ်တဲ့ Melina Juergens ရဲ့ ခံစားချက်နဲ့ Commercial Director Dominic Matthews တို့ရဲ့ developer diary ကိုလည်းနားထောင်ကြည့်ပါ။ တကယ် humble ဖြစ်ကြတာတွေ့ရပါလိမ့်မယ်။
ဒီလောက် လက်ဝါးကြီးအုပ်တွေပွထ လာတဲ့ အချိန်မျိုးမှာ ဒီလို developer & publisher တွေရှိနေသေးတာလည်း ချီးကျူးစရာပါ။