[zawgyi]
ႏိုဝင္ဘာ၁၇ ရက္ေန႔ကတရားဝင္ထြက္လာခဲ့တဲ့ Star Wars: Battlefront II ဂိမ္းမွာေငြအစစ္ေတြသုံးၿပီးေဆာ့ရမယ့္ loot boxes ကိစၥေၾကာင့္ Electronic Arts ဟာတစ္လေက်ာ္ေလာက္ဂိမ္းကစားသူေတြလုပ္ငန္းရွယ္ယာရွင္ေတြေဝဖန္တာအလူးအလဲခံခဲ့ရတာကိုေတာ့ player အမ်ားစုသိပါလိမ့္မယ္။
ဂိမ္းထဲမွာ loot boxes ေတြကိုထည့္သုံးထားပါတယ္။ ဂိမ္းကစားသူေတြကဂိမ္းထဲက boxes ေတြကိုေငြသားအစစ္နဲ႔ဝယ္ၾကရတာမ်ိဳးေပါ့။ အဲ့ဒီ boxes ေတြထဲမွာ ႀကဳံသလိုထည့္ထားတဲ့ skill ေတြပါတယ္။ဒါကိုဂိမ္းထဲက in-game microtransaction လို႔လည္းေခၚပါတယ္။ game ေလာကမွာ အဲ့ဒီ boxes ေတြဟာအသစ္အဆန္းမဟုတ္ေပမယ့္ Battlefront ဂိမ္းမွာထည့္ထားတာကေတာ့ ေငြမသုံးႏိုင္တဲ့ကစားသမားေတြအႏိုင္မရဘူး ဆိုတဲ့ပုံစံမ်ိဳးခ်ိဳးထားတာဟာ တရားမွ်တမႈမရွိဘူးလို႔ player ေတြကေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။ pay to win ကသိပ္သိသာေနတာမ်ိဳးေပါ့။
ဒါေၾကာင့္ EA ဟာ Battlefront မွာ microtransaction ကိုရပ္ဆိုင္းလိုက္ရတဲကိန္းဆိုက္သြားခဲ့ပါတယ္။ Battlefront II ဆိုတာအစြန္အဖ်ားေလာက္ပဲရွိပါေသးတယ္လို႔ႏိုဝင္ဘာ၂၇ရက္ေန႔တုန္းက Cowen ရဲ႕ analyst ျဖစ္သူ Doug Creutz ကေရးခဲ့တာျဖစ္ပါတယ္။အရင္တုန္းကေတာ့ဂိမ္းေဆာ့သူေတြဟာ Take-Two Interactive ရဲ႕ NBA 2K18 နဲ႔ Activision Blizzard ရဲ႕ Destiny 2 တို႔လိုအျခားဂိမ္းေတြမွာပါဝင္တဲ့ microtransactions ဒါမွမဟုတ္ “live services” ဆိုတာေတြကိုစိတ္ပ်က္ခဲ့ၾကတာျဖစ္ပါေပမယ့္လည္း Battlefront II ကိစၥကေတာ့ ဂိမ္းထုတ္လုပ္သူေတြသတိထားရမယ့္ကိစၥတစ္ရပ္ျဖစ္တယ္လို႔ Doug Creutz ကေျပာထားပါတယ္။
“live services ကရလာမယ့္အက်ိဳးအျမတ္တစ္ခုဟာin-game ျပသာနာေတြကိုအမွန္ျပင္လို႔ျဖစ္လာတဲ့
အေျပာင္းအလဲေတြေၾကာင့္ ဂိမ္းထုတ္လုပ္သူေတြဘက္က လက္ခံထားတဲ့ေဘာင္ကိုေက်ာ္လြန္လုပ္ေဆာင္တယ္ လို႔ေဝဖန္တာခံေနရၿပီး အမ်ားေဝဖန္ရတဲ့အထိ ေျပာင္းျပန္ဆိုးက်ိဳးတစ္ရပ္ျဖစ္သြားေၾကာင္း ဂိမ္းလုပ္ငန္းဘက္ကေျပာဆိုေနပါတယ္။”လို႔ Creutz ကေရးခဲ့တာျဖစ္ပါတယ္။ “ဗီဒီယိုဂိမ္းေလာကကေတာ့ ၎ရဲ႕ေဖာက္သည္ေတြနဲ႔ဆက္ဆံေရးအမွန္တကယ္ထိခိုက္ဖို႔စတင္လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ကြၽန္ေတာ္တို႔ထင္ပါတယ္” လို႔ေရးထားပါတယ္။
ေဖာက္သည္ျဖစ္တဲ့ player ေတြကိုခ်ည္းထိခိုက္ေစတာ မဟုတ္ပါဘူး။ အေမရိကန္နဲ႔အျခားႏိုင္ငံေတြက အစိုးရတာဝန္ရွိသူေတြကေတာ့ loot boxes ေတြကိုစတင္သံသယဝင္ေနၾကၿပီျဖစ္ပါတယ္။ (အျခားႏိုင္ငံေတြက လို႔ပဲေျပာတာ)။ အေၾကာင္းကေတာ့ Boxes ေတြထဲမွာႀကဳံတဲ့ items player အေနနဲ႔မိမိလိုခ်င္တဲ့ items မရမခ်င္း ေငြေတြကိုဆက္တိုက္သုံးေနရေအာင္လုပ္ေနတာျဖစ္ပါတယ္။ Hawaii အစိုးတာဝန္ရွိသူတစ္ဦးကေတာ့ Battlefront II “a Star Wars-themed online casino ဟာကေလးေတြေငြသုံးလာေအာင္ဒီဇိုင္းဆင္ထား တာျဖစ္တယ္လို႔ေျပာၾကားခဲ့ၿပီး Blegium ရဲ႕ gaming commission ကေတာ့ boxes ေတြကိုစူးစမ္းေနၿပီျဖစ္ ပါတယ္။
loot boxes ေတြကိုေလာင္းကစားနည္းတစ္မ်ိဳးလို႔(ခုလက္ရွိခ်ိန္အထိ) မစဥ္းစားသင့္ေၾကာင္း Creutz ကမွတ္ခ်က္ေပးထားပါတယ္။ ဒါေပမယ့္ဂိမ္းကစားသူေတြဝယ္ယူတဲ့ပုံစံနဲ႔ဆိုင္တဲ့ data ေတြကိုတခ်ိန္ခ်ိန္မွာတမင္ရည္႐ြယ္အသုံးခ်လာနိင္ တာကိုေတာ့သူကစိုးရိမ္ေနတာျဖစ္ပါတယ္။
ဂိမ္းထုတ္လုပ္သူေတြကေတာ့အျမတ္သန႔္သန႔္ရတဲ့ microtransactions ေတြကိုအႀကိဳက္ေတြ႕ၾကပါတယ္။ အေၾကာင္းကေတာ့ဂိမ္းကစားသူေတြကိုလက္နက္သစ္ေတြ၊ဝတ္စုံသစ္ေတြေပးလိုက္ရတာမ်ိဳးကသူတို႔အတြက္ (ဂိမ္းဖန္တီးသူ)ကုန္က်စရိတ္မရွိသေလာက္ျဖစ္တာေၾကာင့္ျဖစ္ပါတယ္။အဲ့ဒီလိုဂိမ္းထဲကေနအျမတ္ရွာတဲ့နည္းကဒီႏွစ္ထဲမွာဂိမ္းလုပ္ငန္းကိုဝင္ေငြျမင့္တက္လာေစပါတယ္။ဒါေၾကာင့္နာမည္ႀကီးဂိမ္းကုမၸဏီေတြရဲ႕အစုရွယ္ယာေဈးေတြေတာင္တက္သြားတာျဖစ္ပါတယ္။ဂိမ္းကစားသူေတြနဲ႔တာဝန္ရွိသူေတြစိတ္ဆိုးသြားတာမ်ိဳးကိုေရွာင္ရွားဖို႔ဗီဒီယိုဂိမ္းေလာကသားေတြအေနနဲ႔ microtransaction practices ေတြအတြက္စည္းကမ္းမူ ေဘာင္ေတြကိုပူးေပါင္းေရးဆြဲသင့္တယ္လို႔ Creutz ကအႀကံျပဳထားပါတယ္။
[unicode]
နိုဝင်ဘာ၁၇ ရက်နေ့ကတရားဝင်ထွက်လာခဲ့တဲ့ Star Wars: Battlefront II ဂိမ်းမှာငွေအစစ်တွေသုံးပြီးဆော့ရမယ့် loot boxes ကိစ္စကြောင့် Electronic Arts ဟာတစ်လကျော်လောက်ဂိမ်းကစားသူတွေလုပ်ငန်းရှယ်ယာရှင်တွေဝေဖန်တာအလူးအလဲခံခဲ့ရတာကိုတော့ player အများစုသိပါလိမ့်မယ်။
ဂိမ်းထဲမှာ loot boxes တွေကိုထည့်သုံးထားပါတယ်။ ဂိမ်းကစားသူတွေကဂိမ်းထဲက boxes တွေကိုငွေသားအစစ်နဲ့ဝယ်ကြရတာမျိုးပေါ့။ အဲ့ဒီ boxes တွေထဲမှာ ကြုံသလိုထည့်ထားတဲ့ skill တွေပါတယ်။ဒါကိုဂိမ်းထဲက in-game microtransaction လို့လည်းခေါ်ပါတယ်။ game လောကမှာ အဲ့ဒီ boxes တွေဟာအသစ်အဆန်းမဟုတ်ပေမယ့် Battlefront ဂိမ်းမှာထည့်ထားတာကတော့ ငွေမသုံးနိုင်တဲ့ကစားသမားတွေအနိုင်မရဘူး ဆိုတဲ့ပုံစံမျိုးချိုးထားတာဟာ တရားမျှတမှုမရှိဘူးလို့ player တွေကဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ pay to win ကသိပ်သိသာနေတာမျိုးပေါ့။
ဒါကြောင့် EA ဟာ Battlefront မှာ microtransaction ကိုရပ်ဆိုင်းလိုက်ရတဲကိန်းဆိုက်သွားခဲ့ပါတယ်။ Battlefront II ဆိုတာအစွန်အဖျားလောက်ပဲရှိပါသေးတယ်လို့နိုဝင်ဘာ၂၇ရက်နေ့တုန်းက Cowen ရဲ့ analyst ဖြစ်သူ Doug Creutz ကရေးခဲ့တာဖြစ်ပါတယ်။အရင်တုန်းကတော့ဂိမ်းဆော့သူတွေဟာ Take-Two Interactive ရဲ့ NBA 2K18 နဲ့ Activision Blizzard ရဲ့ Destiny 2 တို့လိုအခြားဂိမ်းတွေမှာပါဝင်တဲ့ microtransactions ဒါမှမဟုတ် “live services” ဆိုတာတွေကိုစိတ်ပျက်ခဲ့ကြတာဖြစ်ပါပေမယ့်လည်း Battlefront II ကိစ္စကတော့ ဂိမ်းထုတ်လုပ်သူတွေသတိထားရမယ့်ကိစ္စတစ်ရပ်ဖြစ်တယ်လို့ Doug Creutz ကပြောထားပါတယ်။
“live services ကရလာမယ့်အကျိုးအမြတ်တစ်ခုဟာin-game ပြသာနာတွေကိုအမှန်ပြင်လို့ဖြစ်လာတဲ့
အပြောင်းအလဲတွေကြောင့် ဂိမ်းထုတ်လုပ်သူတွေဘက်က လက်ခံထားတဲ့ဘောင်ကိုကျော်လွန်လုပ်ဆောင်တယ် လို့ဝေဖန်တာခံနေရပြီး အများဝေဖန်ရတဲ့အထိ ပြောင်းပြန်ဆိုးကျိုးတစ်ရပ်ဖြစ်သွားကြောင်း ဂိမ်းလုပ်ငန်းဘက်ကပြောဆိုနေပါတယ်။”လို့ Creutz ကရေးခဲ့တာဖြစ်ပါတယ်။ “ဗီဒီယိုဂိမ်းလောကကတော့ ၎င်းရဲ့ဖောက်သည်တွေနဲ့ဆက်ဆံရေးအမှန်တကယ်ထိခိုက်ဖို့စတင်လုပ်ဆောင်နေတာဖြစ်တယ်လို့ကျွန်တော်တို့ထင်ပါတယ်” လို့ရေးထားပါတယ်။
ဖောက်သည်ဖြစ်တဲ့ player တွေကိုချည်းထိခိုက်စေတာ မဟုတ်ပါဘူး။ အမေရိကန်နဲ့အခြားနိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေကတော့ loot boxes တွေကိုစတင်သံသယဝင်နေကြပြီဖြစ်ပါတယ်။ (အခြားနိုင်ငံတွေက လို့ပဲပြောတာ)။ အကြောင်းကတော့ Boxes တွေထဲမှာကြုံတဲ့ items player အနေနဲ့မိမိလိုချင်တဲ့ items မရမချင်း ငွေတွေကိုဆက်တိုက်သုံးနေရအောင်လုပ်နေတာဖြစ်ပါတယ်။ Hawaii အစိုးတာဝန်ရှိသူတစ်ဦးကတော့ Battlefront II “a Star Wars-themed online casino ဟာကလေးတွေငွေသုံးလာအောင်ဒီဇိုင်းဆင်ထား တာဖြစ်တယ်လို့ပြောကြားခဲ့ပြီး Blegium ရဲ့ gaming commission ကတော့ boxes တွေကိုစူးစမ်းနေပြီဖြစ် ပါတယ်။
loot boxes တွေကိုလောင်းကစားနည်းတစ်မျိုးလို့(ခုလက်ရှိချိန်အထိ) မစဉ်းစားသင့်ကြောင်း Creutz ကမှတ်ချက်ပေးထားပါတယ်။ ဒါပေမယ့်ဂိမ်းကစားသူတွေဝယ်ယူတဲ့ပုံစံနဲ့ဆိုင်တဲ့ data တွေကိုတချိန်ချိန်မှာတမင်ရည်ရွယ်အသုံးချလာနိင် တာကိုတော့သူကစိုးရိမ်နေတာဖြစ်ပါတယ်။
ဂိမ်းထုတ်လုပ်သူတွေကတော့အမြတ်သန့်သန့်ရတဲ့ microtransactions တွေကိုအကြိုက်တွေ့ကြပါတယ်။ အကြောင်းကတော့ဂိမ်းကစားသူတွေကိုလက်နက်သစ်တွေ၊ဝတ်စုံသစ်တွေပေးလိုက်ရတာမျိုးကသူတို့အတွက် (ဂိမ်းဖန်တီးသူ)ကုန်ကျစရိတ်မရှိသလောက်ဖြစ်တာကြောင့်ဖြစ်ပါတယ်။အဲ့ဒီလိုဂိမ်းထဲကနေအမြတ်ရှာတဲ့နည်းကဒီနှစ်ထဲမှာဂိမ်းလုပ်ငန်းကိုဝင်ငွေမြင့်တက်လာစေပါတယ်။ဒါကြောင့်နာမည်ကြီးဂိမ်းကုမ္ပဏီတွေရဲ့အစုရှယ်ယာဈေးတွေတောင်တက်သွားတာဖြစ်ပါတယ်။ဂိမ်းကစားသူတွေနဲ့တာဝန်ရှိသူတွေစိတ်ဆိုးသွားတာမျိုးကိုရှောင်ရှားဖို့ဗီဒီယိုဂိမ်းလောကသားတွေအနေနဲ့ microtransaction practices တွေအတွက်စည်းကမ်းမူ ဘောင်တွေကိုပူးပေါင်းရေးဆွဲသင့်တယ်လို့ Creutz ကအကြံပြုထားပါတယ်။