[zawgyi]
[unicode]
နောက်လာမယ့် Game of Thrones အဖြစ် Amazon က Lord of the Rings TV series ကိုစီစဉ်နေပြီဖြစ်တယ်လို့ကောလာဟလတွေထွက်ပေါ်နေခဲ့ရာကနေလက်ရှိမှာတော့အဲ့ဒီသတင်းကိုအတည်ပြုနိုင်ပြီဖြစ်ပါတယ်။ တကယ်ပြောရရင် မပြီးနိုင်တဲ့ Hobbit ဇာတ်လမ်းကြီးကိုမုန်းလာတာတော့အမှန်ပဲ။ ကြည့်ချင်တာက dwarf race အကြောင်းမဟုတ်ခဲ့ဘူးလေ။
The Lord of the Rings အတွက်တစ်ကမ္ဘာလုံးဆိုင်ရာရုပ်သံထုတ်လွှင့်ခွင့်ကိုဝယ်ယူခဲ့ပြီးပြီဖြစ်တယ်လို့ Amazon ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ Amazon Studios အနေနဲ့ New Line Cinema, the Tolkien estate နဲ့ HarperCollins တို့နဲ့ ပူးပေါင်းပြီးရုပ်သံစီးရီးကိုထုတ်လုပ်တော့မှာဖြစ်ပါတယ်။
Peter Jackson ရိုက်ခဲ့တဲ့ troilogy ထဲကဇာတ်လမ်းတွေကိုပြန်ပြောနေတာမျိုးထက် J.R.R. Tolkien’s The Fellowship of the Ring ကိုမူတည်ပြီး ဇာတ်လမ်းအသစ်တွေကိုသုံးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ seasons တွေနဲ့ပြသသွားမယ့် အဲ့ဒီစီးရီးမှာနောက်ထပ် မူကွဲစီးရီးတွေလည်းပါဝင်လာဖို့ရှိမယ်လို့ပြောထားပါသေးတယ်။
ဒါနဲ့ streaming service တွေသိပ်ခေတ်ထလာတော့လည်း Amazon ကိုယ်တိုင်က free ad-supported ဆိုတာအတွက်ပြင်နေတယ်ဆိုပဲ။ ထင်တာတော့ အဲ့ service အတွက် ပေါက်မယ့် series ကိုရှာနေတာထင်ပါတယ်။ဒီတစ်ခုကတော့ free မရလောက်ဘူး။
source : Amazon