[zawgyi]
Neverwinter Nights: Enhanced Edition is available to pre-order on Beamdog! –> https://t.co/z8KHH35COA
Pre-order to get Head Start access and play early! #neverwinternights #neverwinter #nwnee pic.twitter.com/JMqnI3jLsk
— Beamdog (@BeamdogInc) November 21, 2017
[unicode]
ဒီနှစ်အတွင်းမှာ Remaster တွေလည်းခေတ်ထနေတာကိုတွေ့ရမှာပါ၊ လွန်ခဲ့တဲ့ ၁၀နှစ်နဲ့ အထက်က ဂိမ်းတွေကို ပြန်လည်ဆန်းသစ်တယ်ပေါ့လေ။ တစ်ချို့ ဂိမ်းတွေကိုကြိုက်ပေမယ့် တစ်ချို့ဂိမ်းတွေကတော့ သတိထားမိတယ်တယ်ဆိုတာလောက်ပါပဲ။ ဒါပေမယ့် ဒီလိုဂိမ်းတွေထဲက မှတ်မှတ်ရရ Neverwinter Nights ဆိုတာရှိပါတယ်။ တစ်ချို့ player တွေအတွက်ကတော့ နောက်မှထွက်လာတဲ့ Baldur’s Gate I/II နဲ့ Icewind Dale ကိုပိုရင်နှီးနိုင်ပါလိမ့်မယ်။ NWN ကတကယ်တော့ 2002 ခုနှစ်ကတည်းက ထွက်ထားတဲ့ 3D RPG တစ်ခုပါ။ အဲ့ဒီတုန်းကတော့ modder ဖြစ်ဖို့သိပ်လွယ်တဲ့ အချိန်ပေါ့လေ။ သူ့မှာ တကယ်ကို editor ပါလာတယ်။ အဲ့ဒါကြောင့် NWN has legions of players who made adventure modules လို့ပြောခဲ့ကြတာ။ cheat နဲ့ပဲဆော့တတ်တဲ့ player တွေကတော့ ခိုးစရာမလိုတဲ့ ဂိမ်းလို့ပြောခဲ့ကြသေးတယ်။
ဒီတစ်ခါတော့ remaster ဆိုတာထက် အများကြီးသာတဲ့ version တစ်ခုထွက်လာမယ်ထင်ပါတယ်။ အများကြီးမျှော်လင့်နေတယ်ဆိုပေမယ့် ညကမှ twitter မှာတင်ထားပေးတယဆိုတော့လည်း ဘာတွေပါမလဲတော့ အသေးစိတ်မကြည့်ရသေးတော့ မသိပါဘူး။ pre-order ရပြီလို့ သူ့ရဲ့ enhenced version ထုတ်မဲ့ Beamdog မှာတော့တင်ထားပါတယ်။