[zawgyi]
ဂိမ္းကစားရာမွာ ေငြအကုန္ခံမွသာႏိုင္မယ္ဆိုတဲ့ပုံစံ (pay-to-win models) ကိုကန႔္ကြက္ခဲ့တာေၾကာင့္ Plants vs. Zombies ဂိမ္းဖန္တီးသူ George Fan ကို EA ကထုတ္ပယ္လိုက္တယ္ဆိုတဲ့ သတင္းေတြကို လြန္ခဲ့တဲ့ ၂ ရက္ေလာက္ကတည္းကၾကားရတာပါ။
2012 တုန္းက ဝန္ထမ္း ၅၀ ကိုလူေလ်ာ့ရာမွာ Fan ပါဝင္ခဲ့တယ္လို႔ Kotaku ကေဖာ္ျပခဲ့ လို႔သိရေပမယ့္သတင္းရင္းျမစ္ကိုမသိရဘူးလို႔ေျပာထားပါတယ္။ Popcap ကေတာ့ Fan အလုပ္လုပ္တဲ့ ၎ရဲ႕ San Mateo ႐ုံးခန္းကိုပိတ္လိုက္တာျဖစ္ၿပီး လေပါင္းမ်ားစြာေဆြးေႏြးျငင္းခုန္တာေတြလုပ္ခဲ့ၿပီးေနာက္ Fan ကိုထုတ္လိုက္တာျဖစ္တယ္လို႔ေျပာထားပါတယ္။
ဂိမ္းထဲမွာ freemium models ေတြထည့္တာနဲ႔ပက္သက္လို႔ Fan ကသေဘာမတူဘူးလို႔သတင္းထြက္ ခဲ့တာျဖစ္ၿပီး Plants vs. Zombies 2 ဂိမ္းေရးရာမွာေတာင္သူမပါဘူးလို႔ဆိုပါတယ္။ သူအျဖဳတ္ခံရတာဟာ ဝန္ထမ္းအမ်ားႀကီးေလ်ာ့ထဲအထဲမွာပါသြားတာေၾကာင့္ျဖစ္ကာသေဘာထားမတိုက္ဆိုင္လို႔အထုတ္ခံရတာ မ်ိဳးမဟုတ္ဘူးလို႔လည္းေျပာထားေသးရဲ႕။
“မၾကာေသးခင္ကထြက္ေပၚေနတဲ့ သတင္းေတြအရ လူေလ်ာ့တဲ့အထဲပါၿပီး အထုတ္ခံရတယ္ဆိုတာ ဟုတ္ပါတယ္။ PvZ2 ဂိမ္းမွာ freemium ကိစၥနဲ႔ပက္သက္လို႔လည္း ကြၽန္ေတာ္ အတိုက္အခံလုပ္ခဲ့တယ္ ဆိုတာလည္းမွန္ပါတယ္။ ေလာေလာဆယ္ဒီေလာက္ပဲကြၽန္ေတာ္ေျပာလို႔ရပါတယ္”လို႔Fan က twitter မွာေရးထားတာေတြ႕ပါတယ္။ pay-to-win model ကိုဂိမ္းမွာထည့္ေရးမယ့္ကိစၥနဲ႔ပက္သက္လို႔ Plants vs. Zombies မူလဖန္တီးသူ George Fan ကို EA ကထုတ္ပယ္ခဲ့တာၾကာၿပီျဖစ္တယ္လို႔ဆိုပါတယ္။ Super Meat Boy ေရးခဲ့တဲ့ Edmund McMillen ကေတာ့ PvZ ဆိုတာ ကြၽန္ေတာ့ သူငယ္ခ်င္း Fan ရဲ႕သားသမီးလို႔ေတာင္ေျပာလို႔ရပါတယ္” လို႔ ေျပာပါတယ္။ ဒီေတာ့ ဘယ္ဘက္ကအမွန္ဆိုတာေျပာရခက္ေပမယ့္ တဟုန္ထိုး တိုးတက္ၿပီး ေဈးကြက္အႀကီးႀကီးျဖစ္လာတဲ့ ဂိမ္းေလာကထဲမွာ ေလာဘဆိုတာလည္းတြဲပါလာတယ္ထင္ပါ့။
[unicode]
ဂိမ်းကစားရာမှာ ငွေအကုန်ခံမှသာနိုင်မယ်ဆိုတဲ့ပုံစံ (pay-to-win models) ကိုကန့်ကွက်ခဲ့တာကြောင့် Plants vs. Zombies ဂိမ်းဖန်တီးသူ George Fan ကို EA ကထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းတွေကို လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းကကြားရတာပါ။
2012 တုန်းက ဝန်ထမ်း ၅၀ ကိုလူလျော့ရာမှာ Fan ပါဝင်ခဲ့တယ်လို့ Kotaku ကဖော်ပြခဲ့ လို့သိရပေမယ့်သတင်းရင်းမြစ်ကိုမသိရဘူးလို့ပြောထားပါတယ်။ Popcap ကတော့ Fan အလုပ်လုပ်တဲ့ ၎င်းရဲ့ San Mateo ရုံးခန်းကိုပိတ်လိုက်တာဖြစ်ပြီး လပေါင်းများစွာဆွေးနွေးငြင်းခုန်တာတွေလုပ်ခဲ့ပြီးနောက် Fan ကိုထုတ်လိုက်တာဖြစ်တယ်လို့ပြောထားပါတယ်။
ဂိမ်းထဲမှာ freemium models တွေထည့်တာနဲ့ပက်သက်လို့ Fan ကသဘောမတူဘူးလို့သတင်းထွက် ခဲ့တာဖြစ်ပြီး Plants vs. Zombies 2 ဂိမ်းရေးရာမှာတောင်သူမပါဘူးလို့ဆိုပါတယ်။ သူအဖြုတ်ခံရတာဟာ ဝန်ထမ်းအများကြီးလျော့ထဲအထဲမှာပါသွားတာကြောင့်ဖြစ်ကာသဘောထားမတိုက်ဆိုင်လို့အထုတ်ခံရတာ မျိုးမဟုတ်ဘူးလို့လည်းပြောထားသေးရဲ့။
“မကြာသေးခင်ကထွက်ပေါ်နေတဲ့ သတင်းတွေအရ လူလျော့တဲ့အထဲပါပြီး အထုတ်ခံရတယ်ဆိုတာ ဟုတ်ပါတယ်။ PvZ2 ဂိမ်းမှာ freemium ကိစ္စနဲ့ပက်သက်လို့လည်း ကျွန်တော် အတိုက်အခံလုပ်ခဲ့တယ် ဆိုတာလည်းမှန်ပါတယ်။ လောလောဆယ်ဒီလောက်ပဲကျွန်တော်ပြောလို့ရပါတယ်”လို့Fan က twitter မှာရေးထားတာတွေ့ပါတယ်။ pay-to-win model ကိုဂိမ်းမှာထည့်ရေးမယ့်ကိစ္စနဲ့ပက်သက်လို့ Plants vs. Zombies မူလဖန်တီးသူ George Fan ကို EA ကထုတ်ပယ်ခဲ့တာကြာပြီဖြစ်တယ်လို့ဆိုပါတယ်။ Super Meat Boy ရေးခဲ့တဲ့ Edmund McMillen ကတော့ PvZ ဆိုတာ ကျွန်တော့ သူငယ်ချင်း Fan ရဲ့သားသမီးလို့တောင်ပြောလို့ရပါတယ်” လို့ ပြောပါတယ်။ ဒီတော့ ဘယ်ဘက်ကအမှန်ဆိုတာပြောရခက်ပေမယ့် တဟုန်ထိုး တိုးတက်ပြီး ဈေးကွက်အကြီးကြီးဖြစ်လာတဲ့ ဂိမ်းလောကထဲမှာ လောဘဆိုတာလည်းတွဲပါလာတယ်ထင်ပါ့။
source : twitter