[zawgyi]
အရင္တစ္ပတ္ကလို့ထင္တာပဲ၊ ဖတ္ပဲဖတ္လိုက္မိတယ္၊ အခ်ိန္မရတာနဲ႔ မေရးျဖစ္လုိက္ဘူး၊ တရုတ္ျပည္ရဲ႕ ဒိတ္ဒိတ္ႀကဲ နည္းပညာ ကုမၺဏီႀကီး ျဖစ္တဲ့ Tencent ကေနၿပီးေတာ့ PUBG (PlayerUnknown’s Battlegrounds) ကို တရုတ္ျပည္အတြက္ သီးသန္႔ (localized version) ထုတ္မယ္ဆိုတဲ့ကိစၥပါ။ PUBG ရဲ႕ developer ျဖစ္သူ Bluehole နဲ့လဲ အကုန္ေျပာၿပီးဆိုၿပီးၿပီလို့ေျပာပါတယ္။
စိတ္ဝင္စားစရာက တရုတ္ကေန PUBG ကိုကူးထားတဲ့ ဂိမ္းေတြ (Clone) ေတြေပါမွေပါ အခ်ိန္မွာ ဒီလိုလုပ္တယ္ေပါ့။ (မွတ္မိသေလာက္ ဖုန္းထုတ္တဲ့ Xiaomi မွာေတာင္ အဲ့လိုဂိမ္းမ်ိုးထုတ္လိုက္ေသးသားလို့႔) ။ ကြၽန္ေတာ္ကိုယ္တိုင္ကေတာ့ PC မွာလြတ္လပ္ၿပီးေတာ့ ဒီေလာက္ေပ်ာ္ဖို့ေကာင္းတဲ့ ဂိမ္းကို screen ေသးေသးမွာ ေဆာ့ဖို့ စိတ္မဝင္စားခဲ့ပါဘူး။
ဒါေပမယ့္ ဒီေန႔မွာေတာ့ Tencent ႀကီးက PUBG Corp နဲ့အတူေၾကျငာလိုက္ပါတယ္။ သူတို့ PUBG ကို mobile version အျဖစ္ porting (PC မွာ ေဆာ့လို့ရတဲ့ ဂိမ္းကို mobile မွာေဆာ့လို့ရေအာင္လုပ္တာ၊ platform တစ္ခုတည္းအတြက္ထုတ္ထားတဲ့ဂိမ္းကို ေနာက္ platform မွာေဆာ့လို့ရေအာင္ ေရြ႕ေျပာင္းတာ) လုပ္မယ္ ေျပာလိုက္ပါတယ္။ ဘယ္ေတာ့ထြက္လာမလဲေတာ့ မသိပါဘူး။ ဒါေပမယ့္ PC မွာေဆာ့ခဲ့ရတဲ့ အတိုင္း ထက္မနိမ့္ေအာင္စီစဥ္ထားေၾကာင္းေတာ့ ေျပာပါတယ္။ တရုတ္ျပည္မွာ စထုတ္မယ္ဆိုေတာ့ ေနာက္တစ္ခ်ိန္မွာ တစ္ကမာၻလံုးကို မျဖန္႔ဘူးလို့လည္းေျပာလို႕မရဘူးေပါ့။
ဘာပဲျဖစ္ျဖစ္ 21 သန္းေက်ာ္ေရာင္းထားၿပီးသား ဂိမ္းတစ္ခုမွာ mobile version ထြက္လာရင္လည္း အဲ့ေလာက္ player အေရအတြက္ေလာက္ေတာ့ အသာေလးရနိုင္မယ္ထင္ပါတယ္။
(မၾကာခင္ထြက္လာမယ့္ Xbox One version ကလည္းရွိေနပါေသးတယ္။ ထင္တာေတာ့ တရုတ္မွာ console version မေရာင္းျဖစ္ဘူးနဲ့တူတယ္။)
အရင်တစ်ပတ်ကလို့ထင်တာပဲ၊ ဖတ်ပဲဖတ်လိုက်မိတယ်၊ အချိန်မရတာနဲ့ မရေးဖြစ်လိုက်ဘူး၊ တရုတ်ပြည်ရဲ့ ဒိတ်ဒိတ်ကြဲ နည်းပညာ ကုမ္ဗဏီကြီး ဖြစ်တဲ့ Tencent ကနေပြီးတော့ PUBG (PlayerUnknown’s Battlegrounds) ကို တရုတ်ပြည်အတွက် သီးသန့် (localized version) ထုတ်မယ်ဆိုတဲ့ကိစ္စပါ။ PUBG ရဲ့ developer ဖြစ်သူ Bluehole နဲ့လဲ အကုန်ပြောပြီးဆိုပြီးပြီလို့ပြောပါတယ်။
စိတ်ဝင်စားစရာက တရုတ်ကနေ PUBG ကိုကူးထားတဲ့ ဂိမ်းတွေ (Clone) တွေပေါမှပေါ အချိန်မှာ ဒီလိုလုပ်တယ်ပေါ့။ (မှတ်မိသလောက် ဖုန်းထုတ်တဲ့ Xiaomi မှာတောင် အဲ့လိုဂိမ်းမျိုးထုတ်လိုက်သေးသားလို့) ။ ကျွန်တော်ကိုယ်တိုင်ကတော့ PC မှာလွတ်လပ်ပြီးတော့ ဒီလောက်ပျော်ဖို့ကောင်းတဲ့ ဂိမ်းကို screen သေးသေးမှာ ဆော့ဖို့ စိတ်မဝင်စားခဲ့ပါဘူး။
ဒါပေမယ့် ဒီနေ့မှာတော့ Tencent ကြီးက PUBG Corp နဲ့အတူကြေငြာလိုက်ပါတယ်။ သူတို့ PUBG ကို mobile version အဖြစ် porting (PC မှာ ဆော့လို့ရတဲ့ ဂိမ်းကို mobile မှာဆော့လို့ရအောင်လုပ်တာ၊ platform တစ်ခုတည်းအတွက်ထုတ်ထားတဲ့ဂိမ်းကို နောက် platform မှာဆော့လို့ရအောင် ရွေ့ပြောင်းတာ) လုပ်မယ် ပြောလိုက်ပါတယ်။ ဘယ်တော့ထွက်လာမလဲတော့ မသိပါဘူး။ ဒါပေမယ့် PC မှာဆော့ခဲ့ရတဲ့ အတိုင်း ထက်မနိမ့်အောင်စီစဉ်ထားကြောင်းတော့ ပြောပါတယ်။ တရုတ်ပြည်မှာ စထုတ်မယ်ဆိုတော့ နောက်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို မဖြန့်ဘူးလို့လည်းပြောလို့မရဘူးပေါ့။
ဘာပဲဖြစ်ဖြစ် 21 သန်းကျော်ရောင်းထားပြီးသား ဂိမ်းတစ်ခုမှာ mobile version ထွက်လာရင်လည်း အဲ့လောက် player အရေအတွက်လောက်တော့ အသာလေးရနိုင်မယ်ထင်ပါတယ်။
(မကြာခင်ထွက်လာမယ့် Xbox One version ကလည်းရှိနေပါသေးတယ်။ ထင်တာတော့ တရုတ်မှာ console version မရောင်းဖြစ်ဘူးနဲ့တူတယ်။)