[zawgyi]
၂၀၁၇ခုႏွစ္ဟာဂိမ္းေတြအတြက္အားရစရာေကာင္းတဲ့ႏွစ္တစ္ႏွစ္ျဖစ္ပါတယ္။အေကာင္းဆုံး open-world ဂိမ္းေတြထဲက တစ္ခုကို ကစားခဲ့ၾကတယ္၊ mod ေတြလည္းထြက္ခဲ့တယ္။ The Legends of Zelda : Breath of the Wild ကိုေျပာတာပါ။ ကြၽန္ေတာ္တို႔ဟာအေကာင္းဆုံး Platformer လို႔ဆိုတဲ့ Super Mario Odyessy လည္း ေတြ႕ခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ ဟာ Assassins’ Creed : Origins ကိုျဖတ္သန္းၿပီးေတာ့လည္း အလွဆုံးေလာကကိုစူးစမ္းခဲ့ၾကပါတယ္။ Wolfenstein II : The New Colossus လိုအေကာင္းဆုံး shooters ဂိမ္းတခ်ိဳ႕ကိုလည္းကစားခဲ့ၾကတာျဖစ္ပါတယ္။ ဒီကေန႔အထိ NieR : Automata လိုမ်ိဳး စိတ္ဝင္စားစရာ အေကာင္းဆုံးဇာတ္လမ္းတခ်ိဳ႕ကိုေလ့လာစူးစမ္းခဲ့ပါတယ္။
ဒါေပမယ့္၂၀၁၇ ဟာ developer ေတြအတြက္ေရာ Player ေတြအတြက္ပါ အလြန္ခက္ခဲၾကမ္းတမ္းေနတုန္းပဲ ျဖစ္ပါတယ္။ ၂၀၁၇ မွာမေကာင္းသတင္းေတြလည္း ဟိုနား ဒီနားက ၾကားေနရတုန္းပါပဲ။
Overwatch မွာ Strike team ထားရတဲ့အထိ toxic player ကိစၥေတြမၿပီးႏိုင္မစီးႏိုင္ျဖစ္ေနတာေတြ၊ PUBG မွာလည္း cheat cancer သတ္ေနရတာေတြ နဲ႔ သိပ္မၾကာေသးခင္ကပဲ EA ကVisceral Games ကိုပိတ္လိုက္တာ မ်ိဳးေတြေပါ့။ EA ဟာ Dead Space နဲ႔လာေတာ့မယ့္ Star Wars gameေတြကိုထုတ္ဖို႔ရွိပါတယ္။ အဲ့ဒီဂိမ္းေတြဟာ “games-as-service” ဝန္ေဆာင္မႈတြဲပါလာတဲ့ဂိမ္းအမ်ိဳးအစားေတြ ျဖစ္ပါတယ္။ (game-as-service model ကိုဒီမွာၾကည့္လို႔ရမယ္ထင္ပါတယ္။)
အဲ့ဒီလိုပိတ္လိုက္ၿပီးတဲ့ေနာက္ေျပာစရာစကားေတြ၊ ေတြစရာအေတြးေတြ မ်ားလာပါတယ္။ loot boxes ပါတဲ့ဂိမ္းေတြပိုမို မ်ားလာေတာ့မယ့္အေနအထားေၾကာင့္ single-player games ဂိမ္းေတြဟာဂိမ္းဖန္တီးသူကိုေငြရွာမေပးႏိုင္ ေတာ့ဘူးလား။ ဒါဆို AAA လို႔သတ္မွတ္တဲ့ ဂိမ္းမ်ိဳးေတြမွာ single-player games ဂိမ္းေတြေခတ္ကုန္ေတာ့မယ့္နိဒါန္းလား။ အထက္ကေျပာခဲ့တဲ့ ဂိမ္းေတြရွိေနေသးသမွ် ေတာ့ မျဖစ္ႏိုင္ေသးဘူးဆိုတာသိေပမယ့္လည္း ကိုယ္ေရာက္ေနတဲ့ ေနရာလို နည္းပညာ နဲ႔ data connection, data စားသုံးမႈမွာ စုတ္ျပတ္သတ္ေနတဲ့ player တစ္ေယာက္အေနနဲ႔ ရင္ေလးမိတာေတာ့ အမွန္ပဲ။
[unicode]
၂၀၁၇ခုနှစ်ဟာဂိမ်းတွေအတွက်အားရစရာကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။အကောင်းဆုံး open-world ဂိမ်းတွေထဲက တစ်ခုကို ကစားခဲ့ကြတယ်၊ mod တွေလည်းထွက်ခဲ့တယ်။ The Legends of Zelda : Breath of the Wild ကိုပြောတာပါ။ ကျွန်တော်တို့ဟာအကောင်းဆုံး Platformer လို့ဆိုတဲ့ Super Mario Odyessy ကိုလည်း တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ဟာ Assassins’ Creed : Origins ကိုဖြတ်သန်းပြီးတော့လည်း အလှဆုံးလောကကိုစူးစမ်းခဲ့ကြပါတယ်။ Wolfenstein II : The New Colossus လိုအကောင်းဆုံး shooters ဂိမ်းတချို့ကိုလည်းကစားခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့အထိ NieR : Automata လိုမျိုး စိတ်ဝင်စားစရာ အကောင်းဆုံးဇာတ်လမ်းတချို့ကိုလေ့လာစူးစမ်းခဲ့ပါတယ်။
ဒါပေမယ့်၂၀၁၇ ဟာ developer တွေအတွက်ရော Player တွေအတွက်ပါ အလွန်ခက်ခဲကြမ်းတမ်းနေတုန်းပဲ ဖြစ်ပါတယ်။ ၂၀၁၇ မှာမကောင်းသတင်းတွေလည်း ဟိုနား ဒီနားက ကြားနေရတုန်းပါပဲ။
Overwatch မှာ Strike team ထားရတဲ့အထိ toxic player ကိစ္စတွေမပြီးနိုင်မစီးနိုင်ဖြစ်နေတာတွေ၊ PUBG မှာလည်း cheat cancer သတ်နေရတာတွေ နဲ့ သိပ်မကြာသေးခင်ကပဲ EA ကVisceral Games ကိုပိတ်လိုက်တာ မျိုးတွေပေါ့။ EA ဟာ Dead Space နဲ့လာတော့မယ့် Star Wars gameတွေကိုထုတ်ဖို့ရှိပါတယ်။ အဲ့ဒီဂိမ်းတွေဟာ “games-as-service” ဝန်ဆောင်မှုတွဲပါလာတဲ့ဂိမ်းအမျိုးအစားတွေ ဖြစ်ပါတယ်။ (game-as-service model ကိုဒီမှာကြည့်လို့ရမယ်ထင်ပါတယ်။)
အဲ့ဒီလိုပိတ်လိုက်ပြီးတဲ့နောက်ပြောစရာစကားတွေ၊ တွေစရာအတွေးတွေ များလာပါတယ်။ loot boxes ပါတဲ့ဂိမ်းတွေပိုမို များလာတော့မယ့်အနေအထားကြောင့် single-player games ဂိမ်းတွေဟာဂိမ်းဖန်တီးသူကိုငွေရှာမပေးနိုင် တော့ဘူးလား။ ဒါဆို AAA လို့သတ်မှတ်တဲ့ ဂိမ်းမျိုးတွေမှာ single-player games ဂိမ်းတွေခေတ်ကုန်တော့မယ့်နိဒါန်းလား။ အထက်ကပြောခဲ့တဲ့ ဂိမ်းတွေရှိနေသေးသမျှ တော့ မဖြစ်နိုင်သေးဘူးဆိုတာသိပေမယ့်လည်း ကိုယ်ရောက်နေတဲ့ နေရာလို နည်းပညာ နဲ့ data connection, data စားသုံးမှုမှာ စုတ်ပြတ်သတ်နေတဲ့ player တစ်ယောက်အနေနဲ့ ရင်လေးမိတာတော့ အမှန်ပဲ။