[zawgyi]
လက္ရွိ Star Wars : The last jedi ကိုရိုက္ကူးေနတဲ့ director Rian Johnson အေနနဲ့ ေနာက္ထပ္ Star Wars ရုပ္ရွင္ ၃ ခုကို ဆက္လက္ ေရးသားရိုက္ကူးဖိုု့ရွိေနပါတယ္။ ေနာက္ထပ္ Triology တစ္ခုအေနနဲ႔ေပါ့။
အရင္ Skywalker saga ကေနခြဲထြက္ၿပီးေတာ့ ေနာက္ထပ္ ဇာတ္ေကာင္အသစ္ေတြနဲ့ ဖန္တီးမယ္ေျပာပါတယ္။ Lucas film ကအရင္ Episode IX အလြန္ The Force Awakens မွာပါဝင္ခဲ့တဲ့ ဇာတ္ေကာင္အသစ္ေတြနဲ့ ဇာတ္လမ္းအသစ္ စခ်င္ေနပံုေပၚပါတယ္။
ဒီသတင္းေတြအျပင္ Disney ကေနလည္း TV series တစ္ခုထြက္လာစရာရွိပါတယ္။ Disney ကဒါကိုေတာ့ သူ့ရဲ့ Streaming platform ကေနထုတ္လႊင့္ပါလိမ့္မယ္။
ေနာက္တစ္ခုကေတာ့ ကြၽန္ေတာ္တို့ gamer ေတြရင္းနွီးၿပီးသား EA က Titanfall ကိုလုပ္ခဲ့တဲ့ Respawn ကိုဝယ္လိုက္ၿပီး Star Wars game တစ္ခုလုပ္ဖို့ရွိတယ္ေျပာတာပါ။
ဒီေတာ့ Star Wars Universe ရဲ့ lore ေတြထဲကေသြဖယ္သြားတာမဟုတ္ပဲ ရုပ္ရွင္ Triology တစ္ခု၊ Game နဲ့ TV series တစ္ခုပါလာဦးမွာဆိုေတာ့ အခ်ိန္ေတြၾကိဳစုထား ရင္ေကာင္းမယ္ထင္ပါတယ္။
ဒါနဲ့… Star Wars : The last Jedi ကလာမယ့္ December 15 ဆိုထြက္ၿပီ။ US မွာေျပာပါတယ္။
source : starwars.com
[unicode]
လက်ရှိ Star Wars : The last jedi ကိုရိုက်ကူးနေတဲ့ director Rian Johnson အနေနဲ့ နောက်ထပ် Star Wars ရုပ်ရှင် ၃ ခုကို ဆက်လက် ရေးသားရိုက်ကူးဖိုု့ရှိနေပါတယ်။ နောက်ထပ် Triology တစ်ခုအနေနဲ့ပေါ့။
အရင် Skywalker saga ကနေခွဲထွက်ပြီးတော့ နောက်ထပ် ဇာတ်ကောင်အသစ်တွေနဲ့ ဖန်တီးမယ်ပြောပါတယ်။ Lucas film ကအရင် Episode IX အလွန် The Force Awakens မှာပါဝင်ခဲ့တဲ့ ဇာတ်ကောင်အသစ်တွေနဲ့ ဇာတ်လမ်းအသစ် စချင်နေပုံပေါ်ပါတယ်။
ဒီသတင်းတွေအပြင် Disney ကနေလည်း TV series တစ်ခုထွက်လာစရာရှိပါတယ်။ Disney ကဒါကိုတော့ သူ့ရဲ့ Streaming platform ကနေထုတ်လွှင့်ပါလိမ့်မယ်။
နောက်တစ်ခုကတော့ ကျွန်တော်တို့ gamer တွေရင်းနှီးပြီးသား EA က Titanfall ကိုလုပ်ခဲ့တဲ့ Respawn ကိုဝယ်လိုက်ပြီး Star Wars game တစ်ခုလုပ်ဖို့ရှိတယ်ပြောတာပါ။
ဒီတော့ Star Wars Universe ရဲ့ lore တွေထဲကသွေဖယ်သွားတာမဟုတ်ပဲ ရုပ်ရှင် Triology တစ်ခု၊ Game နဲ့ TV series တစ်ခုပါလာဦးမှာဆိုတော့ အချိန်တွေကြိုစုထား ရင်ကောင်းမယ်ထင်ပါတယ်။
ဒါနဲ့… Star Wars : The last Jedi ကလာမယ့် December 15 ဆိုထွက်ပြီ။ US မှာပြောပါတယ်။
source : starwars.com