[zawgyi]
Why WOW?
ဘာလို့ဆက်ကစားနေကြတာလဲ?
ဒီမေးခွန်းကမေးစရာပါ။

ကြိုဆိုပါ၏
ကမ္ဘာ

စွဲတယ်

ဘာလုပ်မလဲ
၁၀သန်း
[Unicode][zawgyi]
Why WOW?
ဘာလို့ဆကျကစားနကွေတာလဲ?
ဒီမေးခွန်းကမေးစရာပါ။
တော်ရုံ ကျွန်တော်တို့ ဆော့ဖြစ်တဲ့ RPG online တွေ အလွန်ဆုံးဆက်ဆော့ဖြစ်ရင် ၄ နှစ်ပေါ့။ (mobile မဟုတ်ဘူးနော်) နောက်ပိုင်း player တွေငြီးငွေ့၊ item အသစ်၊ campaign အသစ်တွေမရှိရင် ဘာမှလုပ်စရာမရှိ။ server ကလည်း ခဏခဏ ပြင်၊ developer ကလည်းဈေးပဲထိုင်ရောင်း၊ ပိုမိုက်တဲ့ ဂိမ်း အသစ်တွေထွက်လာ၊ ဒါတွေဖြစ်လာရင် ဘယ်သူမှ ဆက်မဆော့ချင်ကြတော့ ပါဘူး။ ဒါဆို wow ကိုကျတော့ 2004 ကတည်းက ထွက်ထားတာ ဘာလို့ဆက် ကစားနေကြသေးလဲပေါ့။ ဟုတ်တယ် ဆက်ကစားတဲ့ အပြင် လူသစ်တွေပါတိုးလာပါသေးတယ်။ ဒီစာရေးနေတဲ့ အချိန်မှာပဲ Battle for Azeroth ဆိုတဲ့ 7ခုမြောက် expension ထွက်ရှိဖို့ကြေငြာလာပါတယ်။ BlizzCon 2017 လုပ်နေတဲ့အချိန်လည်းဖြစ်ပြီးတော့ Warfront, Allied Races, character level 120 နဲ့ နောက်ထပ် zone အသစ် ၂ ခုထပ်တိုးလာတယ်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ပေါ့။ ဒီလို ခေါင်းစဉ်တွေအနဲ့အတူ ၁၂ နှစ်တာကာလအတွင်းမှာ fan နည်းမသွားတဲ့ အပြင် player ပိုများလာပါတယ်။

ကြိုဆိုပါ၏
wow စထွက်လာတဲ့ အချိန်တုန်းက သူလို့ MMORPG ဆိုတာမျိုးက လက်ချိုး ရေလို့ရတယ်။ ရှိပြီးသား တွေကလည်း new Player တွေကိုလည်း welcome ဖြစ်တာမဟုတ်ဘူးလေ၊ ခပ်ချေချေတွေများတယ်။ အများစုကလည်း item တွေ character တွေ၊ in-game currency တွေ၊ spell တွေရှုပ်ထွေးနေတဲ့ ဂိမ်းထဲကိုတော်ရုံ မသွားရဲသလို၊ developer ကိုယ်တိုင်ကလည်း လူအားလုံးနားလည်အောင်ရှင်းပြနိုင်တာ မဟုတ်ဘူး။ ကိုယ်တွေလည်း အစကတော့ ဒီလိုပဲ တရွှတ်တိုက်ဆော့လာခဲ့တာပဲလေ။ ဒီအချိန်မှာတော့ in-game ကိစ္စတွေ ကို new player အများစု နားလည်အောင် သူ့ရဲ့ developer website မှာလည်း အသေးစိတ်ရှင်းပြထားတာတွေ့ရပါပြီ။ level zone တွေလည်းရှိတဲ့ အတွက် လက်ရှိ player တွေကလည်း welcome ဖြစ်ကြပါတယ်။
ကမ္ဘာ
ကနဦး game world အနေနဲ့ အရင် strategy game ရဲ့ မြေပုံကိုပဲ ပြန်သုံးတဲ့အတွက် အဓိက ကုန်းမြေ တိုက်ကြီးနှစ်တိုက်ပဲပါခဲ့ပါတယ်။ နောက်ပိုင်းမှာ ထပ်တိုးလာတဲ့အခါ မျိုးနွယ်တစ်ခုက ပျက်ကျထားတဲ့ အာကာသယာဉ်ပျံကြီးပေါ်မှာနေကြတယ်၊ နောက်မျိုးနွယ်တွေက မြို့ပျက်ကြီးအောက်ထဲက ရေနှုတ်မြောင်းတွေထဲမှာနေကြတယ်။ တစ်ခြား game/movie/comic world တွေကို မှီငြမ်းရင်းချဲ့ထွင်လာတာဆိုတော့ ခုအချိန်မှာ ပုံစံမျိုးစုံ နဲ့ ကိုယ်ကြိုက်ရာ နေရာမှာ ပါဝင်ကစားနိုင်ပါတယ်။ ကွန်ဖူး တတ်တဲ့ ပန်ဒါတွေက နေ၊ လမ်းလျောက်တဲ့ နွားကြီးတွေ အထိရှိမှတော့ ကိုယ်ကြိုက်ရာ နေရာကနေရွေးချယ်ခွင့်က အပြည့်ရှိနေတာပါ။ အခု expension အသစ်မှာဆို နောက်ထပ် character တွေပါလာပါသေးတယ်။

စွဲတယ်
wow ကိုတစ်ခါကစားမိရင် နေတိုင်းကစားမိအောင်တော့ စွဲနေအောင်လုပ်ထားတယ်။ တစ်ရက်ပြီးတစ်ရက်မှာ ဓါးအသစ်လေး၊ သံချပ်ကာ အသစ်လေး ဆိုတာကနေ ဘာကောင်လေးစီးရရင်ကောင်းမှာပဲ ဘာဝယ်ရင်တော့ ငါ့ကောင် မိုက်သွားပြီစတဲ့ တစ်မျိုးပြီးတစ်မျိုး မရိုးရလောက်အောင် စွဲဆောင်ထားနိုင်ပါတယ်။ ဒါကတော့ အရှင်းဆုံးပြောရရင် သူတို့ စီးပွားရေးကိုး။ လစဉ်ကြေးပေးနေရလည်း ဆော့ဖြစ်နေတာပါပဲ။ ည ၁၀နာရီလောက်မှာ ဒီ mission လေးပြီးရင်တော့ အိပ်တော့မယ်ဆိုပြီးနေလိုက် သတိထားမိတဲ့ အချိန်က မနက် ၃နာရီအနည်းဆုံးပဲ။ တစ်ခါတစ်လေ keyboard ကြီးဖက်ပြီး အိပ်သွားတာက wow ဆော့တော့ မှ ကြုံဖူးခဲ့တာပါ။

ဘာလုပ်မလဲ
Wow ကိုဘယ်လိုဆော့သင့်တယ်၊ ဘယ်လိုမဆော့ရဘူးဆိုတဲ့ ကိစ္စ သူ့မှာ ဘာမှ မရှိဘူး။ ကြိုက်သလိုနေလို့ရတယ်။ mission တွေပဲ မနားတမ်းသွား grinding အဖြစ်ခံပြီး ပစ္စည်းပစ္စယတွေ နောက်လိုက်မလား၊raid ပဲဝင်နေမလား၊ pvp တွေ့သမျှ စိန်ခေါ်နေမလား၊ ဒါမှမဟုတ် အပင်လေးစိုက် ငါးလေးမျှား ကြိုက်တာလုပ်လို့ရနေတာပါပဲ။ Tavern ဆိုတဲ့ အရက်ဆိုင်တွေလည်းရှိသေးတယ်။ Social RPG server ဆိုတာတွေရှိသေးတယ်။ တကယ်ကို wow hardcore တွေအတွက်ပါပဲ။ (ကိုယ်ရွေးထားတဲ့ character အတိုင်းနေထိုင်ဖို့လိုတယ်လေ)။
၁၀သန်း
ဒီဂိမ်းထဲမှာတွေ့ပြီး အပြင်မှာအိမ်ထောင်ကျသွားတဲ့ အတွဲတွေရှိတယ်၊ ခုထိပေါင်းနေတဲ့ အဝေးက သူငယ်ချင်းတွေရှိတယ်၊ Team raid မှာစိတ်ဆိုးသွားလို့ ၂နှစ်လောက်ကြာမှ ပြန်ခေါ်တဲ့ သူငယ်ချင်းလည်းရှိတယ်။ ပြီးတော့ ဂိမ်းထဲမှာ အိမ်ထောင်ကျနေတဲ့ တစ်ခြားအတွဲလည်းရှိတယ်။ ဂိမ်းတစ်ခုတည်းမဟုတ်ပဲ တစ်ခါတစ်လေမှာ tavern မှာ အုပ်လိုက် သွားထိုင်နေပြီးတော့ တွေ့သမျှလူတွေလျှောက်နောက်ရင်း အချိန်ကုန်ခဲ့တဲ့ ညတွေလည်း များပါတယ်။ ဆိုတော့က…သူ့မှာ လက်ရှိ player ၁၀သန်းကျော်တဲ့ အပြင် expension တွေထွက်လာတဲ့အခါ အရေအတွက် တိုးလာပါသေးတယ်။ (Warlords of Draenor ကတော့ထားပါတော့)။၂၀၁၁ လောက်ကတည်းက မဆော့ဖြစ်တော့ ပေမယ့် 2005 လောက်တုန်းက ကိုယ် level နိမ့်နိမ့်လေးမှာ တစ်ခြား player တွေရဲ့ item တွေကြည့်ပြီး ဆက်ဆော့ ဖြစ်ခဲ့တာတော့ သတိရပါသေးတယ်။
ခုမှစဆော့ဖြစ်မယ်ဆိုရင်တော့ ဒီကို (World of warcraft) သွားပါ။ ဘာဆက်လုပ်သင့်လဲကတော့ ကိုယ့် ဒေါသနဲ့ကိုယ်ပေါ့နော။
ရွေးချယ်စရာကတော့ “FOR THE HORDE!” နဲ့ “FOR THE ALLIANCE!”၊ တစ်ဘက်မဟုတ် တစ်ဘက်ကိုတော့ရွေးရမှာပါပဲ။