[zawgyi]
[unicode]
Bohemia Interactive ရဲ့ DayZ ကိုဒီအချိန်မှာ မှတ်မိကြပါ့မလား။ စိတ်ထဲမှာတော့ ပေါ်လိုက်ပျောက်လိုက် ဂိမ်းတစ်ခုလိုပဲ။ PUBG လိုတစ်ခြား battle royale တွေကြားမှာ ဆိုတော့ ဒီ ဂိမ်းကိုနောက်နှစ်ထဲမှပဲ စောစောစီးစီးထိတွေ့ခွင့်ရကြတော့မှာဖြစ်ပါတယ်။ ဂိမ်း ရေးသူ developer ကတော့အခုသီတင်းပတ်ထဲမှာ update ပေးတော့မှာဖြစ်ကြောင်းပြောဆိုထားတာဖြစ်ပြီး beta ဗားရှင်း လည်းထွက်လာမှာဖြစ်တယ်လို့ဆိုပါတယ်။၂၀၁၈ခုနှစ်ထဲမှာတော့ console version ထွက်လာ မယ်လို့မျော်လင့်ရပါတယ်။
beta နဲ့ console versions တွေထွက်လာမယ်ဆိုတာ DayZ ဂိမ်းကစားသူတွေ အရင်ကတည်းကကြားထား ပြီးသားဖြစ်ပါတယ်။ Bohemia အနေနဲ့၂၀၁၅မှာဂိမ်းရဲ့ beta version ကိုထုတ်မယ်လို့မျော်လင့်ခဲ့ရတာဖြစ် ပေမယ့်လည်းလက်တွေ့မှာတော့ DayZ ရဲ့ beta ကအခုလောက်မှထွက်လာဖို့ဖြစ်လာခဲ့တာပါ။ ၂၀၁၈ဟာ DayZ အတွက်အလွန်အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်ပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ beta ထွက်လာချိန်မှာ final version ကိုတော့မမျော်ကြပါနဲ့ဦးလို့ developer ကပြောပါတယ်။
သတင်းတွေအရတော့ သူတို့ကလည်း PUBG ဖြစ်လာသ လိုမျိုး modder တွေကို အားကိုးပြီးတော့ နောက်ဆက်တွဲ ဇာတ်လမ်းတွေ အပြင်အဆင်တွေထပ်ချဲ့သွားမယ့်ပုံတော့ ပေါက်နေပါတယ်။ “1.0 မရောက်မချင်း ကျွန်တော်တို့အနေနဲ့ features တွေထပ်ဖြည့်ပြီး ဂိမ်းရဲ့scope ကိုတိုးချဲ့သွားတာမျိုးလုပ်တာကိုရှောင် ချင်ပါတယ်” လို့ပြောထားပြီးတော့ အကောင်တွေနဲ့ character အကြောင်းကိုပဲပြောတာများပါတယ်။ တစ်ချို့ အပိုင်းတွေဖြစ်တဲ့ ကားတွေ၊ အကာအကွယ်တွေ နဲ့ တစ်ခြား ယာဉ်တွေကတော့ beta မှာပါမလာနိုင်သေးဘူးဆိုတော့ ပျင်းဖို့တော့ကောင်းနေဦးမယ်ထင်ပါတယ်။
source : Bohemia Interactive