[zawgyi]
[unicode]
Attack on Titan ဆိုတဲ့ manga ဇာတ်လမ်းတွဲတွေကို မှီငြမ်းထားတဲ့ Attack on Titan ဆိုတဲ့ ဂိမ်းကိုဆော့ဖူးသူတွေရှိပါလိမ့်မယ်။ လာမယ့် 2018 March 20th မှာဆိုရင်တော့ Attack on Titan 2 ကို PS4, XBox One, Switch နဲ့ PC အတွက်ထွက်ရှိလာမယ်ပြောပါတယ်။
ဂိမ်းမှာတော့ 2016 တုန်းကထွက်ထားတဲ့ Attack on Titan ကိုပဲ ဇာတ်လမ်းဆက်ထားမယ်ပြောပါတယ်။ ဒီတစ်ခါမှာတော့ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေအကြောင်း ဒီထက်အသေးစိတ်ပါဝင်လာပါလိမ့်မယ်။
2 မှာ player ကကိုယ်တိုင် Scout ဖန်တီးလို့ရလာမယ့်အပြင် ဇာတ်လမ်းထဲက တစ်ခြား ဇာတ်ကောင် အသစ်တွေ နေရာကနေ ပါဝင်ကစားလို့ရလာမယ်ပြောထားပါတယ်။ ပြီးတော့ Titan အသစ်တစ်ကောင်ပါလာကြောင်းလည်း မိတ်ဆက်ထားပါသေးတယ်။ RPG ဆန်အောင်လို့ ဂိမ်းထဲမှာ rrelationship ထားလို့ရအောင်လည်း ထည့်သွင်းပေးထားတယ်ပြောပါတယ်။
source : Koei Tecmo Europe