[zawgyi]
[unicode]
Chris Roberts နဲ့သူ့အဖွဲ့Cloud Imperium Games (CIG) တို့ရဲ့အာကာသခရီးသွားဂိမ်း (interstaller travel game) ဖြစ်တဲ့ Star Citizen ကတော့ virtual land (ကိုယ်ပိုင်ခြံ) ဝယ်လို့ရပြီလို့ဂိမ်းဆော့သူတွေကိုကမ်းလှမ်းထားတယ်လို့ဆိုပါ တယ်။ မြေကွက်နဲ့သူတို့နေထိုင်မယ့်ဂြိုဟ်တွေကိုတော့လောလောဆယ်ရနိုင်ဦးမှမဟုတ်သေးပါဘူး။တစ်ကွက်ကို အမေရိကန်ဒေါ်လာ ၅၀ လောက်ပေးရတဲ့မြေပိုင်ဆိုင်ခွင့်ကြောင့်မြေကွက်ဝယ်သူအနေနဲ့ ၄စတုရန်းကီလိုမီတာ ရှိတဲ့မြေကွက်ကိုပိုင်ဆိုင်မှာဖြစ်ပြီးအဲ့ဒီမြေကွက်ပေါ်ကနေ in-game item တွေကိုရယူနိုင်မှာဖြစ်တဲ့အပြင် အိမ်ဆောက်မှာလား၊ဈေးဆိုင်တွေဆောက်မှာလား၊စက်မှုလုပ်ငန်းအတွက်သုံးမှာလား၊ကြိုက်တာလုပ်လို့ရ ပါတယ်။
မြေဝယ်လို့ရမယ့်ရက်စွဲကိုတော့အတိအကျထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ “အဲ့ဒီမြေကွက်ဝယ်ခွင့်လိုင်စင်တွေကို Star Citizen’s development ကိုငွေကြေးထောက်ပံ့ရာမှာအကူအညီရ အောင်အသုံးချတာဖြစ်တယ်”လို့ CIG က၎င်းတို့စတိုးရဲ့ရှေ့ဆုံးစာမျက်နှာမှာပြောပြောကြားထားတာဖြစ် ပါတယ်။ “အဲ့ဒီ claim licenses တွေကိုပိုင်ဆိုင်ခွင့်ရတာဟာ in-game credits တွေကိုနောက်ဆုံးရယူနိုင်တော့မှာဖြစ် ပါတယ်။ဒါမှမဟုတ်ဂိမ်းကစားရင်းယူလို့ရမယ့်ဟာတွေကိုပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။ claim licenses တွေကို ရဖို့တောင်းခံရမှာတော့ Star Citizen ဂိမ်းထဲကထိရောက်တဲ့ features တွေကိုကစားနိုင်တော့မှာဖြစ်ပြီး ဒီလိုကစားလို့ရဖို့ဆိုတာကလည်းဂိမ်းစဖွင့်လိုက်တာနဲ့တင်ပြီးသွားတာမျိုးမဟုတ်ဘူး” လို့ ဆိုပါတယ်။ land claim licenses တွေဝယ်ယူတဲ့ကောင်းကွက်တွေကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုမှာ Robertsကပြောပြထားတာဖြစ်ပါတယ်။၂၀၁၂နိုဝင်ဘာလလောက်တုန်းက Kickstarter campaign စတင် ခဲ့ချိန်လောက်မှာဂိမ်းရဲ့စကြာဝဠာလှည့်တဲ့စိတ်ကူးမျိုးစတင်ပေါက်ပွားနေခဲ့တာဖြစ်ပြီး ၎င်းလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ကစားသူတွေအနေနဲ့နေရာတစ်ခုဒါမှမဟုတ်နေရာအများအပြားမှာဂြိုဟ် အမျိုးမျိုးရှိနေစေဖို့ဖြစ်ပြီးအဲ့ဒီဂြိုဟ်တွေမှာသူတို့ရဲ့ယာဉ်တွေကိုဆိုက်ကပ်ဖို့နဲ့လမ်းလျောက်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
ဂြိုဟ်တွေအဆင့်ထိရောက်လာတာဟာဂိမ်းအမြင့်ပိုင်းကိုရောက်လာတာ ဖြစ်ပြီး ၎င်းတို့ ဟာဖန်တီးမှုအဖွဲ့တွေအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ဆိုပါတယ်။ “ကျွန်တော်တို့အနေနဲ့တစ်ကမ္ဘာလုံး၊ဂြိုဟ်တွေအားလုံး၊လတွေအကုန်လုံးကိုထည့်ပေးလို့ရပါတယ်။ဒါမှလမ်း လျောက်လို့ရနိုင်မှာပါ။ဒါမှသာ Star Citizen ဂိမ်းမှာ first-person နေရာကကိုယ်တိုင်အသေးစိတ်လျောက်သွားလို့ ရမှာဖြစ်ပါတယ်။ဂိမ်းကစားသူမှာသွားလည်စရာနေရာတစ်ခု၊သွားစရာနေရာတစ်ခုပဲရှိမယ်ဆိုရင်တော့ ဂြိုဟ်နဲ့လမှာဘာမှမရှိဘဲအလွတ်ကြီးဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဂြိုဟ်တွေ ပေါ်မှာ resources ဖြန့်ထုတ်တာတွေ၊ ecosystems ဖန်တီးတာမျိုးလိုအခြားအရာတွေကိုလုပ်နိုင်မှာ ဖြစ်ပါတယ်။”လို့ Roberts ကပြောပါတယ်။
“ကျွန်တော်တို့ကတော့လတ်တလောဝယ်နိုင်မယ့်မြေဧရိယာအကျယ်ကြီးမှာအများကြီးဆော့လို့ရအောင် လုပ်ပေးချင်ပါတယ်။ဒါကြောင့်ဒီဇိုင်နာတွေဟာအရေးပါတဲ့နေရာတွေ၊လူနေပိုထူထပ်တဲ့ဒုတိယတန်းစားမြို့တွေ ကိုဖန်တီးနေတာဖြစ်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ကလူသူလေးပါးရှင်းလင်းနေတဲ့လတွေ၊ဂြိုဟ်တွေကို လည်းဖန်တီးတားတာဆိုတော့အဲ့ဒီနေရာတွေမှာလည်းကိုယ်ပိုင်အိမ်ယာတွေထူထောင်လို့ရပါတယ်။”လို့ Roberts ကပြောပါတယ်။
ကဲ.. Star Citizen game ထဲမှာတော့ လွန်ခဲ့တဲ့ နှစ်တွေက စိတ်ကူးပြီးဝိုင်းပြောခဲ့သမျှ တကယ်ဖြစ်လာပြီပေါ့လေ။