Titanfall ဂိမ္းထုတ္လုပ္တဲ့ Respawn ကိုဝယ္ယူခဲ့တယ္လို႔ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက Electronic Arts ကထုတ္ျပန္ေၾကညာခဲ့ပါတယ္။၂၀၁၇ႏွစ္ကုန္ပိုင္းေလာက္မွာၿပီးမယ္လို႔ေၾကညာထားခဲ့တာျဖစ္ေပမယ့္ လက္ေတြ႕မွာေတာ့သတ္မွတ္ခ်ိန္ထက္ေစာၿပီးသြားခဲ့ပါတယ္။ လုပ္ငန္းဝယ္ယူမႈၿပီးစီးတာဟာ ဒီဇင္ဘာ ၁ရက္ေန႔ေလာက္ကတည္းကျဖစ္ၿပီး stock exchange commission ကိုေတာ့ ဒီဇင္ဘာ ၄ ရက္ေန႔ရက္စြဲ နဲ႔စာတင္ထားခဲ့တာျဖစ္ပါတယ္။
သေဘာတူထားတဲ့အခ်က္ေတြကေတာ့ႏိုဝင္ဘာတုန္းကအတိုင္းပဲျဖစ္ပါတယ္။ ေငြသား USD 151M (151 သန္း)၊ ဝန္ထမ္းေတြအတြက္ စေတာ့ေတြေပးမွာျဖစ္ၿပီး အဲ့ဒီေပးအပ္မယ့္ရွယ္ယာေတြရဲ႕တန္ဖိုးကေတာ့အေမရိကန္ USD 164M (164 သန္း) ဖိုး ရွိပါတယ္။
အဲ့ဒါေတြကို၄ႏွစ္အတြင္းေပးေခ်သြားမွာျဖစ္ပါတယ္။ ၂၀၂၂ ေလာက္အထိ ေနာက္ထြက္လာမယ့္ဂိမ္းေတြကို Respawn ကေအာင္ျမင္ေအာင္လုပ္ေပးႏိုင္ရင္ EA ကေနာက္ ထပ္ေဒၚလာသန္း ၁၄၀ ေပးေခ်ရမွာျဖစ္ပါတယ္။
Respawn ကို၂၀၁၅ တုန္းက Call of Dutyဂိမ္း developers ေတြျဖစ္တဲ့ Vince Zampella နဲ႔ Jason West တို႔ကတည္ေထာင္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီကတည္းက Respawn ဟာ EA နဲ႔ေပါင္းလုပ္ေနခဲ့တာျဖစ္ေပမယ့္ လုပ္ငန္းကိုမဝယ္ရေသးခင္အခ်ိန္ထိ Respawn ဟာလြတ္လပ္စြာရပ္တည္ခဲ့တာျဖစ္ပါတယ္။
Respawn CEO Vince Zampella ကေတာ့လုပ္ငန္းကိုေရာင္းခ်လိုက္တဲ့ရည္႐ြယ္ခ်က္ကိုထုတ္ေဖာ္ေျပာၾကား ခဲ့ၿပီးသူက CEO အျဖစ္ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္ၿပီး ဝန္ထမ္းေလ်ာ့တာေတြကိုလည္းလုပ္မွာမဟုတ္ ဘူးလို႔ေျပာပါတယ္။ EA ကေတာ့အရင္းအျမစ္ေတြ၊နည္းပညာသစ္ေတြကိုပံ့ပိုးေပးသြားမွာျဖစ္ၿပီး ပိုေကာင္းတဲ့ဂိမ္းေတြကိုဖန္တီးႏိုင္ေအာင္ ပညာရွင္ေတြကလည္း ကူညီသြားမယ္လို႔ဆိုပါတယ္။ ဒီလိုအေနအထား မွာ Respawn ကဂိမ္းေတြကို လြတ္လပ္စြာဆက္လက္ဖန္တီးသြားမွာ ျဖစ္ပါတယ္။
ေသခ်ာတာကေတာ့ USD သန္းနဲ႔ ခ်ီတဲ့ အလုပ္ကိုပဲ သတင္းေတြမွာ ေတြ႕ရေပမယ့္ သူ႔တို႔ေပးဆပ္ခဲ့တဲ့ စိတ္ပါဝင္စားမႈေတြ၊ အခ်ိန္ေတြ၊ အရည္အခ်င္း၊ စိတ္ကူး၊ ပညာေတြကို player ေတြအေနနဲ႔ပိုၿပီး သိေစခ်င္တာကေတာ့ RED Player ေတြရဲ႕ အစိတ္အပိုင္းတစ္ခုပါ။
Titanfall ကိုကစားျဖစ္ထားမယ္ဆိုရင္ေတာ့ developer ေတြကို အသိအမွတ္ျပဳမိပါလိမ့္မယ္။ ဒါမွမဟုတ္ Frontier မွာဆုံရေအာင္ လာခဲ့ေစခ်င္ပါတယ္။
[unicode]
Titanfall ဂိမ်းထုတ်လုပ်တဲ့ Respawn ကိုဝယ်ယူခဲ့တယ်လို့ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက Electronic Arts ကထုတ်ပြန်ကြေညာခဲ့ပါတယ်။၂၀၁၇နှစ်ကုန်ပိုင်းလောက်မှာပြီးမယ်လို့ကြေညာထားခဲ့တာဖြစ်ပေမယ့် လက်တွေ့မှာတော့သတ်မှတ်ချိန်ထက်စောပြီးသွားခဲ့ပါတယ်။ လုပ်ငန်းဝယ်ယူမှုပြီးစီးတာဟာ ဒီဇင်ဘာ ၁ရက်နေ့လောက်ကတည်းကဖြစ်ပြီး stock exchange commission ကိုတော့ ဒီဇင်ဘာ ၄ ရက်နေ့ရက်စွဲ နဲ့စာတင်ထားခဲ့တာဖြစ်ပါတယ်။
သဘောတူထားတဲ့အချက်တွေကတော့နိုဝင်ဘာတုန်းကအတိုင်းပဲဖြစ်ပါတယ်။ ငွေသား USD 151M (151 သန်း)၊ ဝန်ထမ်းတွေအတွက် စတော့တွေပေးမှာဖြစ်ပြီး အဲ့ဒီပေးအပ်မယ့်ရှယ်ယာတွေရဲ့တန်ဖိုးကတော့အမေရိကန် USD 164M (164 သန်း) ဖိုး ရှိပါတယ်။
အဲ့ဒါတွေကို၄နှစ်အတွင်းပေးချေသွားမှာဖြစ်ပါတယ်။ ၂၀၂၂ လောက်အထိ နောက်ထွက်လာမယ့်ဂိမ်းတွေကို Respawn ကအောင်မြင်အောင်လုပ်ပေးနိုင်ရင် EA ကနောက် ထပ်ဒေါ်လာသန်း ၁၄၀ ပေးချေရမှာဖြစ်ပါတယ်။
Respawn ကို၂၀၁၅ တုန်းက Call of Dutyဂိမ်း developers တွေဖြစ်တဲ့ Vince Zampella နဲ့ Jason West တို့ကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကတည်းက Respawn ဟာ EA နဲ့ပေါင်းလုပ်နေခဲ့တာဖြစ်ပေမယ့် လုပ်ငန်းကိုမဝယ်ရသေးခင်အချိန်ထိ Respawn ဟာလွတ်လပ်စွာရပ်တည်ခဲ့တာဖြစ်ပါတယ်။
Respawn CEO Vince Zampella ကတော့လုပ်ငန်းကိုရောင်းချလိုက်တဲ့ရည်ရွယ်ချက်ကိုထုတ်ဖော်ပြောကြား ခဲ့ပြီးသူက CEO အဖြစ်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဝန်ထမ်းလျော့တာတွေကိုလည်းလုပ်မှာမဟုတ် ဘူးလို့ပြောပါတယ်။ EA ကတော့အရင်းအမြစ်တွေ၊နည်းပညာသစ်တွေကိုပံ့ပိုးပေးသွားမှာဖြစ်ပြီး ပိုကောင်းတဲ့ဂိမ်းတွေကိုဖန်တီးနိုင်အောင် ပညာရှင်တွေကလည်း ကူညီသွားမယ်လို့ဆိုပါတယ်။ ဒီလိုအနေအထား မှာ Respawn ကဂိမ်းတွေကို လွတ်လပ်စွာဆက်လက်ဖန်တီးသွားမှာ ဖြစ်ပါတယ်။
သေချာတာကတော့ USD သန်းနဲ့ ချီတဲ့ အလုပ်ကိုပဲ သတင်းတွေမှာ တွေ့ရပေမယ့် သူ့တို့ပေးဆပ်ခဲ့တဲ့ စိတ်ပါဝင်စားမှုတွေ၊ အချိန်တွေ၊ အရည်အချင်း၊ စိတ်ကူး၊ ပညာတွေကို player တွေအနေနဲ့ပိုပြီး သိစေချင်တာကတော့ RED Player တွေရဲ့ အစိတ်အပိုင်းတစ်ခုပါ။
Titanfall ကိုကစားဖြစ်ထားမယ်ဆိုရင်တော့ developer တွေကို အသိအမှတ်ပြုမိပါလိမ့်မယ်။ ဒါမှမဟုတ် Frontier မှာဆုံရအောင် လာခဲ့စေချင်ပါတယ်။
source : EA