[zawgyi]
1 Reigns : Her Majesty
3 Potal Knights
4 Timber West
5 Shuyan Saga
[Appstore]
[unicode]
အလုပ်လည်းများ၊ ခရီးလည်းသွားနေတာနဲ့ပဲ ၂ပတ်စာလောက်တော့လွတ်သွားတယ်ထင်ပါ့။ ဒီတစ်ပတ်မှာတော့ ဘာဂိမ်းတွေများ အသစ်ထွက်သွားလဲ ပြန်ကြည့်ရအောင်။
1 Reigns : Her Majesty
game title ကိုကြည့်လိုက်တာနဲ့ ဘုရင်မကြီးနေရာက ဝင်ကစားရလိမ့်မယ်ဆိုတာတော့ အများစုသဘောပေါက်ပါလိမ့်မယ်။ ပထမ Reign တုန်းကလိုပဲ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်သွားရပါလိမ့်မယ်။ socialpolitical ကိစ္စတွေပါလာတော့ သေချာဆုံးဖြတ်တာလေးတွေက ဂိမ်းကို ဇာတ်လမ်းကောင်းကောင်းနဲ့ အဆုံးသတ်စေပါလိမ့်မယ်။ ဒါပေမယ့် feature အသစ်တွေတိုးထားပေးတာရှိတယ်ဆိုတော့ ဘာတွေလဲတော့ မသိသေးပါဘူး။ ဇာတ်လမ်းသွားတစ်ခုအနေနဲ့ကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မူတည်ပြီးတော့ ကွဲပြားသွားပါလိမ့်မယ်။
[Appstore] [Playstore]
2 Amazing Katamari Damacy
စကြဝဠာကြီးကို ကယ်တင်ဖို့ ရသမျှပစ္စည်းတွေရှာရင် လိမ့်နေရမယ့် endless runner game အမျိုးအစားပဲဖြစ်ပါတယ်။ (တစ်ကယ်က ပြေးရမှာ မဟုတ်ပဲ လိမ့်နေရမှာ။) free game တစ်ခုဖြစ်တဲ့အတွက် ကြော်ငြာလေးနည်းနည်းများတယ်လို့ ခံစားရနိုင်တာကလွဲရင် ကျန်တာကတော့ ဆော့လို့ အဆင်ပြေပါလိမ့်မယ်။
3 Potal Knights
Steam မှာရှိနေတဲ့သူတွေနဲ့ PS4 player တွေအနေနဲ့ကတော့ Portal Knight ကို mobile မှာကစားဖို့ စိတ်မဝင်စားလောက်ပါဘူး။ တကယ်ဆို mobile အတွက် ဂိမ်းရောင်းရတာတော်တော်ခက်မယ့် ကိစ္စပါ။ microtransaction တွေဝယ်နေပေမယ့် game ကောင်းကောင်းတစ်ခုကို USD5 ပေးပြီးဝယ်ဖို့တော့ လက်တွန့်နေကြ လိမ့်မယ်ထင်တာပဲ။ Single အဖြစ်ရော multiplayer အနေနဲ့ပါကစားလို့ရတဲ့ Portal Knight ကတော့ RPG fan တွေအတွက် လက်မလွှတ်သင့်တဲ့ ဂိမ်းတစ်ခုပေါ့။
4 Timber West
ကလေးဂိမ်းလေးပေါ့၊ ဒါပေမယ့် family game တွေတုန်းကတော့ ဒီလိုပုံစံတွေကိုပဲ အကောင်းဆုံးဆော့ခဲ့ကြတာမဟုတ်လား။ ဒီတစ်ခုကတော့ Timberman series တွေထဲကနောက်ဆုံးထွက်ဆိုပါတော့။
5 Shuyan Saga
Shyuan saga ကအဲ့နာမည်နဲ့ပဲ graphic novel ကိုမှီငြမ်းထားပါတယ်။ 3D fighting game တစ်ခုအနေနဲ့ရော ဇာတ်လမ်းသွားကိုရော သေသေချာချာလုပ်ထားတဲ့ အတွက် USD3 နဲပ ပက်ပက်စက်စက်တန်ပါတယ်။ PC တွေအတွက်နဲ့ iOS အတွက်ပဲရနိုင်ပါသေးတယ်။
[Appstore]
ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ၊ တစ်ခြား အသစ် update patch ထွက်ထားတဲ့ အုပ်စုကတော့ အများကြီးပါ၊ အများစုက christmas themes တွေအတွက် update patch တွေထွက်နေပါတယ်။ Special costume တွေ လက်မလွတ်ချင်ရင်တော့ အကုန်လုံးကို update လုပ်ထားဖို့လိုပါလိမ့်မယ်။