[zawgyi]
1 Like A Boss
[Appstore]
3 INSIDE
[Appstore]
4 Undersea
5 Gorogoa
[Appstore]
6 Flyff Legacy
[unicode]
ဒီတစ်ပတ်မှာတော့ တစ်ချို့ ဂိမ်းတွေက Android အတွက် အချိန်မှီထွက်လာခြင်းမရှိပါဘူး။ နှစ်လည်းကုန်တော့မှာဆိုတော့ နောက်နှစ်ဦးပိုင်းမှာတော့ ထွက်ရှိလာနိုင်ပါလိမ့်မယ်။
1 Like A Boss
Action RPG တစ်ခုဖြစ်ပြီးတော့ dungeon crawler တစ်ခုပါပဲ။ မတူတဲ့ အချက်ကတော့ ကိုယ်က လူဆိုးဗိုလ် Boss နေရာက ဝင်ကစားရတာဖြစ်ပြီးတော့ Hero တွေကိုသိပ်ရမှာပါ။ ကိုယ့်ရဲ့ minion နဲ့ monster တွေကို upgrade လုပ်ပြီးတော့ အဆင့်တက်သွားရမယ်ပေါ့။ f2p (free to play) ဖြစ်ပြီးတော့ AI chat တွေက တကယ်အပြင်မှာလက်ရှိ MMORPG တွေမှာဖြစ်နေတဲ့ အချက်တွေကို ပြောင်ထားတဲ့အတွက် dungeon ဝင်တဲ့အချိန်တိုင်း မပျင်းရပါဘူး။ အမြဲတမ်း Hero နေရာကကစားရတာပျင်းလာမယ်ဆိုရင် အခုတော့ Evil Boss နေရာကနေ အလှည့်အပြောင်းလေးပေါ့။
2 Life is Strange / Life is Strange : Episode 1- Crysalis
သူ့ကိုတော့ အထွေအထူးပြောစရာရှိမယ်မထင်ပါဘူး။ mobile ကိုရောက်လာမယ် ပြောထားခဲ့ပေမယ့် အခုလောက်မြန်မယ်မထင်ခဲ့မိဘူး။ USD3 နဲ့ Episode 1 ပါဝင်ပြီးသားဖြစ်ပြီးတော့ 2 နဲ့ 3 ကိုတော့ in-app-purchase နဲ့ဝယ်လို့ရပါတယ်။ 4 နဲ့ 5 ကတော့ 2018 ခုနှစ် အစောပိုင်းမှာ ထွက်လာမယ်ပြောပါတယ်။ Android အတွက်တော့ ထွက်ရှိထားတာမရှိသေးပါဘူး။ 2018 နှစ်စပိုင်းမှပဲရနိုင်မယ်ပြောပါတယ်။
[Appstore]
3 INSIDE
LIMBO ကိုဆော့ဖူးထားမယ်ဆိုရင်တော့ ဒီ developer ရဲ့ပုံပြောကောင်းတဲ့ အစဉ်အလာတစ်ခုကို သတိထားမိပါလိမ့်မယ်။ INSIDE ဆိုတာလည်း 2016 မှာ Windows နဲ့ Xbox One အတွက်ထွက်ရှိထားပြီးတော့ အခု 2017 december 15th မှာတော့ iOS ကိုရောက်လာပါပြီ။ Gameplay ပိုင်း smooth ဖြစ်တာကိုတွေ့ရပြီးတော့ အစပိုင်းအခန်းကိုတော့ f2p ပေးထားပါတယ်။ နောက်ပိုင်းအခန်းတွေဆော့ချင်ရင်တော့ USD7 နဲ့ ဝယ်မှရပါလိမ့်မယ်။ ဒီတော့ အမြည့်းဆော့ကြည့်ပြီး ကြိုက်ရင်တော့ ဝယ်လိုက်ပါ။ တန်ပါတယ်။ Android မှာတော့မရနိုင်သေးပါဘူး။
[Appstore]
4 Undersea
ပေါ့ပေါ့ပါးပါး arcade game တစ်ခုဆိုပေမယ့် ထုံးစံအတိုင်း level မြင့်လာရင် ဘာတွေဖြစ်ကုန်မှန်း မသိတော့တာမျိုးပေါ့။ နောက်ခံတီးလုံးနဲ့ရုပ်ထွက်တွေအဆင်ပြေပြီးတော့ သွားရင်းလာရင်း အပျင်းပြေဆော့ ဖြစ်ကြပါလိမ့်မယ်။
5 Gorogoa
ပုံတော်တော်ဆွဲနိုင်တဲ့ သူလို့ပြောရမယ်ထင်တယ်။ Puzzle ဆက်ရင်း ကျေနပ်လောက်အောင်ကိုကောင်းတဲ့ ပုံတွေနဲ့ ဖန်တီးထားပါတယ်။ iOS အတွက် USD5 နဲ့ရနိုင်ပါလိမ့်မယ်။ Game တစ်ခုဆိုတာထက်ပုံတွေနဲ့ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ Steam နဲ့ iOS မှာပဲတွေ့ပါတယ်။ Android မှာမရသေးပါဘူး။
[Appstore]
6 Flyff Legacy
Anime MMORPG တစ်ခုဖြစ်တဲ့ Flyff Legacy ကဒီတစ်ပတ်အတွင်း update တွေမှာတော့ full blown MMORPG ဖြစ်သွားပြီလို့ပြောရမှာပေါ့။ server တွေထပ်တိုးတာရယ်၊ bug အတော်များများလည်းရှင်းသွားပြီဆိုပါတော့။ p2w (pay to win) ဖြစ်တာမဖြစ်တာတွေတော့ ဘာမှမပြောတော့ပါဘူး၊ ဒါပေမယ့် ဒီဂိမ်းရဲ့ အစကိုတော့ ဆော့ဖြစ်ရင် good begining ဖြစ်ပါလိမ့်မယ်။ MMORPG တွေကတော့ grainding လုပ်ခံနိုင်ပြီး စိတ်တော့ရှည်ရမှာပေါ့။
အချိန်ရမယ်ဆိုရင်တော့ အားလုံးဆော့ဖြစ်ပါစေပေါ့။