[zawgyi]
Marvel ဇာတ္ကားေတြကို SONY ကပဲ႐ိုက္႐ိုက္၊ Disney ကပဲ႐ိုက္႐ိုက္ အဲ့ဒီ ႐ုပ္ရွင္ေတြ ထြက္လာလာတဲ့အခါ စာအုပ္ေတြနဲ႔ တူညီၾကပါဘူး။ Spider-Man: Homecoming လို 80 တုန္းကဇာတ္လမ္းကို မွီးတာမ်ိဳး ၊ Captain America: Civil War ဇာတ္ကား လို စပိုင္ဇာတ္လမ္းေတြထဲကဟာေတြကို ကူးခ်ထားတမ်ိဳးေတြပဲလာဦးမွာပါပဲ။ ထြက္လာဦးမယ့္ Infinity War ဟာလည္း ကူးခ်ဇာတ္ကားျဖစ္လာဦးမယ္ထင္ပါတယ္ေလ။ Ant-Man and the Wasp ဇာတ္ကားကေတာ့ Marvel ရဲ႕ပထမဦးဆုံ အခ်စ္ဇာတ္ျမဴးကားျဖစ္လာမွာဆိုေတာ့ ပရိသတ္တခ်ိဳ႕သေဘာ က်မွာျဖစ္ၿပီးအျခားဇာတ္ကားေတြနဲ႔လည္းပိုၿပီးကြဲထြက္ဖို႔ရွိေနပါတယ္။ လူတိုင္း အတြက္ေတာ့ ျဖစ္ခ်င္မွျဖစ္မယ္ေပါ့။
အရင္ဆုံးဇာတ္ကားမွာ Scott Lang (Paul Rudd) and Hope Van Dyne (Evangeline Lilly) တို႔နဲ႔ခင္းထားတာဆိုေတာ့ေနာက္လာမယ့္ဇာတ္ကားဟာဇာတ္ျမဴး ျဖစ္ဖို႔မ်ားေနပါတယ္။
Ant-Man and the Wasp ဇာတ္ကားရဲ႕ ဇာတ္လမ္းဇာတ္ကြက္ကို ရွင္းရွင္းလင္းလင္း မသိရေသးေပမယ့္လည္း Evangeline Lillyကေတာ့မၾကာေသးခင္က Vanity Fair နဲ႔အင္တာဗ်ဴးတစ္ခုမွာ သတင္းအစအနေလး ေျပာသြားပါတယ္။ Ant-Man and The Wasp ဟာ MCU လို႔ေခၚတဲ့ Marvel Cinematic Universe မွာ ႀကီးမားတဲ့အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါဝင္လာမွာျဖစ္ၿပီး ေနာက္ပိုင္းဗားရွင္းအမ်ိဳးမ်ိဳးနဲ႔ထြက္လာဖို႔ေတာင္ရွိတယ္လို႔ သူမကေျဖထားတာပါ။
ဒီသတင္းက ရွရွား Kinorynok ပြဲကေနတစ္စြန္းတစ္စထြက္လာတာဆိုေတာ့ ေရးထားတာလည္းနည္းတယ္၊ ေသခ်ာသလားဆိုေတာ့လည္း ဟုတ္သလိုလိုျဖစ္ေနတာ ဆိုေတာ့ MCU ကို သိပ္အတည္ေပါက္ႀကီး ၾကည့္ရတာပ်င္းလာတယ္ဆိုရင္ေတာ့ ဒါက ေပ်ာ္စရာျဖစ္လာမလားေပါ့။
Marvel ဇာတ်ကားတွေကို SONY ကပဲရိုက်ရိုက်၊ Disney ကပဲရိုက်ရိုက် အဲ့ဒီ ရုပ်ရှင်တွေ ထွက်လာလာတဲ့အခါ စာအုပ်တွေနဲ့ တူညီကြပါဘူး။ Spider-Man: Homecoming လို 80 တုန်းကဇာတ်လမ်းကို မှီးတာမျိုး ၊ Captain America: Civil War ဇာတ်ကား လို စပိုင်ဇာတ်လမ်းတွေထဲကဟာတွေကို ကူးချထားတမျိုးတွေပဲလာဦးမှာပါပဲ။ ထွက်လာဦးမယ့် Infinity War ဟာလည်း ကူးချဇာတ်ကားဖြစ်လာဦးမယ်ထင်ပါတယ်လေ။ Ant-Man and the Wasp ဇာတ်ကားကတော့ Marvel ရဲ့ပထမဦးဆုံ အချစ်ဇာတ်မြူးကားဖြစ်လာမှာဆိုတော့ ပရိသတ်တချို့သဘော ကျမှာဖြစ်ပြီးအခြားဇာတ်ကားတွေနဲ့လည်းပိုပြီးကွဲထွက်ဖို့ရှိနေပါတယ်။ လူတိုင်း အတွက်တော့ ဖြစ်ချင်မှဖြစ်မယ်ပေါ့။
အရင်ဆုံးဇာတ်ကားမှာ Scott Lang (Paul Rudd) and Hope Van Dyne (Evangeline Lilly) တို့နဲ့ခင်းထားတာဆိုတော့နောက်လာမယ့်ဇာတ်ကားဟာဇာတ်မြူး ဖြစ်ဖို့များနေပါတယ်။
Ant-Man and the Wasp ဇာတ်ကားရဲ့ ဇာတ်လမ်းဇာတ်ကွက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်လည်း Evangeline Lillyကတော့မကြာသေးခင်က Vanity Fair နဲ့အင်တာဗျူးတစ်ခုမှာ သတင်းအစအနလေး ပြောသွားပါတယ်။ Ant-Man and The Wasp ဟာ MCU လို့ခေါ်တဲ့ Marvel Cinematic Universe မှာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လာမှာဖြစ်ပြီး နောက်ပိုင်းဗားရှင်းအမျိုးမျိုးနဲ့ထွက်လာဖို့တောင်ရှိတယ်လို့ သူမကဖြေထားတာပါ။
ဒီသတင်းက ရှရှား Kinorynok ပွဲကနေတစ်စွန်းတစ်စထွက်လာတာဆိုတော့ ရေးထားတာလည်းနည်းတယ်၊ သေချာသလားဆိုတော့လည်း ဟုတ်သလိုလိုဖြစ်နေတာ ဆိုတော့ MCU ကို သိပ်အတည်ပေါက်ကြီး ကြည့်ရတာပျင်းလာတယ်ဆိုရင်တော့ ဒါက ပျော်စရာဖြစ်လာမလားပေါ့။
source: CBR