[zawgyi]
[unicode]
နှစ်ကုန်တော့မယ့် အချိန်မှာ Ubisoft အနေနဲ့ 2017 အတွက် နောက်ဆုံး surprise လုပ်လိုက်တယ်နဲ့ တူပါတယ်။ Ghost Recon Wildland ထဲမှာ The Predator ကိုတွေ့ရလိမ့်မယ်ထင်ပါတယ်။
ထွက်လာတဲ့ vdo မှာတော့ The Predator ကို အကောင်အထည်ပြထားတာမဟုတ်ပါဘူး။ ဒါပေမယ့် အပင်မှာ အရေခွံဆုတ်ပြီး ဇာက်ထိုးတွဲလောင်းဆွဲတာတွေ၊ သူ့ရဲ့ အသံ သုံးသွားတဲ့ စာလုံးပုံစံအရ သေချာတာ The Predator ပဲရှိပါတယ်။ ဒီအပိုင်းကို The Hunt လို့ခေါ်ပြီးတော့ december 14th မနက်ဖြန်မနက် ဆိုရင်တော့ player တွေအတွက် in-game မှာစပြီးရပါလိမ့်မယ်။
Predator အနေနဲ့ တစ်ခြားဂိမ်းတွေထဲကို featuring ဧည့်သည် အဖြစ်ပါဝင်တာ ပထမဆုံးမဟုတ်ပါဘူး။ Call of Duty Ghost နဲ့ Mortal Combat X မှာလည်းတွေ့ဖူးပါလိမ့်မယ်။ Video က Ubisoft ရဲ့ Twitch ကကူးလာတာပါ။