[zawgyi]
GTA အေၾကာင္းေလးျပန္သြားရေအာင္ ၊ GTA 6 ဘယ္မွာလဲေပါ့။ သတင္းေလးသဲ့သဲ့ ၾကားရင္ နားစြင့္ေနရံုကလြဲၿပီးဘာမွမတတ္နိုင္ဘူးေလ။ တစ္ေယာက္တစ္ေပါက္ေျပာေနတာေတြကေတာ့ အမ်ားႀကီးပဲေပါ့။ အဲ့ထဲကမွ နည္းနည္းျဖစ္နိုင္ေခ်မ်ားတာေလးေတြရယ္ နီးနီးစပ္စပ္ျဖစ္နိုင္မယ္ထင္တဲ့ ကိစၥေလးေတြေျပာၾကတာေပါ့။ ဒါေပမယ့္ ဘာေတြမွနီးစပ္ေနတာေတာ့ မဟုတ္ပါဘူး။ တစ္ခုမွလည္း မေသခ်ာပါဘူး။
RED Dead Redemption ကလည္းေနာက္ နွစ္ထဲမွ ထြက္လာေတာ့မွာဆိုေတာ့၊ ေသခ်ာတာကေတာ့ ေနာက္ထပ္ ၂ နွစ္ေလာက္ ၃ နွစ္ေလာက္ကေတာ့ GTA 6 ဆိုတာ ရနိုင္ဦးမယ္မထင္ပါဘူး။ GTA V မွာတုန္းက ဇာတ္လမ္း ၃ ခုေဆာ့ရသလိုျဖစ္ေအာင္ လုပ္ေပးခဲ့တဲ့ပံုစံမ်ိုးကေတာ့ အားရစရာေကာင္းတယ္ထင္တာပဲ။ ကိုယ္ရဲ႕ main character ကိုလည္း ၃မ်ိုးခြဲကစားလို႔ရတာေပါ့။
ေလာေလာဆယ္ forum ေတြမွာ hot ျဖစ္ေနတဲ့ ကိစၥတစ္ခုက GTA 6 မွာ အဓိကဇာတ္ေကာင္တစ္ေကာင္က အမ်ိဳးသမီးျဖစ္လာမယ္ဆိုတာပဲ။ တစ္ခ်ိဳ႔ကေတာ့ ေျပာၾကတာေပါ့။ GTA ဆိုတာ က်ားေတြအတြက္ ပဲျဖစ္တဲ့အတြက္ အမ်ိဳးသမီးပါလာရင္ မေအာင္ျမင္နိုင္ေတာ့ဘူးေပါ့။ ဒါေပမယ့္ အမ်ိဳးသမီး protagonist ကိုလိုခ်င္ေနတဲ့ အမ်ိဳးသမီး player ေတြလည္းရွိေနတာပဲေလ။

reddit မွာျငင္းေနၾကတာကေတာ့ GTA မွာ အမ်ိဳးသမီး ဇာတ္ေကာင္ေကာင္းေကာင္းေတြပါလာၿပီးသား ျဖစ္ၿပီးေတာ့ က်ားေတြလိုပဲ အဲဒီ မေတြကလည္း ၾကမ္းတယ္လို့ တစ္ေယာက္ကေျပာလိုက္တာပါ။ Katie, Mikki နဲ႔ Ulrika တို့ကိုရည္ရြယ္ပါတယ္။ ေနာက္ၿပီးေတာ့ GTA 6 ရဲ႔ အဲ့ဒီ “မ” က ရဲတစ္ေယာက္ျဖစ္ေနနိုင္တယ္လို့လည္း ေျပာၾကတာေတြ႔ရတယ္။ (TechRadar)
ဘယ္လိုပဲျဖစ္ျဖစ္ပါ GTA ထဲကို လြန္ခဲ့တဲ့ အနွစ္ ၂၀ ကတည္းကေရာက္ေနခဲ့ၿပီးသားဆိုေတာ့ player အမ်ားစုကေတာ့ ဘာလာလာ ေဒါင္းေနမွာပါပဲ။ ဒါေပမယ့္ ဒီလို ကိစၥမ်ိုးကို အလြင့္ႀကီးေတြျဖစ္သြားေအာင္ လုပ္ေပးနိုင္တာလည္း Rockstar ပဲရွိပါလိမ့္မယ္။
[unicode]
GTA အကြောင်းလေးပြန်သွားရအောင် ၊ GTA 6 ဘယ်မှာလဲပေါ့။ သတင်းလေးသဲ့သဲ့ ကြားရင် နားစွင့်နေရုံကလွဲပြီးဘာမှမတတ်နိုင်ဘူးလေ။ တစ်ယောက်တစ်ပေါက်ပြောနေတာတွေကတော့ အများကြီးပဲပေါ့။ အဲ့ထဲကမှ နည်းနည်းဖြစ်နိုင်ချေများတာလေးတွေရယ် နီးနီးစပ်စပ်ဖြစ်နိုင်မယ်ထင်တဲ့ ကိစ္စလေးတွေပြောကြတာပေါ့။ ဒါပေမယ့် ဘာတွေမှနီးစပ်နေတာတော့ မဟုတ်ပါဘူး။ တစ်ခုမှလည်း မသေချာပါဘူး။
RED Dead Redemption ကလည်းနောက် နှစ်ထဲမှ ထွက်လာတော့မှာဆိုတော့၊ သေချာတာကတော့ နောက်ထပ် ၂ နှစ်လောက် ၃ နှစ်လောက်ကတော့ GTA 6 ဆိုတာ ရနိုင်ဦးမယ်မထင်ပါဘူး။ GTA V မှာတုန်းက ဇာတ်လမ်း ၃ ခုဆော့ရသလိုဖြစ်အောင် လုပ်ပေးခဲ့တဲ့ပုံစံမျိုးကတော့ အားရစရာကောင်းတယ်ထင်တာပဲ။ ကိုယ်ရဲ့ main character ကိုလည်း ၃မျိုးခွဲကစားလို့ရတာပေါ့။
လောလောဆယ် forum တွေမှာ hot ဖြစ်နေတဲ့ ကိစ္စတစ်ခုက GTA 6 မှာ အဓိကဇာတ်ကောင်တစ်ကောင်က အမျိုးသမီးဖြစ်လာမယ်ဆိုတာပဲ။ တစ်ချို့ကတော့ ပြောကြတာပေါ့။ GTA ဆိုတာ ကျားတွေအတွက် ပဲဖြစ်တဲ့အတွက် အမျိုးသမီးပါလာရင် မအောင်မြင်နိုင်တော့ဘူးပေါ့။ ဒါပေမယ့် အမျိုးသမီး protagonist ကိုလိုချင်နေတဲ့ အမျိုးသမီး player တွေလည်းရှိနေတာပဲလေ။
reddit မှာငြင်းနေကြတာကတော့ GTA မှာ အမျိုးသမီး ဇာတ်ကောင်ကောင်းကောင်းတွေပါလာပြီးသား ဖြစ်ပြီးတော့ ကျားတွေလိုပဲ အဲဒီ မတွေကလည်း ကြမ်းတယ်လို့ တစ်ယောက်ကပြောလိုက်တာပါ။ Katie, Mikki နဲ့ Ulrika တို့ကိုရည်ရွယ်ပါတယ်။ နောက်ပြီးတော့ GTA 6 ရဲ့ အဲ့ဒီ “မ” က ရဲတစ်ယောက်ဖြစ်နေနိုင်တယ်လို့လည်း ပြောကြတာတွေ့ရတယ်။ (TechRadar)
ဘယ်လိုပဲဖြစ်ဖြစ်ပါ GTA ထဲကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းကရောက်နေခဲ့ပြီးသားဆိုတော့ player အများစုကတော့ ဘာလာလာ ဒေါင်းနေမှာပါပဲ။ ဒါပေမယ့် ဒီလို ကိစ္စမျိုးကို အလွင့်ကြီးတွေဖြစ်သွားအောင် လုပ်ပေးနိုင်တာလည်း Rockstar ပဲရှိပါလိမ့်မယ်။