[zawgyi]
[unicode]
The Last of Us Part II နဲ့ပက်သက်တဲ့အသေးစိတ်အချက်အလက်တွေမကြာခင် သိကြရတော့မှာပါ။ နောက်တစ်ပတ်မှာပြုလုပ်မယ့် PlayStation Experience အတွက်ဆိုနီကအစီအစဉ်တွေကို ထုတ်ပြန်ကြညာခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီမှာအဓိကဆွေးနွေးမယ့်အကြောင်းအရာကတော့ Naughty Dog ရဲ့ PlayStation 4 ဂိမ်းအကြောင်းပဲဖြစ်ပါတယ်။နောက်တစ်ပတ် Paris Games Week မှာစတင်ထုတ်ပြသွား မယ့်အမြည်းဇာတ်လမ်းနဲ့ပက်သက်ပြီးစာရေးသူ/ဒါရိုက်တာ Neil Druckmann ၊ စာရေးဆရာ Halley Gross တို့နဲ အတူအဓိက ပါဝင်ခဲ့သူတွေက ပြောဆိုဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ် ဒီအချိန်လောက်တုန်းက Gross ကိုခန့်အပ်လိုက်တယ်လို့ SONY ကပြောခဲ့ဖူးပါတယ်။ Gross ဟာ HBO’s Westworld ကိုရေးသားခဲ့သူပါ။ SONY ကတော့ The Last of Us Part II ကို Druckmann နဲ့အတူရေးဖို့ Gross ကိုခန့်ခဲ့တာဖြစ်ပါတယ်။ အခုဆွေးနွေးပွဲကိုဘယ်သရုပ်ဆောင်တွေ တက်မလဲဆိုတာကိုတော့ SONY ကထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ Last of Us Part II ဆွေးနွေးပွဲကို တိုက်ရိုက်ရုပ်သံ (live) ထုတ်လွှင့်ပေးသွားမှာပါ။ အဲ့ဒီဆွေးနွေးပွဲကိုဒီဇင်ဘာ၉ရက်နေ့ညနေ မှာစတင်ကျင်းပမှာဖြစ်ပါတယ်။
PSX ဆွေးနွေးပွဲမှာ Sucker Punch developers တွေလည်းပါဝင်လာကြမှာဖြစ်ပြီး Ghost of Tsushima ဂိမ်းသစ်အကြောင်းကိုသူတို့ကဆွေးနွေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးတော့ Dreams အကြောင်းကို Media Molecule developers တွေကပြောဆိုဆွေးနွေးပေးသွားကြဦးမှာဖြစ်ပါတယ်။ last of us part II trailer ကို မကြည့်ရသေးတဲ့ သူများအတွက်တော့ ပြန်ထည့်ပေးလိုက်ပါတယ်။ ဒါပေမယ့် 18+ ဖြစ်နေတော့ ကလေးတွေ မကြည့်ပါနဲ့။
source : SONY