[zawgyi]
[unicode]
Game Awards မှာပြသွားတဲ့ Vdo အများကြီးပါ။ Game trailer တွေ၊ preview တွေမဟုတ်တဲ့ထဲမှာ ကျွန်တော်စိတ်ဝင်စားတဲ့၊ အားပေးတဲ့ vdo တစ်ခုကိုရှယ်ပေးလိုက်ပါတယ်။
Fallout series တွေထဲမှာ အသံသရုပ်ဆောင်ခဲ့ပြီးတော့ ရုပ်ရှင်မင်းသမီး တစ်ဦးလည်းဖြစ်တဲ့ Lynda Carter ကပါဝင်ကူညီပေးထားတဲ့ vdo အတိုလေးပဲဖြစ်ပါတယ်။ Save the Single player gamers တဲ့။ Gamer တွေကို single player game တွေမေ့မပစ်ဖို့ ပြောလိုက်တာပေါ့။
လက်ရှိမှာ online multiplayer တွေအရမ်းများလာတဲ့အခါ single player တွေရဲ့ စိတ်ချမ်းသာမှုနဲ့ လွတ်လပ်မှုတွေကို မရတော့မှာစိုးရိမ်တဲ့ထဲ၊ ကျွန်တော်တို့ လည်းပါဝင်ပါတယ်။
Bethesda ရဲ့ games-as- service-model နဲ့သီးခြားခွဲထွက်လာတဲ့ပုံစံက developer တွေထဲမှာတော့ အောင်မြင်တယ်လို့ပဲပြောရမှာပါ။ Doom, Fallout နဲ့ Skyrim တွေကတော့ အပေါက်ဆုံး game တွေပေါ့လေ၊ နောက်ဆုံးထွက်ထားတဲ့ Wolfenstein ကတော့ သိပ်အားမရသေးဘူးပေါ့။ သူ့ဂိမ်းအများစုက single-player တွေပဲများပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ဂိမ်းတစ်ချို့ကို 50% လောက်အထိ discount ပေးထားပါတယ်။ ဒါ့အပြင် Entertainment Software Association Foundation ကိုလည်း USD100,000 လှူဒါန်းထားပါတယ်။ Foundation ကတော့ အမျိုးသမီး နည်းစု အတွက် video game arts နဲ့ပတ်သက်တဲ့ ဘွဲ့ ယူနိုင်ဖို့ scholar ထောက်ပံ့ပါတယ်။
Bethesda ကတော့ရှင်းပါတယ်၊ private company ဖြစ်တဲ့အတွက် EA တို့လို Activision တို့လို ငွေရှာမယ့် share holder တွေနောက်လိုက်စရာမလိုဘူးလေ။ ဒါကြောင့် သူကတော့ single-player တွေဆက်ထုတ်သွားဦးမှာပါတဲ့။