[zawgyi]
Alpha gameplay ကိုထုတ္ျပလာတဲ့ Dead on Vinland ဆိုတဲ့ ဂိမ္းတစ္ခုအေၾကာင္းေပါ့။ Banner Saga ရဲ႕ Darkest Dungeon လိုဂိမ္းမ်ိုးေတြရဲ႕လႊမ္းမိုးမွုကိုေတာ့ ေတြ႔ရသလိုပါပဲ။ survival/management/RPG အမ်ိဳးအစားျဖစ္ပါတယ္။ Viking မိသားစုတစ္ခုအေနနဲ႕ နယ္နွင္ခံရမယ္။ နယ္ႏွင္ခံလိုက္ရတဲ့ သေဘၤာပ်က္မယ္။ ကြၽန္းတစ္ကြၽန္းေပၚေရာက္သြားမယ္။ ဒီမွာဇာတ္လမ္းစမယ္ေပါ့။ Player ရဲ႕ အဓိကတာဝန္ကေတာ့ viking မိသားစုမေသေအာင္ ဒါမွမဟုတ္ ေသြးပ်က္ၿပီး လပ္မသြားေအာင္ survival/ management လုပ္သြားရမယ္ေပါ့ေလ။ RPG လည္းျဖစ္တဲ့အတြက္ character တစ္ေကာင္ခ်င္းစီရဲ႕ skill ေတြကိုလည္းသတိထားဖို႔လိုပါလိမ့္မယ္။ တစ္ျခားကေရာက္လာမယ့္ ရန္သူေတြလည္းရွိေသးေတာ့ crafting တိုးၿပီး ပစၥည္းေတြပဲ ထုတ္ဖို့ အားစိုက္ေနရင္ တကယ္တိုက္ရမယ့္ အခ်ိန္က် ဒစ္လည္ေနနိုင္ပါတယ္။
skill/ crafting နဲ႔ combat အားလံုးက turn-base ပံုစံပဲသြားထားပါတယ္။ management မွာ အစားအစာ၊ ရာသီဥတု၊ ေနစရာေတြက အစပါလာပါတယ္။ alpha ပဲ၇ွိေသတာ္ဆိုေပမယ့္ တကယ္ ပစၥည္းအစံုအလင္နဲ႕ လာမယ္လို႔ထင္ရပါတယ္။ အရင္ Dead in Bermuda ကိုေဆာ့ဖူးတဲ့သူရွိရင္ေတာ့ ဒီဂိမ္းက developer တူတူပါပဲ။ သူတို႔ရဲ႕ game world လည္းတူတယ္ေျပာပါတယ္။ ဥပမာ – Endless Legends နဲ႕ Endless Space လိုမ်ိုး ဂိမ္းေတြလိုေပါ့။ Dead in Vinland ကိုေတာ့ ေနာက္နွစ္ 2018 အေစာပိုင္း ဆိုရင္ steam မွာရနိုင္မယ္ေျပာပါတယ္။ trailer ထြက္လာတာကိုထည့္ေပးလိုက္ပါတယ္။ စိတ္ဝင္စားစရာတစ္ခ်ို႕ေတြ႕ပါလိမ့္မယ္။
Dead in Vinland ရဲ႕ website ကိုေတာ့ ဒီက [Dead in Vinland] သြားၾကည့္နိုင္ပါတယ္။
[unicode]
Alpha gameplay ကိုထုတ်ပြလာတဲ့ Dead on Vinland ဆိုတဲ့ ဂိမ်းတစ်ခုအကြောင်းပေါ့။ Banner Saga ရဲ့ Darkest Dungeon လိုဂိမ်းမျိုးတွေရဲ့လွှမ်းမိုးမှုကိုတော့ တွေ့ရသလိုပါပဲ။ survival/management/RPG အမျိုးအစားဖြစ်ပါတယ်။ Viking မိသားစုတစ်ခုအနေနဲ့ နယ်နှင်ခံရမယ်။ နယ်နှင်ခံလိုက်ရတဲ့ သင်္ဘောပျက်မယ်။ ကျွန်းတစ်ကျွန်းပေါ်ရောက်သွားမယ်။ ဒီမှာဇာတ်လမ်းစမယ်ပေါ့။ Player ရဲ့ အဓိကတာဝန်ကတော့ viking မိသားစုမသေအောင် ဒါမှမဟုတ် သွေးပျက်ပြီး လပ်မသွားအောင် survival/ management လုပ်သွားရမယ်ပေါ့လေ။ RPG လည်းဖြစ်တဲ့အတွက် character တစ်ကောင်ချင်းစီရဲ့ skill တွေကိုလည်းသတိထားဖို့လိုပါလိမ့်မယ်။ တစ်ခြားကရောက်လာမယ့် ရန်သူတွေလည်းရှိသေးတော့ crafting တိုးပြီး ပစ္စည်းတွေပဲ ထုတ်ဖို့ အားစိုက်နေရင် တကယ်တိုက်ရမယ့် အချိန်ကျ ဒစ်လည်နေနိုင်ပါတယ်။
skill/ crafting နဲ့ combat အားလုံးက turn-base ပုံစံပဲသွားထားပါတယ်။ management မှာ အစားအစာ၊ ရာသီဥတု၊ နေစရာတွေက အစပါလာပါတယ်။ alpha ပဲ၇ှိသေတာ်ဆိုပေမယ့် တကယ် ပစ္စည်းအစုံအလင်နဲ့ လာမယ်လို့ထင်ရပါတယ်။ အရင် Dead in Bermuda ကိုဆော့ဖူးတဲ့သူရှိရင်တော့ ဒီဂိမ်းက developer တူတူပါပဲ။ သူတို့ရဲ့ game world လည်းတူတယ်ပြောပါတယ်။ ဥပမာ – Endless Legends နဲ့ Endless Space လိုမျိုး ဂိမ်းတွေလိုပေါ့။ Dead in Vinland ကိုတော့ နောက်နှစ် 2018 အစောပိုင်း ဆိုရင် steam မှာရနိုင်မယ်ပြောပါတယ်။ trailer ထွက်လာတာကိုထည့်ပေးလိုက်ပါတယ်။ စိတ်ဝင်စားစရာတစ်ချို့တွေ့ပါလိမ့်မယ်။
Dead in Vinland ရဲ့ website ကိုတော့ ဒီက [Dead in Vinland] သွားကြည့်နိုင်ပါတယ်။