[unicode]
Titan Quest ကိုသိပ်မကြာခင်ကပဲ mobile မှာပြန်ဆော့ဖြစ်ကြတဲ့ သူတွေရှိပါလိမ့်မယ်။ PC မှာဆိုရင်တော့ 12 နှစ်လောက်ရှိပြီထင်ပါတယ်။ ခုတော့ THQ Nordic ကသူ့ရဲ့ Titan Quest ကိုတစ်ဆင့်ထပ်တိုးပြီးတော့ Switch, PS4 နဲ့ Xbox One မှာပါရနိုင်တော့မှာဖြစ်ပါတယ်တဲ့ဗျာ။ 2018 မှာရနိုင်မယ့် PS4 နဲ့ Xbox One အတွက်ကတော့ Special Edition အနေနဲ့ထွက်ရှိလာမယ်ပြောပါတယ်။
USD30 ကျမယ့် ပုံမှန်အရောင်းမှာတင်ပဲ Titan Quest ရော ၊ သူ့ရဲ့ Expension ဖြစ်တဲ့ Immortal Throne ရောပါဝင်လာမှာဖြစ်ပါတယ်။ PS4 နဲ့ Xbox One အတွက်ကတော့ Premium Collector’s edition ဆိုပြီးတော့ တစ်ချို့ ပစ္စည်းတွေပါလာပါတယ်။ PC အတွက်ရောပေါ့။ ပုံမှာတော့ပြထားပေးပါတယ်။ Notebook တစ်ခု၊ တိုက်ပွဲဝင် ဂရိစစ်သည်တစ်ဦးရဲ့ ခေါင်းဆောင်းတစ်ခု (၉လက်မအမြင့်ရှိတယ်)၊ Game CD ရောပေါ့။ အာ့တွေအားလုံးကို သပ်သပ်ရပ်ရပ် ပုံးတစ်ခုနဲ့ရမှာ။ Console တွေအတွက်တော့ USD119 ကျသင့်ပြီး၊ PC အတွက်တော့ USD110 လို့တွေ့ပါတယ်။
Console တွေအတွက်လာမယ့် 2018 March မှာစတင်ရနိုင်ပါလိမ့်မယ်။ Switch အတွက်ကတော့ ဒီထက်နောက်ကျမယ်ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုက်ခဲ့တဲ့ single-player တစ်ခုပေါ့ဗျာ။ Collector items အနေနဲ့ Greek helmet ကိုသဘောကျတာတော့ အမှန်ပါပဲ။ Gamer တစ်ယောက်မှာ collector items တွေဆိုတာကတော့ မရှိမဖြစ်မဟုတ်လား။