[zawgyi]
Christmas ကာလလည္းျဖစ္ေတာ့ Steam ရဲ႕ Top 10 မွာပါလာတဲ့ ဂီမ္းေလးေတြအေၾကာင္းေရးၾကတာေပါ့။ အစကေတာ့ အကုန္လံုးေရးမလို႔ႀကိဳးစားတာပဲ၊ Top 10 ထဲကဂိမ္း အေတာ္မ်ားမ်ားက Player အမ်ားစုသိၿပီးသားဆိုေတာ့ အသိနည္းေသးမယ္ထင္တဲ့ ဂိမ္းတစ္ခုအေၾကာင္းကိုပဲ မိတ္ဆက္ေပါ့ေနာ။
ဂိမ္းတစ္ခုထုတ္လိုက္တာနဲ႕ zombie မပါရမေနနိုင္ေအာင္ျဖစ္လာတာ လြန္ခဲ့တဲ့နွစ္ေတြတည္းကပါ။ Zombie Trend ျဖစ္လာတာေပါ့ေလ။ အဲ့လိုဂိမ္းေတြထဲမွာ They are Billions ဆိုတာလည္းအပါအဝင္ေပါ့။ Steampunk theme ျဖစ္ၿပီးေတာ့ real-time strategy ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ December 12th ရက္ေန႕ကမွ early access တင္ထားတဲ့ဂိမ္းတစ္ခုက Steam chart ရဲ႕ top 10 ထဲပါလာတယ္ဆိုေတာ့ စိတ္ဝင္စားစရာပါ။
လူသားေတြ အေတာ္မ်ားမ်ားက zombie ျဖစ္သြားၾကတဲ့အခါ က်န္ရွိသူေတြက Colony အုပ္စုေတြတည္ေထာင္ၿပီးေတာ့ ေနၾကပါတယ္။ အေဆာက္အဦးေတြေဆာက္မယ္၊ အေျခခံပစၥည္းေတြစုေဆာင္းမယ္၊ လူသူလက္နက္စုမယ္၊ ကိုယ့္ရဲ႕ တပ္သားေတြထဲမွာ mech လို႕ေခၚတဲ့ လူေမာင္းလို႔ရတဲ့ စက္ရုပ္ႀကီးေတြပါလာေသးတယ္။ ၿပီးေတာ့ colony ကိုရန္ျပဳလာမယ့္ zombie ေတြကို တိုက္ၾကခိုက္ၾကမယ္ေပါ့။ developer ကေျပာထားတာေတာ့ တစ္ႀကိမ္တည္းမွာ zombie အေကာင္ေရ 20,000 ေလာက္အထိ ထုတ္ေပးနိုင္ၿပီးတိုက္ခိုက္ရလိမ့္မယ္ေျပာပါတယ္။ တကယ္သာဆိုရင္ေတာ့ ကိုယ့္ strategy game ထဲကို ေရာက္လာမယ့္အေကာင္အေရအတြက္က မနည္းပါဘူး။ ေပ်ာ္ဖို႕ေကာင္းမွာေတာ့ အေသခ်ာပါပဲ။ overwhelming မျဖစ္ခင္အခ်ိန္အထိေပါ့ေလ။
အကုန္လံုးကို steampunk theme နဲ႔ဖန္တီးထားတဲ့အတြက္ အသြင္တစ္မ်ိုးဆန္းေနမွာပါ။ ေလာေလာဆယ္ေတာ့ survival mode တစ္မ်ိုးပဲရပါေသးတယ္။ story-mode ကေတာ့မၾကာခင္လာပါမယ္တဲ့။ သတိထားရမွာက early access ပဲရွိေနေသးၿပီးေတာ့ လိုအပ္သေလာက္အခ်ိန္ယူမယ္လည္းေျပာထားပါတယ္။ discount ရာသီလည္းျဖစ္ေတာ့ 10% discount ခ်ထားလို႔ USD 23 နဲ႔ steam မွာဝယ္လို႔ရပါတယ္။
[unicode]
Christmas ကာလလည်းဖြစ်တော့ Steam ရဲ့ Top 10 မှာပါလာတဲ့ ဂီမ်းလေးတွေအကြောင်းရေးကြတာပေါ့။ အစကတော့ အကုန်လုံးရေးမလို့ကြိုးစားတာပဲ၊ Top 10 ထဲကဂိမ်း အတော်များများက Player အများစုသိပြီးသားဆိုတော့ အသိနည်းသေးမယ်ထင်တဲ့ ဂိမ်းတစ်ခုအကြောင်းကိုပဲ မိတ်ဆက်ပေါ့နော။
ဂိမ်းတစ်ခုထုတ်လိုက်တာနဲ့ zombie မပါရမနေနိုင်အောင်ဖြစ်လာတာ လွန်ခဲ့တဲ့နှစ်တွေတည်းကပါ။ Zombie Trend ဖြစ်လာတာပေါ့လေ။ အဲ့လိုဂိမ်းတွေထဲမှာ They are Billions ဆိုတာလည်းအပါအဝင်ပေါ့။ Steampunk theme ဖြစ်ပြီးတော့ real-time strategy ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ December 12th ရက်နေ့ကမှ early access တင်ထားတဲ့ဂိမ်းတစ်ခုက Steam chart ရဲ့ top 10 ထဲပါလာတယ်ဆိုတော့ စိတ်ဝင်စားစရာပါ။
လူသားတွေ အတော်များများက zombie ဖြစ်သွားကြတဲ့အခါ ကျန်ရှိသူတွေက Colony အုပ်စုတွေတည်ထောင်ပြီးတော့ နေကြပါတယ်။ အဆောက်အဦးတွေဆောက်မယ်၊ အခြေခံပစ္စည်းတွေစုဆောင်းမယ်၊ လူသူလက်နက်စုမယ်၊ ကိုယ့်ရဲ့ တပ်သားတွေထဲမှာ mech လို့ခေါ်တဲ့ လူမောင်းလို့ရတဲ့ စက်ရုပ်ကြီးတွေပါလာသေးတယ်။ ပြီးတော့ colony ကိုရန်ပြုလာမယ့် zombie တွေကို တိုက်ကြခိုက်ကြမယ်ပေါ့။ developer ကပြောထားတာတော့ တစ်ကြိမ်တည်းမှာ zombie အကောင်ရေ 20,000 လောက်အထိ ထုတ်ပေးနိုင်ပြီးတိုက်ခိုက်ရလိမ့်မယ်ပြောပါတယ်။ တကယ်သာဆိုရင်တော့ ကိုယ့် strategy game ထဲကို ရောက်လာမယ့်အကောင်အရေအတွက်က မနည်းပါဘူး။ ပျော်ဖို့ကောင်းမှာတော့ အသေချာပါပဲ။ overwhelming မဖြစ်ခင်အချိန်အထိပေါ့လေ။
အကုန်လုံးကို steampunk theme နဲ့ဖန်တီးထားတဲ့အတွက် အသွင်တစ်မျိုးဆန်းနေမှာပါ။ လောလောဆယ်တော့ survival mode တစ်မျိုးပဲရပါသေးတယ်။ story-mode ကတော့မကြာခင်လာပါမယ်တဲ့။ သတိထားရမှာက early access ပဲရှိနေသေးပြီးတော့ လိုအပ်သလောက်အချိန်ယူမယ်လည်းပြောထားပါတယ်။ discount ရာသီလည်းဖြစ်တော့ 10% discount ချထားလို့ USD 23 နဲ့ steam မှာဝယ်လို့ရပါတယ်။