[zawgyi]
[unicode]
Zombie တွေနဲ့ ခုတ်ကြထစ်ကြ ပြေးကြလွှားရဦးမှာပေါ့၊ Walking Dead game အသစ်တစ်ခုဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ teaser အဆိုရင်တော့ အမိုက်စား တစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ teaser မှာတော့ ဂိမ်းထဲက အဓိက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Aiden ကိုပြထားပြီး၊ လာတော့မယ့် zombie ကပ်ပျက် အစဦးအခြေအနေကို ပြထားတယ်ထင်ပါတယ်။ နောက်ခံ ပုံရိပ်တွေအရဆိုရင်တော့ USA ရဲ့ Washington D.C ကိုမှီထားတာတွေ့ရပါတယ်။
ထင်တာကတော့ ဒီကနေမှ တစ်ဆင့်ခြင်း အခြေအနေတွေပိုဆိုးလာမယ်ထင်တယ်။
developer တွေကော့ Overkill နဲ့ Starbreeze studio တို့ဖြစ်ပါတယ်။ Overkill ကိုတော့ Payday ဆိုတဲ့ ဂိမ်းရဲ့ developer အဖြစ်သိကြပါလိမ့်မယ်။
ဂိမ်းကိုတော့ Overkill’s The Walking Dead လို့နာမည်ပေးထားပါတယ်။ အသေးစိတ်တွေကတော့ ဘာမှသိပ်မသိရသေးဘူးပေါ့။ ကောင်းတာက co-op ပါလာမယ်ဆိုတော့ တစ်ယောက်တည်း မဟုတ်ပဲ ပျော်ဖို့ကောင်းပါလိမ့်မယ်။ လူညီရင်ပေါ့လေ။ ဇာတ်လမ်းသွားကတော့ The Walking Dead ကိုပဲယူပြီး character အသစ်တွေနဲ့ တစ်ခြား ဇာတ်လမ်းတစ်ခုကို ဖန်တီးသွားမယ်ပြောပါတယ်။ သူ့ရဲ့ team introduction ကိုလည်းထည့်ပေးလိုက်ပါတယ်။ game developer တွေ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတာရဲ့ တစ်စိတ်တဒေသပေါ့။ သိပ်တော့ အလောမကြီးပါနဲ့ 2018 မှပဲထွက်လာမယ့် ဂိမ်းတစ်ခုပါ။
ဒီလိုဆိုတော့လည်း Left for Dead နောက်ထပ်တစ်ခုထွက်လာ မလားမျော်မိသလိုလို။ Walking Dead series တွေထက်စာရင်တော့ ပေါ့ပေါ့ပါးပါး ပိြုဖစ်မလားလို့ပါ။