Save The Single Player Games ဆိုတဲ့ Bethesda ရဲ့ Campaign အသစ်

[zawgyi] Game Awards မှာပြသွားတဲ့ Vdo အများကြီးပါ။ Game trailer တွေ၊ preview တွေမဟုတ်တဲ့ထဲမှာ ကျွန်တော်စိတ်ဝင်စားတဲ့၊ အားပေးတဲ့ vdo တစ်ခုကိုရှယ်ပေးလိုက်ပါတယ်။ Fallout series တွေထဲမှာ အသံသရုပ်ဆောင်ခဲ့ပြီးတော့ ရုပ်ရှင်မင်းသမီး တစ်ဦးလည်းဖြစ်တဲ့ Lynda Carter ကပါဝင်ကူညီပေးထားတဲ့ vdo အတိုလေးပဲဖြစ်ပါတယ်။ Save the Single player gamers တဲ့။ Gamer တွေကို single player game တွေမေ့မပစ်ဖို့ ပြောလိုက်တာပေါ့။ လက်ရှိမှာ…

Android & iOS ဂိမ်းအသစ်များ, weekly

[zawgyi] အလုပ်လည်းများ၊ ခရီးလည်းသွားနေတာနဲ့ပဲ ၂ပတ်စာလောက်တော့လွတ်သွားတယ်ထင်ပါ့။ ဒီတစ်ပတ်မှာတော့ ဘာဂိမ်းတွေများ အသစ်ထွက်သွားလဲ ပြန်ကြည့်ရအောင်။ 1 Reigns : Her Majesty game title ကိုကြည့်လိုက်တာနဲ့ ဘုရင်မကြီးနေရာက ဝင်ကစားရလိမ့်မယ်ဆိုတာတော့ အများစုသဘောပေါက်ပါလိမ့်မယ်။ ပထမ Reign တုန်းကလိုပဲ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်သွားရပါလိမ့်မယ်။ socialpolitical ကိစ္စတွေပါလာတော့ သေချာဆုံးဖြတ်တာလေးတွေက ဂိမ်းကို ဇာတ်လမ်းကောင်းကောင်းနဲ့ အဆုံးသတ်စေပါလိမ့်မယ်။ ဒါပေမယ့် feature အသစ်တွေတိုးထားပေးတာရှိတယ်ဆိုတော့ ဘာတွေလဲတော့ မသိသေးပါဘူး။ ဇာတ်လမ်းသွားတစ်ခုအနေနဲ့ကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မူတည်ပြီးတော့ ကွဲပြားသွားပါလိမ့်မယ်။ [Appstore]…

Titanfall က EA အပိုင်ဖြစ်သွားကြောင်း

Titanfall ဂိမ်းထုတ်လုပ်တဲ့ Respawn ကိုဝယ်ယူခဲ့တယ်လို့ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက Electronic Arts ကထုတ်ပြန်ကြေညာခဲ့ပါတယ်။၂၀၁၇နှစ်ကုန်ပိုင်းလောက်မှာပြီးမယ်လို့ကြေညာထားခဲ့တာဖြစ်ပေမယ့် လက်တွေ့မှာတော့သတ်မှတ်ချိန်ထက်စောပြီးသွားခဲ့ပါတယ်။ လုပ်ငန်းဝယ်ယူမှုပြီးစီးတာဟာ ဒီဇင်ဘာ ၁ရက်နေ့လောက်ကတည်းကဖြစ်ပြီး stock exchange commission ကိုတော့ ဒီဇင်ဘာ ၄ ရက်နေ့ရက်စွဲ နဲ့စာတင်ထားခဲ့တာဖြစ်ပါတယ်။ သဘောတူထားတဲ့အချက်တွေကတော့နိုဝင်ဘာတုန်းကအတိုင်းပဲဖြစ်ပါတယ်။ ငွေသား USD 151M (151 သန်း)၊ ဝန်ထမ်းတွေအတွက် စတော့တွေပေးမှာဖြစ်ပြီး အဲ့ဒီပေးအပ်မယ့်ရှယ်ယာတွေရဲ့တန်ဖိုးကတော့အမေရိကန် USD 164M (164 သန်း) ဖိုး ရှိပါတယ်။ အဲ့ဒါတွေကို၎နှစ်အတွင်းပေးချေသွားမှာဖြစ်ပါတယ်။ ၂၀၂၂ လောက်အထိ နောက်ထွက်လာမယ့်ဂိမ်းတွေကို Respawn…

The Game Awards 2017

[zawgyi] ဒီနှစ်အတွက် Game Awards ပွဲမလာခင် ရက်ပိုင်းအလိုမှာ ဆုပေးပွဲမှာ celebrity talent တွေနဲ့တခြား အကြောင်းအရာတွေ ထွက်ပေါ်လာပါတယ်။ ဆုပေးပွဲမှာအစီအစဉ် တင်ဆက်သူတွေအဖြစ် Metal Gear နဲ့ Death Stranding ဖန်တီးသူ Hideo Kojima ကပါဝင် ဆောင်ရွက်မှာဖြစ်တယ်လို့Game Awards ရဲ့တွစ်တာကနေထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ Hideo Kojima ရဲ့သူငယ်ချင်းလည်းဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ Guillermo del Toro လည်း presenter တစ်ဦးအဖြစ် ပူးတွဲပါဝင်မှာဖြစ်တယ်လို့ဆိုပါတယ်။ Kojima နဲ့…

GTA VI ရဲ့ တစ်စွန်းတစ်စ

[zawgyi] GTA အကြောင်းလေးပြန်သွားရအောင် ၊ GTA 6 ဘယ်မှာလဲပေါ့။ သတင်းလေးသဲ့သဲ့ ကြားရင် နားစွင့်နေရုံကလွဲပြီးဘာမှမတတ်နိုင်ဘူးလေ။ တစ်ယောက်တစ်ပေါက်ပြောနေတာတွေကတော့ အများကြီးပဲပေါ့။ အဲ့ထဲကမှ နည်းနည်းဖြစ်နိုင်ချေများတာလေးတွေရယ် နီးနီးစပ်စပ်ဖြစ်နိုင်မယ်ထင်တဲ့ ကိစ္စလေးတွေပြောကြတာပေါ့။ ဒါပေမယ့် ဘာတွေမှနီးစပ်နေတာတော့ မဟုတ်ပါဘူး။ တစ်ခုမှလည်း မသေချာပါဘူး။ RED Dead Redemption ကလည်းနောက် နှစ်ထဲမှ ထွက်လာတော့မှာဆိုတော့၊ သေချာတာကတော့ နောက်ထပ် ၂ နှစ်လောက် ၃ နှစ်လောက်ကတော့ GTA 6 ဆိုတာ ရနိုင်ဦးမယ်မထင်ပါဘူး။ GTA V မှာတုန်းက…

UFC PPV ကို live လွှင့်ခဲ့တဲ့ Gamer

[zawgyi] Twitch ပေါ်က A.J. Lester ရဲ့ လူမသိသူမသိ channel တစ်ခုဖြစ်တဲ့ Lester_Gaming ဟာ UFC video game ကစားဟန်ဆောင်ပြီး စနေညတုန်းက UFC 218 ကိုတိုက်ရိုက်လွှင့်သွားခဲ့တာ သိပြီးကြလောက်ပြီထင်ပါတယ်။ Twitch မှာ PPV program တွေကို live stream လုပ်တဲ့ကိစ္စတားမြစ်ထားတာ သေချာတဲ့ အကြောင်းတော့ ရှိပါတယ်။ program rights holder မူပိုင်ရှင်တွေနဲ့ သူတို့ စိတ်မရှုပ်ချင်ဘူးပေါ့။ အခုတော့ ဒီလိုမဟုတ်ပဲ EA…

2018 မှာထွက်ရှိလာမယ့် Attack on Titan 2 (game)

[zawgyi] Attack on Titan ဆိုတဲ့ manga ဇာတ်လမ်းတွဲတွေကို မှီငြမ်းထားတဲ့ Attack on Titan ဆိုတဲ့ ဂိမ်းကိုဆော့ဖူးသူတွေရှိပါလိမ့်မယ်။ လာမယ့် 2018 March 20th မှာဆိုရင်တော့ Attack on Titan 2 ကို PS4, XBox One, Switch နဲ့ PC အတွက်ထွက်ရှိလာမယ်ပြောပါတယ်။ ဂိမ်းမှာတော့ 2016 တုန်းကထွက်ထားတဲ့ Attack on Titan ကိုပဲ ဇာတ်လမ်းဆက်ထားမယ်ပြောပါတယ်။ ဒီတစ်ခါမှာတော့ ဇာတ်လမ်းထဲက…

သေရွာပြန် Day Z

[zawgyi] Bohemia Interactive ရဲ့ DayZ ကိုဒီအချိန်မှာ မှတ်မိကြပါ့မလား။ စိတ်ထဲမှာတော့ ပေါ်လိုက်ပျောက်လိုက် ဂိမ်းတစ်ခုလိုပဲ။ PUBG လိုတစ်ခြား battle royale တွေကြားမှာ ဆိုတော့ ဒီ ဂိမ်းကိုနောက်နှစ်ထဲမှပဲ စောစောစီးစီးထိတွေ့ခွင့်ရကြတော့မှာဖြစ်ပါတယ်။ ဂိမ်း ရေးသူ developer ကတော့အခုသီတင်းပတ်ထဲမှာ update ပေးတော့မှာဖြစ်ကြောင်းပြောဆိုထားတာဖြစ်ပြီး beta ဗားရှင်း လည်းထွက်လာမှာဖြစ်တယ်လို့ဆိုပါတယ်။၂၀၁၈ခုနှစ်ထဲမှာတော့ console version ထွက်လာ မယ်လို့မျော်လင့်ရပါတယ်။ beta နဲ့ console versions တွေထွက်လာမယ်ဆိုတာ DayZ ဂိမ်းကစားသူတွေ အရင်ကတည်းကကြားထား…